Posts

Showing posts with the label #ConstructionIndustryGuide

ကိုရီးယားမှာ နိုင်ငံခြားသားပိုင်အိမ်ရာများတွင် တရုတ်ပိုင် အိမ်ရာ အများဆုံး

  ကိုရီးယားတွင် နိုင်ငံခြားသားများ ပိုင်ဆိုင်သည့် အိမ်ရာများတွင် ၅၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသားများက ပိုင်ဆိုင်ထားသည်။ မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ် နှစ်ကုန်တွင် တောင်ကိုရီးယားနိုင်ငံတွင် နိုင်ငံခြားသားများ မှတ်ပုံတင်ထားသည့် အိမ်ရာစုစုပေါင်း ၉၁၄၅၃ ခုရှိသည့်အနက် တရုတ်နိုင်ငံသားပိုင် ၅၀,၃၂၈ ခု ရှိသည်။ တရုတ်နိုင်ငံသားပိုင် အိမ်ရာများတွင် အများစုမှာ တိုက်ခန်းများ ဖြစ်သည်။ တိုက်ခန်း ၄၈,၃၃၂ ခန်းနှင့် မိသားစုတစု နေထိုင်ရန် အိုးအိမ် ၁၉၉၆ ခုကို တရုတ်နိုင်ငံသားများ ပိုင်ဆိုင်ထားသည်။  တရုတ်နိုင်ငံသားပိုင် အိမ်ရာ အရေအတွက်သည် လွန်ခဲ့သည့် ၆ လအတွင်း ၄.၈% တိုးလာသည်။ အမေရိကန် နိုင်ငံသားများသည် ဒုတိယအများဆုံးဖြစ်ပြီး အိမ်ရာ ၂၀,၉၄၇ ခု ပိုင်ဆိုင်သည်။ နိုင်ငံခြားသားများ ပိုင်ဆိုင်သည့် အိမ်ရာများတွင် ၂၂.၉% ပိုင်ဆိုင်သည်။ တတိယနေရာမှ ကနေဒါနိုင်ငံသားများက ၆.၇%၊ စတုတ္ထနေရာမှ ထိုင်ဝမ်က ၃.၆% ၊ ပဉ္စမနေရာမှ ဩစတေးလျက ၂% ပိုင်ဆိုင်သည်။ နိုင်ငံခြားသားပိုင် အိမ်ရာ အများဆုံး ရှိသည့် ပြည်နယ်မှာ Gyeonggi ဖြစ်ပြီး ၃၈.၄% ရှိသည်။ ဆိုးလ်တွင် ၃၄.၈% နှင့် အင်ချုံ...

ဟွာဟင်းတွင် မရောင်းချရသေးသော ကွန်ဒိုအခန်းများ အများအပြား ကျန်ရှိ

 ထိုင်းနိုင်ငံ ပက်ချာဘူရီခရိုင် ပင်လယ်ကမ်းခြေ အပန်းဖြေနေရာ ချာအမ် Cha-am ရှိ ကွန်ဒိုဈေးကွက်တွင် မရောင်းရသေးသော အခန်းအသစ်များ များပြားလွန်းနေသဖြင့် အခန်းများ အကုန်လုံး ရောင်းချရန်အတွက် ၁၀ နှစ်ခန့် အချိန်ယူရဖွယ်ရှိသည်ဟု အိမ်ခြံမြေအတိုင်ပင်ခံ Colliers Thailand မှ ပြောကြားခဲ့ပါသည်။ ‌အခြား ပင်လယ်ကမ်းခြေ အပန်းဖြေနေရာ ဟွာဟင်း Hua Hin ကွန်ဒိုဈေးကွက်မှာမူ ရောင်းအား အားကောင်းနေဆဲဖြစ်သည်။ Colliers သုတေသနဌာနမှ ဒါရိုက်တာ Phattarachai Taweewong က ချာအမ်တွင် ၂၀၁၆ ခုနှစ်မှစ၍ ကွန်ဒိုအသစ်များ ထပ်တိုးလာခြင်း မရှိသော်လည်း ယခင်လက်ကျန် မရောင်းချရသေးသည့် အခန်းများ အများအပြား ရှိနေဆဲဟု ပြောကြားသည်။ "ချာအမ်မှာ ရောင်းဖို့ တိုက်ခန်းတွေ အရေအတွက်များနေသေးတာကြောင့် မကြာမီကာလအတွင်းမှာ ကွန်ဒိုအသစ်များ ထပ်တိုးလာမှာ မဟုတ်ဘူး၊။ လက်ကျန်အခန်းတွေ အကုန်လုံးက အပြီးအစီး ဆောက်လုပ်ပြီးသားတွေပါ။ ဝယ်တဲ့သူလက်ထဲ အခန်းအပ်လို့ ရပါတယ်"ဟု ၎င်းက ပြောကြားသည်။ ၂၀၂၄ ခုနှစ် ပထမသုံးလပတ်စာရင်းအရ ချာအမ်တွင် စုစုပေါင်း ဘတ် ၄၂ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုယူနစ် ၉,၄၂၀ ခန်း ရှိခဲ့ပြီး ၆၆% ရောင်းချခဲ့သဖြင့် ဘတ် ၁၄.၃ ဘီလီယံဖိုးရှိ ယူနစ် ၃,၂၀၀ က...

