Posts

Showing posts with the label #GoldIndustryGuide

ဗီယက်နမ် အစိုးရဘဏ်များ ရွှေချောင်းများ အကန့်အသတ်မရှိ လက်လီရောင်းချ

  ဗီယက်နမ်တွင် ရွှေဈေးမြင့်တက်နေခြင်းကို ထိန်းရန် နိုင်ငံပိုင်ဘဏ် ၄ ခု Agribank, BIDV, VietinBank, Vietcombank တို့သည် တနင်္လာနေ့ (ဇွန် ၃)မွန်းလွဲပိုင်းတွင် ဈေးကွက်ပေါက်နှုန်းထက် ၁.၂ ရာခိုင်နှုန်းနိမ့်သော ဈေးနှုန်းများဖြင့် လက်လီဝယ်ယူသူများထံ ရွှေချောင်းများကို စတင်ရောင်းချခဲ့သည်။ ယခင်တင်ပြချက် https://t.me/Guid4U/19080 ၎င်းဘဏ်များသည် ဗဟိုဘဏ် State Bank of Vietnam (SBV) ထံမှ ရွှေချောင်းကို ၁ တေးလ်လျှင် ဒေါင် ၇၈.၉၈ သန်း (US$3,106.39) ဖြင့် ဝယ်ယူပြီး ဒေါင် သန်း၈၀ အောက် ဈေးနှုန်းဖြင့် လက်လီရောင်းချပေးသည်။ ပြင်ပပေါက်ဈေးမှာ ဒေါင် ၈၁ သန်း ဖြစ်ပါသည်။ ၎င်းဘဏ်များကို ဒေါင် ၁ သန်းထက် ကျော်လွန်ပြီး ဈေးတင်မရောင်းရဟု ညွှန်ကြားထားသည်။ လက်လီဝယ်ယူသူ တဦးချင်းကို အကန့်အသတ်မရှိ ရောင်းချခွင့် ရှိသော်လည်း အဖွဲ့အစည်းများ၊ လုပ်ငန်းများကို ရောင်းချခွင့် မပြုပါ။ ဗီယက်နမ်ရွှေဈေးသည် ပြီးခဲ့သည့်အပတ်က ကမ္ဘာ့ရွှေဈေးထက် ၂၃% ပိုများနေခဲ့ရာမှ ယခုအခါ ၁၃% သာ ပိုများ‌တော့သည်အထိ လျော့ကျလာသည်။ ဗီယက်နမ်တွင် စံထားသည့် ရွှေချောင်း ဖြစ်သော SJC ရွှေချောင်းဈေးသည် မေလ ၁၀ ရက်တွင် ဒေါင် ၉၂ သန်း (US$3,619.91)အထိ မြင့်တက်ခဲ့ပြီး ...

ပြည်တွင်းရွှေဈေးကျဖို့ ဗီယက်နမ် ဗဟိုဘဏ် ထပ်မံကြိုးပမ်း

  ဗီယက်နမ် ဗဟိုဘဏ် State Bank of Vietnam (SBV) သည် ပြည်တွင်းရွှေဈေး မြင့်တက်နေသည်ကို ထိန်းရန် ရွှေချောင်းများ လေလံတင် ရောင်းချပေးခဲ့သော်လည်း အကြောင်းမထူးသဖြင့် ယခုအခါ ရွှေချောင်းများကို နိုင်ငံပိုင် ဘဏ် ၄ ခု ဖြစ်သည့် Agribank, Vietcombank, BIDV နှင့် VietinBank တို့မှ တဆင့် ရွှေလက်လီ ရောင်းချသူများထံ ရောင်းချမည် ဖြစ်ရာ၌ ဇွန်လ (၃)ရက်နေ့တွင် ဗဟိုဘဏ်မှ သတ်မှတ်သည့် ဈေးနှုန်းများဖြင့် စတင်ရောင်းချမည်ဖြစ်သည်။ ပြည်တွင်းရွှေဈေး ကျဆင်းစေဖို့အတွက် ဗဟိုဘဏ်၏ ထပ်မံ ကြိုးပမ်းချက်ဖြစ်ပါသည်။ ယခင်တင်ပြချက် https://t.me/Guid4U/19035 ဗဟိုဘဏ်သည် လေလံတင်ပြီး ရွှေချောင်းများ ၁.၈ တန် ရောင်းချပေးခဲ့ပြီးပြီ ဖြစ်သော်လည်း Vietnam Saigon Jewelry Company ၏ SJC ရွှေချောင်းဈေးသည် ကမ္ဘာ့ရွှေဈေးထက် ၂၀% ပိုမြင့်နေဆဲ ဖြစ်သဖြင့် လေလံဖြင့် ရွှေရောင်းချခြင်းကို ရပ်လိုက်ခြင်း ဖြစ်ပါသည်။ SJC ရွှေချောင်းအကြောင်း တင်ပြချက် https://t.me/Guid4U/19038 #GoldIndustryGuide #BankingIndustryGuide 

