ဗီယက်နမ် အထည်ချုပ်ကဏ္ဍ ပို့ကုန် ရည်မှန်းချက် ပြည့်မီနိုင်
ဗီယက်နမ် အထည်ချုပ်လုပ်ငန်းကဏ္ဍသည် ယခုနှစ်တွင် ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံ ရရှိရန် ရည်မှန်းချက် ပြည့်မီနိုင်သည်ဟု ဗီယက်နမ်နိုင်ငံ အထည်အလိပ်နှင့် အ၀တ်အထည်များ အသင်း Vietnam Textile and Apparel Association (Vitas) မှ လက်ထောက်အထွေထွေအတွင်းရေးမှူး Nguyen Thi Tuyet Mai မှ ပြောကြားသည်။
တတိယသုံးလပတ်ကုန်အထိ ပို့ကုန်အမှာစာများ ရရှိထားပြီးဖြစ်သည့်အပြင် ပြီးခဲ့သည့် ပထမသုံးလပတ်တွင်လည်း အခြေအနေ ကောင်းမွန်ခဲ့ပြီး ကန်ဒေါ်လာ ၉.၃ ဘီလီယံဖိုး တင်ပို့ခဲ့သည်။
Mai ၏ အဆိုအရ အမေရိကန်နှင့် ဥရောပကဲ့သို့သော ဗီယက်နမ်မှ အဝတ်အထည်အလိပ်နှင့် အထည်အလိပ်များ အဓိက တင်ပို့သည့် ဈေးကွက်များတွင် ငွေကြေးဖောင်းပွမှုကို ထိန်းထားသဖြင့် စားသုံးသူတို့ ဝယ်ယူနိုင်စွမ်း အရှိန်မြင့်တက်လာသည်။ ထို့အပြင် အဓိက ကုန်အမှတ်တံဆိပ်များ၏ သိုလှောင်မှု လက်ကျန် လျော့နည်းလာသဖြင့် ဗီယက်နမ် ပို့ကုန်လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းများ ပွင့်လာသည်။
ကြီးကြီးမားမား စီးပွားရေး အတက်အကျများနှင့် ပထဝီနိုင်ငံရေး ပဋိပက္ခများ မရှိပါက အထည်ချုပ်လုပ်ငန်းကဏ္ဍသည် ပုံမှန်အနေအထားသို့ အပြည့်အ၀ ပြန်လည်ရောက်ရှိမည်ဟု ၎င်းက ပြောကြားသည်။
အမှာစာများ တဖွဲဖွဲ ရနေသော်လည်း ကုန်အမှတ်တံဆိပ်များသည် အမှာစာ မှာဖို့ ဆုံးဖြတ်ရန် ချီတုံချတုံ ဖြစ်နေဆဲ ဖြစ်သည်။ ကမ္ဘာ့ဈေးကွက်အတွင်း နိုင်ငံရေးအတက်အကျများ၏ သက်ရောက်မှုအပြင် အဓိက နိုင်ငံ့စီးပွားရေးအချို့ ပြန်လည်ဦးမော့လာမှုကို စောင့်ကြည့်နေဆဲဖြစ်သည်။ သို့ဖြစ်ရာ အကျဘက် ရောက်နေခဲ့သော ဗီယက်နမ်အထည်ချုပ်လုပ်ငန်းကဏ္ဍသည် ထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်းများ အပြည့်အဝ ပြန်လည်ကောင်းမွန်မလာသေးချေ။
Source vietnamnet
#GarmentIndustryGuide
Comments
Post a Comment