ဖူးခက်နှင့် ပတ္တယား ဟိုတယ်အသစ်များ တိုးမည်

 ထိုင်းဘဏ်များသည် Covid-19 အကျပ်အတည်းကာလအတွင်း ချေးငွေများ ထုတ်ချေးခြင်းကို ခေတ္တရပ်ထားပြီးနောက် ယခုအခါ ဟိုတယ်အသစ် ဆောက်လုပ်မည့် စီမံကိန်းများအတွက် ချေးငွေများ ပြန်လည်ပေးအပ်နေပြီဖြစ်သည်။ သို့ဖြစ်ရာ ဧည့်ဝတ်ပြုမှုလုပ်ငန်းကဏ္ဍသည် အဓိကအားဖြင့် ထိုင်းနိုင်ငံ ပင်လယ်ကမ်း‌ခြေ အပန်းဖြေမြို့များဖြစ်သည့် ဖူးခက်နှင့် ပတ္တယားတို့တွင် ဟိုတယ်စီမံကိန်းများကို အကောင်အထည်ဖော်ကြသည်။ Onyx Group သည် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အရ လာမည့် ၃နှစ်မှ ၅နှစ်အတွင်း ဖူးခက်တွင် ဟိုတယ် လေးငါးလုံး ဆောက်လုပ်ရန် ရည်ရွယ်ထားကြောင်း၊ Onyx ၏ လူသိများသော အမှတ်တံဆိပ်များ ဖြစ်သည့် brands: Amari, OZO, Shama, Oriental Residence တို့ ပါဝင်မည်ဖြစ်ကြောင်း Onyx Hospitality Group ၏ CEO Yuthachai Charanachitta က ပြောကြားခဲ့သည်။ မလေးရှားမှ ဇိမ်ခံအပန်းဖြေစခန်း အမှတ်တံဆိပ် EQ က ထိုင်းသို့ တိုးချဲ့မည့် အစီအစဉ်တွင်လည်း Onyx Group က ပူးပေါင်းပါဝင်မည်။ EQ က ပထမခြေလှမ်းအဖြစ် ဖူးကက်တွင် ရင်းနှီးမြှုပ်နှံမည်။   ပထမသုံးလပတ်တွင် ပတ္တယားအိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်လာသည့်လက္ခဏာများ ပြသခဲ့ပြီး ကွန်ဒိုမီနီယံ စီမံကိန်းအသစ် ၃ ခုကို စတင်...