ဗီယက်နမ် ဗဟိုဘဏ် ရွှေလေလံ ရပ်

  ဗီယက်နမ်နိုင်ငံ ဗဟိုဘဏ် State Bank of Vietnam သည် ပြည်တွင်း ရွှေဈေးနှုန်းများ ကမ္ဘာ့ရွှေဈေးနှုန်းထက် ၂၃% ဝန်းကျင် မြင့်တက်နေသည်ကို ထိန်းကျောင်းရန် ရွှေ‌ချောင်းများ ထုတ်ရောင်းပေးနေခြင်းကို အစောဆုံးအနေဖြင့် ဇွန်လ ၃ ရက်မှစ၍ ရပ်တော့မည်ဖြစ်ကြောင်း VnExpress International မီဒီယာက သတင်းဖော်ပြသည်။ ရွှေဈေးနှုန်း မြင့်တက်နေသည်ကို ထိန်းကျောင်းရန် မဟာဗျူဟာ အသစ်တမျိုး ကျင့်သုံးမည် ဖြစ်သည်။ ဗဟိုဘဏ် SVB က သတ်မှတ်ထားသော လုပ်ငန်းများကို ဖိတ်ခေါ်ပြီး လေလံတင်ခဲ့သည်။ ဧပြီလ ၁၉ ရက်မှစပြီး SBV သည် ရွှေချောင်းများကို ဈေးကွက်သို့ ရောင်းချရန် လေလံကိုးကြိမ် ပြုလုပ်ခဲ့ရာ ၆ ကြိမ် အောင်မြင်ခဲ့သည်။ ကျန် ၃ ကြိမ်တွင် လေလံဆွဲသူ ဦးရေ မပြည့်သဖြင့် လေလံပွဲ ရုပ်သိမ်းခဲ့ရသည်။ ယခင်တင်ပြချက်  https://t.me/Guid4U/17774 SJC အမှတ်တံဆိပ် ရွှေချောင်းများ စုစုပေါင်း ၄၈,၀၀၀ တေးလ် ရောင်းချခဲ့သည်။  (၁ တေးလ် = ၁.၃၃၃၃၃ အောင်စ) ထိုသို့ ရောင်းချပေးခဲ့သော်လည်း ရွှေဈေးနှုန်းကို ထိန်းပေးနိုင်ခြင်း မရှိခဲ့ပါ။ TPBank နှင့် Eximbank ကဲ့သို့သော ကူးသန်းရောင်းဝယ်ရေးဘဏ်များနှင့် SJC၊ Doji၊ Phu Nhuan နှင့် Bao Tin Minh Chau ကဲ့သို့သေ...

ကမ္ဘာရွှေဈေး မြန်မာရွှေဈေး အပြိုင်ဈေးတက်

 အမေရိကန်ပြည်ထောင်စု၏ ငွေကြေးဖောင်းပွမှု နှေးကွေးသည့် လမ်းကြောင်းပေါ် ရောက်ရှိနေသဖြင့် အမေရိကန် ဗဟိုဘဏ်အဖွံ့အစည်း Federal Reserve (Fed)သည် ယခုနှစ်အတွင်း ငွေကြေးမူဝါဒကို ဖြေလျှော့ပေးမည်ဖြစ်သဖြင့် စံချိန်တင်မြင့်မားနေသော အတိုးနှုန်းကို နှစ်ကြိမ် ပြန်လျှော့ချလိမ့်မည်ဟု တွက်ဆကြခြင်း၊ အရှေ့အလယ်ပိုင်း‌ဒေသတွင် ပထဝီဝင်နိုင်ငံရေး တင်းမာမှုများ တိုးလာခြင်းတို့ကြောင့် တနင်္လာနေ့(မေ ၂၀}တွင် ရွှေဈေးသည် အမြင့်ဆုံးသို့ မြင့်တက်ခဲ့သည်။ . တနင်္လာနေ့ (မေ ၂၀)တွင် အာရှ လက်ငင်းရွှေစျေးသည် ၁.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၁ အောင်စ $2,450.07 အထိ မြင့်တက်ခဲ့ပြီးနောက် $2,440 သို့ ပြန်လေိာ့ကျသည်။ အမေရိကန် ကြိုပွိုင့်ရွှေဈေးသည် $2,453.20 သို့ ရောက်ရှိခဲ့သည်။ ပြည်တွင်းရွှေဈေးသည် တကျပ်သားလျှင် မေ ၁၇ အပိတ်ဈေးတွင် သိန်း ၅၀ သို့ ရောက်ရှိလာခဲ့ပြီးနောက် ဆက်လက်မြင့်တက်လာခဲ့ရာ ၅၁ သိန်းကျော်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ #GoldIndustryGuide 

