Posts

Showing posts with the label #AsiaRice

ဟောင်ကောင်သို့ ထိုင်းဆန် ပိုမိုတင်ပို့မည်

Image
ဟောင်ကောင်သည် ယမန်နှစ်က ထိုင်းဆန် တန် ၁ သိန်းခွဲ တင်သွင်းခဲ့ပြီး ယခုနှစ်တွင် တန် ၁၈၀,၀၀၀ တင်သွင်းမည်။ အများစုမှာ  ထိုင်းစံပယ်ဆန် ဖြစ်သည်။ ဟောင်ကောင်သည် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ပြီးလျှင် ထိုင်းစံပယ်ဆန်ကို တတိယအများဆုံး တင်ပို့သည့် ဈေးကွက်ဖြစ်သည်။ ထိုင်းနိုင်ငံသည် ဟောင်ကောင်နှင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု အထူးသဖြင့် riceberry (အမည်းရောင်ဆန်)နှင့် ဆန်လုံးညိုတို့ကို ယခုနှစ်တွင် တိုးမြှင့်ရန် မျှော်လင့်ထားသည်။ ထိုင်းနိုင်ငံသည် ဟောင်ကောင် တဖက်ကမ်း တရုတ်နိုင်ငံ ရှန်ကျန်းမြို့တွင် ဖြန့်ဖြူးရေးစင်တာတခု ထားရှိလိုသည်။ ပြီးခဲ့သည့်နှစ်က ဟောင်ကောင်သည် ဆန်တန်ချိန် ၃၅၇,၂၀၀ တင်သွင်းခဲ့ပြီး ထိုင်းမှ တန်ချိန် ၁၄၈,၅၀၀ (၅၇.၇%)၊ ဗီယက်နမ်မှ တန်ချိန် ၆၀,၁၀၀ (၂၃.၅%) နှင့် တရုတ်နိုင်ငံမှ တန်ချိန် ၂၁,၂၀၀ (၈.၂%) တင်သွင်းခဲ့သည်။ ဟောင်ကောင် ဆန်ကုန်သည်များ အသင်းအား ၁၉၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် အသင်းဝင်စုစုပေါင်း ၅၀ ဖြင့် ဟောင်ကောင်ဆန်တင်သွင်းဖြန့်ဖြူးမှုကို စီမံခန့်ခွဲလျက်ရှိသည်။ ဆန်သည် ဟောင်ကောင်တွင် အဓိက အစားအစာဖြစ်ပြီး အစိုးရမှ သင့်လျော်သောစျေးနှုန်းနှင့် စားသုံးရန် လုံလောက်သော ထေ...