ရှန်ဟိုင်းတွင် အိမ်ရာတိုက်ခန်း မူဝါဒ ဖြေလျှော့

 တရုတ်အစိုးရသည် အိမ်ရာတိုက်ခန်း ဆောက်လုပ်ရေးကဏ္ဍ ကြွေးနွံနစ်နေသည်ကို ဆယ်တင်ရန် ဒေသအာဏာပိုင်များကို ညွှန်ကြားထားသဖြင့် အိမ်ရာတိုက်ခန်း မူဝါဒ ဖြေလျော့မှုများ ကျင့်သုံးကြရာ၌ ရှန်ဟိုင်းသည် ပထမဆုံး အိမ်ရာတိုက်ခန်း ဝယ်သူများအတွက် အနည်းဆုံး လက်ငင်းငွေပေးချေမှုကို တိုက်ခန်းတန်ဖိုး၏ ၂၀% သို့ လျှော့ချလိုက်သည်။ တိုက်ခန်း ပိုင်ဆိုင်ထားသူက နေုက်ထပ်အိမ်ရာတိုက်ခန်း ဝယ်ယူပါက အနည်းဆုံး လက်ငင်းငွေပေးချေမှုကို တိုက်ခန်းတန်ဖိုး၏ ၃၀% သို့ လျှော့ချလိုက်သည်။ ရှန်ဟိုင်းတွင် အခြေချနေထိုင်သူ မဟုတ်ပါက ယခင်က တိုက်ခန်း ဝယ်ယူခွင့် မပြုခဲ့သော်လည်း ယခုအခါ ရှန်ဟိုင်းတွင် လူမှုဖူလုံရေး လစဉ်ကြေး ၃ နှစ် ပေးသွင်းထားသူ ဖြစ်ပါက ရှန်ဟိုင်းမှာ တိုက်ခန်း ဝယ်ယူရန် ခွင့်ပြုလိုက်ပြီ ဖြစ်သည်။ ထို့ပြင် ကလေး ၃ ယောက်နှင့်အထက် ရှိသည့် မိသားစုဆိုပါက ရှိပြီးသား တိုက်ခန်းအပြင် နောက်ထပ်ခတိုက်ခန်း ထပ်တိုးဝယ်ယူရန် ခွင့်ပြုလိုက်သည်။ Source Yicai #ConstructionIndustryGuide  ယခင်တင်ပြချက် https://shorturl.at/6wRAb

ထိုင်းကွန်ဒိုအခန်းများ မြန်မာ ဒုတိယအများဆုံး ဝယ်ယူ

 (၁) ထိုင်းနိုင်ငံ ကွန်ဒိုဈေးကွက်သည် နိုင်ငံခြားသားများ၏ ဝယ်လိုအားအပေါ် မှီခိုနေရဆဲဖြစ်ကြောင်း၊ ယခုနှစ် ပထမသုံးလပတ်အတွင်း နိုင်ငံခြာ၊သားမျာ၊ ကွန်ဒိုတိုက်ခန်း ဝယ်ယူသည့် အခန်းအရေအတွက် အချိုးအစားသည် သမိုင်းတစ်လျှောက် အမြင့်ဆုံးအထိ မြင့်တက်ခဲ့ကြောင်း အိမ်ခြံမြေ သတင်းအချက်အလက် စင်တာ Real Estate Information Center (REIC) မှ ပြောကြားသည်။ ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် နိုင်ငံခြာ၊သားမျာ၊ ကွန်ဒိုတိုက်ခန်း ဝယ်ယူသည့် စုစုပေါင်း အရေအတွက်သည် ၄.၃% တိုးခဲ့ပြီး စုစုပေါင်း တန်ဖိုးသည် ၅.၂% ပိုများခဲ့သည်ဟု REIC ၏ ခေတ္တညွှန်ကြားရေးမှူးချုပ် Vichai Viratkapan က ပြောသည်။ နိုင်ငံခြားသားများသည် ကွန်ဒိုတိုက်ခန်း ၃,၉၃၈ ခန်း၊ ဘတ် ၁၈ ဘီလီယံဖိုး ဝယ်ယူခဲ့ကြသည်။ တနိုင်ငံလုံးတွင် ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားများ ကွန်ဒို ၂၃,၅၃၁ ခန်း၊ ဘတ် ၆၃ ဘီလီယံဖိုး ဝယ်ယူခဲ့ကြသည်။ ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက အခန်း စုစုပေါင်းအရေအတွက် ၀.၆% နှင့် စုစုပေါင်းတန်ဖိုး ၂၀.၇% လျော့နည်းသည်။ (၂) ထိုင်းနိုင်ငံသားများ ဝယ်ယူနိုင်စွမ်း အားနည်းနေခြင်းကြောင့် နိုင်ငံသားတို့၏ ဝယ်လိုအား အကြီးအကျယ် လျော့ကျခ...