ဗီယက်နမ် အထည်ချုပ်ကဏ္ဍ ပို့ကုန် ရည်မှန်းချက် ပြည့်မီနိုင်

 ဗီယက်နမ် အထည်ချုပ်လုပ်ငန်းကဏ္ဍသည် ယခုနှစ်တွင် ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံ ရရှိရန် ရည်မှန်းချက် ပြည့်မီနိုင်သည်ဟု ဗီယက်နမ်နိုင်ငံ အထည်အလိပ်နှင့် အ၀တ်အထည်များ အသင်း Vietnam Textile and Apparel Association (Vitas) မှ လက်ထောက်အထွေထွေအတွင်းရေးမှူး Nguyen Thi Tuyet Mai မှ ပြောကြားသည်။ တတိယသုံးလပတ်ကုန်အထိ ပို့ကုန်အမှာစာများ ရရှိထားပြီးဖြစ်သည့်အပြင် ပြီးခဲ့သည့် ပထမသုံးလပတ်တွင်လည်း အခြေအနေ ကောင်းမွန်ခဲ့ပြီး ကန်ဒေါ်လာ ၉.၃ ဘီလီယံဖိုး တင်ပို့ခဲ့သည်။    Mai ၏ အဆိုအရ အမေရိကန်နှင့် ဥရောပကဲ့သို့သော ဗီယက်နမ်မှ အဝတ်အထည်အလိပ်နှင့် အထည်အလိပ်များ အဓိက တင်ပို့သည့် ဈေးကွက်များတွင် ငွေကြေးဖောင်းပွမှုကို ထိန်းထားသဖြင့် စားသုံးသူတို့ ဝယ်ယူနိုင်စွမ်း အရှိန်မြင့်တက်လာသည်။ ထို့အပြင် အဓိက ကုန်အမှတ်တံဆိပ်များ၏ သိုလှောင်မှု လက်ကျန် လျော့နည်းလာသဖြင့် ဗီယက်နမ် ပို့ကုန်လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းများ ပွင့်လာသည်။ ကြီးကြီးမားမား စီးပွားရေး အတက်အကျများနှင့် ပထဝီနိုင်ငံရေး ပဋိပက္ခများ မရှိပါက အထည်ချုပ်လုပ်ငန်းကဏ္ဍသည် ပုံမှန်အနေအထားသို့ အပြည့်အ၀ ပြန်လည်ရောက်ရှိမည်ဟု ၎င်းက ပြောကြားသည်။  အမှာစ...

တရုတ်ပြည်တွင် ရွှေအတု ပြဿနာ ကြီးထွားလာ

Image
 အိန္ဒိယသည် ပြည်တွင်း ရွှေနှင့် ရွှေထည် ဝယ်ယူသည့် ပမာဏ ကမ္ဘာ့အများဆုံး ဖြစ်ခဲ့ရာမှ တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် အိန္ဒိယကို ကျော်တက်ခဲ့သည်။ ယမန်နှစ်က တရုတ်ပြည်တွင်း ရွှေနှင့် ရွှေထည် ဝယ်ယူသည့် ပမာဏသည် ၆၀၃ တန် ရှိခဲ့သည်။ တရုတ်ပြည်တွင် ကိုးသုံးလုံးရွှေဟု အမည်တွင်သောရွှေသည် ရွှေ ၉၉.၉% ပါဝင်သဖြင့်  ကိုးသုံးလုံးရွှေဟု ပြောဆိုကြသည့် ၂၄ ကာရက် ရွှေ ဖြစ်သည်။ တရုတ်နိုင်ငံတွင် အွန်လိုင်းပေါ်မှာ ကိုးသုံးလုံးရွှေဟု ကြော်ငြာပြီး ရောင်းချသည့် ရွှေကို  အွန်လိုင်းမှာ ဝယ်ယူကြရာ၌ လူထောင်ပေါင်းများစွာတို့သည် အရည်အသွေး မပြည့်မီသောရွှေများ၊ ရွှေအတုများကို ဝယ်မိကြပြီး လိမ်လည်လှည့်ဖြားခံခဲ့ရသည်။ "တရုတ်မှာ စုဆောင်းငွေကို ရွှေဝယ်စုကြတာ ပိုများလာတာကြောင့် ရွှေအတုက အဓိကပြဿနာဖြစ်လာပါတယ်”ဟု China Market Research Group မှ  ဦးဆောင်ညွှန်ကြားရေးမှူးချုပ် Shaun Rein က ပြောသည်။ ရွှေဝယ်ယူတစ်ဦးအနေဖြင့် လိမ်လည်လှည့်ဖြားခံရခြင်းမှ မိမိကိုယ်ကို ကာကွယ်ရန် အဓိကလုပ်ဆောင်နိုင်သည့်အရာမှာ အွန်လိုင်းတွင်ဖြစ်စေ၊ စတိုးဆိုင်တွင်ဖြစ်စေ နာမည်ရ ရွှေလုပ်ငန်းများမှ ဝယ်ယူခြင်းဖြစ်သည်ဟု Rein က အကြံပြုသည်။ တရုတ်ပြည်တွင် ရ...