ဒွန်းမောင်းလေဆိပ် အဆင့်မြှင့်မည့် အဆင့် ၃ ဆင့်

 ဒွန်မောင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်အတွက် အဆင့်သုံးဆင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘတ်ငွေ ၃၆.၈၂၉ ဘီလီယံတန် ၁၀ နှစ် စီမံကိန်းကြီး၏ အဆင့် (၁) သည် Terminal 1 အဆင့်မြှင့်တင်ခြင်းဖြင့် ဒွန်မောင်းလေဆိပ်၏ စွမ်းဆောင်ရည်ကို တစ်နှစ်လျှင် ခရီးသည် ၁၆.၅ သန်း ကိုင်တွယ်နိုင်စေမည်ဖြစ်သည်။ အဆင့်(၂)သည် Terminal 2 အဆင့်မြှင့်တင်ခြင်းဖြင့် ဒွန်မောင်းလေဆိပ်ကို တနှစ်လျှင် ခရီးသည် ၂၂.၅ သန်း အသုံးပြုနိုင်မည်။ အဆင့်(၃)သည် ပြည်တွင်း ခရီးသွားများအတွက် တာမင်နယ်ကို ခေတ်မီအောင် အကြီးအကျယ် မွမ်းမံမည်။ တနှစ်လျှင် ခရီးသည် ၂၇.၅ သန်း အသုံးပြုနိုင်မည်။ Source nationthailand  #LogisticsIndustryGuide #TravelerGuidev#ConstructionIndustryGuide 

ဘဏ်ချေးငွေ မရသဖြင့် ထိုင်းအိမ်ရာ အရောင်းအဝယ် လျော့ကျ

 ထိုင်းနိုင်ငံတွင် ဘဏ်များက အိမ်ရာချေးငွေ လျှောက်လွှာများ ပယ်ချကြသဖြင့် ယခုနှစ် ပထမသုံးလပတ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်ရာအရောင်းအဝယ်များ ကျဆင်းသွားခဲ့သည်။ ထိုသို့ကျဆင်းလာနေသည်မှာ ၂၀၂၃ ပထမ၃လပတ် ကတည်းကဖြစ်ပြီး ယခုအခါ ၃လပတ် ၅ ခုဆက်တိုက် ရှိသွားပြီဖြစ်သည်။ ၆ နှစ်တာအတွင်း အနိမ့်ဆုံးအမှတ်သို့ ရောက်ရှိနေသည်။ အိမ်ခြံမြေသတင်းအချက်အလက်စင်တာ Real Estate Information Center (REIC) ၏ ခေတ္တညွှန်ကြားရေးမှူးချုပ် Vichai Viratkapan က ပထမသုံးလပတ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူနေအိမ်ရာ ဝယ်လိုအား ကျုံ့သွားခဲ့ပြီး ၇၂,၉၅၄ ခုသာ အရောင်းအဝယ် ဖြစ်ခဲ့သည်ဟု ဆိုသည်။  အရေအတွက်အားဖြင့်သာမက တန်ဖိုးအားဖြင့်လည်း ကျဆင်းခဲ့ပြီး ဘတ် ၂၀၉ ဘီလီယံဖိုးသာ ရှိခဲ့သည်။ ၂၀၂၃ တတိယ၃ လပတ်မှစ၍ ဆက်တိုက်ကျဆင်းလာခဲ့ရာ ယခုအခါ ၃လပတ် ၃ခုဆက်တိုက် ရှိသွားပြီ ဖြစ်သည်။ ယခုနှစ် ပထမ၃လပတ် အိမ်ရာအရောင်းအဝယ် အရေအတွက်သည် ၂၀၁၈ ပထမ၃လပတ်မှစ၍ အနည်းဆုံး ဖြစ်သဖြင့် ပြီးခဲ့သည့် ၃လပတ် ၂၅ ခုအတွင်း အနည်းဆုံး ဖြစ်ပြီး တန်ဖိုးအားဖြင့် ၂၀၁၉ ဒုတိယ၃လပတ်မှစ၍ အနည်းဆုဲးဖြစ်သည်ဟု REIC က ဆိုသည်။ . ဘဏ်များမှ ထုတ်ချေးပေးသည့် အိမ်ရာချေးငွေ ပမာဏသည်လ...

တရုတ်အစိုးရ အိမ်ရာတိုက်ခန်းကဏ္ဍ ကယ်တင်ရန် စီစဉ်

 တရုတ်အစိုးရသည် နိုင်ငံ့စီးပွားရေး၏ ငါးပုံတပုံဝန်းကျင်ကို ကိုယ်စားပြုသည့် အိမ်ရာတိုက်ခန်းအသစ် လုပ်ငန်းကဏ္ဍ နာတာရှည် အကျပ်အတည်းကို ဖြေလျှော့ရန်အတွက် နိုင်ငံတစ်ဝှမ်းရှိ ကုမ္ပဏီများမှ မရောင်းရသေးသော အိမ်ရာတိုက်ခန်းများ၊ ဆောက်လုပ်ဆဲတန်းလန်း ရပ်ထားရသော အိမ်ရာတိုက်ခန်းများ အခန်း စုစုပေါင်း သန်းချီ ရှိနေသည်ကို သက်ဆိုင်ရာ ဒေသဆိုင်ရာအစိုးရများက ဝယ်ယူမည့် အစီအစဉ်တစ်ရပ်ကို စဉ်းစားချင့်ချိန်နေသည်ဟု Bloomberg News က တင်ပြသည်။ ဒေသခံ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် နိုင်ငံပိုင်ဘဏ်များမှ ထုတ်ပေးသော ချေးငွေများကို အသုံးပြု၍ အဆင်မပြေသော လုပ်ငန်းရှင်များထံမှ မရောင်းရသေးသော အိမ်ရာတိုက်ခန်းများကို လျှော့ဈေးများများစားစား သတ်မှတ်ပြီး ဝယ်ယူရန် ညွှန်ကြားချက် ထုတ်ပြန်ရန် စိစစ်နေသည်။ ၎င်းအိမ်ရာတိုက်ခန်းများကို တန်ဖိုးသင့် အိမ်ရာတိုက်ခန်းများအဖြစ် အများပြည်သူကို ပြန်လည်ပြန်လည်ရောင်းချမည် ဖြစ်သည်။ တရုတ်နိုင်ငံ အိမ်ရာတိုက်ခန်းအသစ် လုပ်ငန်းကဏ္ဍသည် ကြွေးနွံထဲ နစ်နေသည်မှာ ၂၀၂၁ နှစ်လယ်ပိုင်းကတည်းက ဖြစ်သည်။၂၀၂၂ မှစ၍ အစိုးရက မူဝါဒအမျိုးမျိုး ပြောင်းလဲကျင့်သုံးပြီး ဆယ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု ...

မြောက်ပိုင်းဟနွိုင်းစမတ်မြို့ Financial Tower ဗိသုကာဒီဇိုင်း

 ဗီယက်နမ်နိုင်ငံ "မြောက်ပိုင်းဟနွိုင်းစမတ်မြို့" စီမံကိန်းတွင် ပါဝင်သည့် ၁၀၈ ထပ် Financial Tower ဗိသုကာဒီဇိုင်း ယှဉ်ပြိုင်ရန် ဖေဖော်ဝါရီလတွင် ဖိတ်ခေါ်ခဲ့ရာ ကမ္ဘာကျော် ဗိသုကာအတိုင်ပင်ခံ ကုမ္ပဏီများ ပါဝင်ခဲ့ကြပြီး အမေရိကန် ဗိသုကာလုပ်ငန်း Skidmore, Owings & Merrill ၏ ဒီဇိုင်းကို ရွေးချယ်ကြောင်း မေလ ၁၅ ရက်တွင် ဗီယက်နမ် ဗိသုကာပညာရှင်များ အသင်း ဥက္ကဋ္ဌနှင့် ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ Phan Dang Son က ကြေညာပါသည်။ Skidmore, Owings & Merrill သည် ယူအေအီးမှ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦဖြစ်သည့် ၁၆၃ ထပ်ရှိသော Burj Khalifa ကို ဒီဇိုင်းထုတ်ခဲ့သည့် လုပ်ငန်း ဖြစ်ပါသည်။ ဗီယက်နမ်မှ BRG Group နှင့် ဂျပန်မှ Sumitomo Corporation တို့၏ ဖက်စပ်လုပ်ငန်း North Hanoi Smart City Investment Development JSC က ကန်ဒေါ်လာ ၄.၂ ဘီလီယံ ရင်းနှီးမြှုပ်နှံကာ ဧရိယာဟက်တာ ၂၇၀ တွင် အကောင်အထည်ဖော်မည်။ ၉နှစ်ကြာ စီမံကိန်းကို အဆင့် ၅ ဆင့်ဖြင့် အကောင်အထည်ဖော်မည်။ နောက်ဆုံးအဆင့်တွင် Financial Tower ကို အပြီးသတ် ဆောက်လုပ်မည်။ Source vnexpress  #ConstructionIndustryGuide 

ထိုင်းကွန်ဒိုဈေးကွက် နိုင်ငံခြားဝယ်လက်များ ကြီးစိုး

 ထိုင်းကွန်ဒိုဈေးကွက်ကို ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် နိုင်ငံခြားဝယ်လက်များ အထူးသဖြင့် တရုတ်နှင့် ရုရှားတို့က လွှမ်းမိုးထားပြီး အဓိကအားဖြင့် ခရီးသွားနေရာများမှ ကွန်ဒိုအသစ်များကို အဓိကထား ဝယ်ယူကြသည်။ စုစုပေါင်း တန်ဖိုး ဘတ် ၅၆.၆ ဘီလီယံကျော်ဖိုး အရောင်းဖွင့်ခဲ့သည်။ ၎င်းသုံးလပတ်တွင် ဘန်ကောက်ထက် အဓိက ခရီးသွားနေရာများတွင် ကွန်ဒိုတိုက်ခန်းများ အရောင်းဖွင့်မှု ပိုများလာခြင်းကို ပထမဆုံးအကြိမ် ကြုံရခြင်း ဖြစ်သည်ဟု အိမ်ခြံမြေအတိုင်ပင်ခံ Colliers Thailand မှ သုတေသနဌာန ဒါရိုက်တာ Phattarachai Taweewong က ပြောသည်။ ပတ္တယား သုံးလပတ်အတွက် ကွန်ဒိုရောင်းချမှု အများဆုံးမှာ ပတ္တယားတွင်ဖြစ်ပြီး ဘတ် ၁၆ ဘီလီယံတန်ဖိုးရှိ ယူနစ်ပေါင်း ၄၄၉၃ ခု အရောင်းဖွင့်ခဲ့ရာ၌ အများစုမှာ အကြီးစား စီမံကိန်းများ လုပ်ကိုင်သော developer များဖြစ်ပြီး AssetWise နှင့် Origin Property တို့ပါဝင်သည်။ Colliers သည် ယခုနှစ် ကျန်ရှိသည့် လများတွင် ကွန်ဒိုအသစ်များတွင် အများစုကို ပြည်တွင်း developer များမှ လုပ်ကိုင်မည်ဟု ခန့်မှန်းထားသည်။ ကွန်ဒိုအခန်းများကို ကိုယ်တိုင် အသုံးပြုရန်နှင့် ရင်းနှီးမြှုပ်နှံမှုအဖြစ် ဝယ်ယူကြခြင်းအပြင် အငှားချရန်အတ...

ဖူးခက်၊ ပတ္တရား ကွန်ဒိုတိုက်ခန်း ရောင်းအားမြင့်တက်

 ထိုင်းနိုင်ငံ ကွန်ဒိုတိုက်ခန်းဈေးကွက်တွင် ၂၀၂၄ ခုနှစ် ပထမ ၃လပတ်အတွင်း ခရီးသွားမြို့များဖြစ်ကြသည့် ဖူးခက်၊ ပတ္တရားနှင့် ဟွာဟင်တို့တွင် ရောင်းအား သိသိသာသာ ကြီးထွားခဲ့သည်။ ဘန်ကောက်ထက်ပင် သာလွန်သွားခဲ့သည်။ ဘန်ကောက်တွင် ကွန်ဒိုတိုက်ခန်း ၂,၃၀၀ ဝန်းကျင် ရောင်းချခဲ့ပြီး ဖူးခက်တွင် ၃,၀၀၀ ကျော်နှင့် ပတ္တရားတွင်လည်း ၃,၀၀၀ ကျော် ရောင်းချခဲ့သည်။ ၁၅ နှစ်တာ ကာလအတွင်း ဘန်ကောက်ထက် ရောင်းအား ပထမဆုံးအကြိမ် ကျော်လွန်ခဲ့ခြင်း ဖြစ်သည်။ ဖူးခက်၊ ပတ္တရား နှင့် ဟွာဟင် ခရီးသွား မြို့တော် သုံးခုသို့ ရင်းနှီးမြှုပ်နှံမှုများ အမြောက်အမြား စီးဆင်းနေသည်ဟု Colliers Thailand ကုမ္ပဏီမှ သုတေသနနှင့် ဆက်သွယ်ရေး ဒါရိုက်တာ Phattarachai Thaweewongက ပြောကြားသည်။ “ဖူးခက်နဲ့ ပတ္တရားလို ခရီးသွားမြို့တွေမှာ အသစ်ထွက်လာတဲ့ ကွန်ဒိုမီနီယံ စီမံကိန်းတွေက ဘန်ကောက်နဲ့ ယှဉ်ရင် ဝယ်လိုအား ပိုများတယ်။ ဘန်ကောက်ထက် အရောင်းပိုသွက်နေတယ်။ ဒါဟာ ခရီးသွားဈေးကွက် ပြန်လည်ဦးမော့လာမှုကြောင့် ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။ ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ဖူးခက်တွင် ဘတ် ၂၅ ဘီလီယံကျော်တန်ဖိုးရှိသော ကွန်ဒိုစီမံကိန်းအသစ် ၁၂ ခု ရှိပြီး တိုက်ခန်းစုစုပေါင်း...

ထိုင်း-တရုတ် မြန်နှုန်းမြင့်ရထားလမ်း အရှိန်မြှင့်ရန် တရုတ် တောင်းဆို

 ထိုင်း-တရုတ် မြန်နှုန်းမြင့်ရထားလမ်း၏ ဘန်ကောက်မှ နွမ်ခိုင်သို့ လမ်းပိုင်းကို ယခင်က ၂၀၂၈ ခုနှစ်တွင် အစမှ အဆုံးအထိ ဖွင့်လှစ်မည်ဟု ပြောကြားခဲ့သော်လည်း ဘတ် ၃၄၁ ဘီလီယံ ကုန်ကျမည့် မဟာစီမံကိန်းကြီးသည် နှစ်နိုင်ငံကြား ငွေကြေးဆိုင်ရာ အငြင်းပွားမှုများကြောင့် ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့သည်။ နှစ်အတန်ကြာ နှောင့်နှေးခဲ့ရပြီးနောက် ဇန်နဝါရီတွင် ၈၇၃ ကီလိုမီတာရှည်လျားသော ရထားလမ်း ဆောက်လုပ်ရေးကို အရှိန်မြှင့်ရန် တရုတ်က တောင်းဆိုခဲ့သည်။ မြန်နှုန်းမြင့်ရထားလမ်းသည် တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ Belt and Road Initiative ၏ အပိုင်းကဏ္ဍတရပ်အနေဖြင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကို လာအိုမှတဆင့် ဆက်သွယ်ပေးမည်ဖြစ်သည်။ ထိုင်းနိုင်ငံသည် မဟာစီမံကိန်းကြီး၏ အဆင့်(၁)ဖြစ်သည့် ဘန်ကောက်မြို့မှ နခွန်ရတ်ခ်ျစီမာအထိ လမ်းပိုင်းကို တာဝန်ယူ တည်ဆောက်သည်။ အဆင့်(၁)တွင် ကန်ထရိုက် ၁၄ ခု ရှိရာ၌ ၂ ခု ပြီးစီးပြီဟု ပို့ဆောင်ရေးဝန်ကြီးနှင့် ဒုတိယ၀န်ကြီးချုပ် Suriya Juangroongruangkit က ပြောကြားသည်။ အဆင့်(၁)လမ်းပိုင်းကို ၂၀၂၈ တွင် ဖွင့်လှစ်မည်။ အဆင့်(၂) နခွန်ရတ်ခ်ျစီမာမှ နွမ်ခိုင်အထိ လမ်းပိုင်း ဆောက်လုပ်ရေးကို နောက်နှစ်တွင် စတင...