ထိုင်းကွန်ဒိုအခန်းများ မြန်မာ ဒုတိယအများဆုံး ဝယ်ယူ

 (၁)


ထိုင်းနိုင်ငံ ကွန်ဒိုဈေးကွက်သည် နိုင်ငံခြားသားများ၏ ဝယ်လိုအားအပေါ် မှီခိုနေရဆဲဖြစ်ကြောင်း၊ ယခုနှစ် ပထမသုံးလပတ်အတွင်း နိုင်ငံခြာ၊သားမျာ၊ ကွန်ဒိုတိုက်ခန်း ဝယ်ယူသည့် အခန်းအရေအတွက် အချိုးအစားသည် သမိုင်းတစ်လျှောက် အမြင့်ဆုံးအထိ မြင့်တက်ခဲ့ကြောင်း အိမ်ခြံမြေ သတင်းအချက်အလက် စင်တာ Real Estate Information Center (REIC) မှ ပြောကြားသည်။

ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် နိုင်ငံခြာ၊သားမျာ၊ ကွန်ဒိုတိုက်ခန်း ဝယ်ယူသည့် စုစုပေါင်း အရေအတွက်သည် ၄.၃% တိုးခဲ့ပြီး စုစုပေါင်း တန်ဖိုးသည် ၅.၂% ပိုများခဲ့သည်ဟု REIC ၏ ခေတ္တညွှန်ကြားရေးမှူးချုပ် Vichai Viratkapan က ပြောသည်။

နိုင်ငံခြားသားများသည် ကွန်ဒိုတိုက်ခန်း ၃,၉၃၈ ခန်း၊ ဘတ် ၁၈ ဘီလီယံဖိုး ဝယ်ယူခဲ့ကြသည်။


တနိုင်ငံလုံးတွင် ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားများ ကွန်ဒို ၂၃,၅၃၁ ခန်း၊ ဘတ် ၆၃ ဘီလီယံဖိုး ဝယ်ယူခဲ့ကြသည်။ ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက အခန်း စုစုပေါင်းအရေအတွက် ၀.၆% နှင့် စုစုပေါင်းတန်ဖိုး ၂၀.၇% လျော့နည်းသည်။


(၂)


ထိုင်းနိုင်ငံသားများ ဝယ်ယူနိုင်စွမ်း အားနည်းနေခြင်းကြောင့် နိုင်ငံသားတို့၏ ဝယ်လိုအား အကြီးအကျယ် လျော့ကျခဲ့သည်။ 

"နိုင်ငံခြားသား ဝယ်လိုအားသာ မရှိခဲ့ရင် ကွန်ဒိုရောင်းအား ကြီးကြီးမားမား ကျဆင်းလာတာကို ကြုံတွေ့ရလိမ့်မယ်”ဟု ၎င်းက ဆိုသည်။


၂၀၂၂ ခုနှစ်မှစတင်၍ နိုင်ငံတစ်ဝှမ်းရှိ ကွန်ဒိုအခန်းများကို နိုင်ငံခြားသားများထံ လွှဲပြောင်းပေးသည့် အရေအတွက်နှင့် တန်ဖိုးများ မြင့်တက်လာခဲ့သည်။


အဓိကအားဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍ ကြီးထွားလာခြင်းနှင့် အချို့နိုင်ငံများတွင် မသေချာမရေရာမှုများကြောင့် ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ အိမ်ခြံမြေများဝယ်ယူကြသည်။

"မှတ်သားဖွယ်အချက်မှာ မြန်မာနိုင်ငံမှ ဝယ်ယူသူများသည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်မှာ ပထမဆုံးအကြိမ်အဖြစ် ဒုတိယနေရာကို ရရှိခဲ့ပါတယ်"ဟု Mr Vichai က ပြောသည်။


(၃)


မြန်မာနိုင်ငံမှ ဝယ်ယူသူများသည် ၂၀၂၂ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွန်ဒိုများ ဝယ်ယူသည့် တန်ဖိုးနှင့် အရေအတွက် အများဆုံးဖြစ်သည့် ထိပ်တန်း ၁၀ နိုင်ငံသားများ စာရင်းတွင် ပါဝင်ခဲ့ပြီး ထိုအချိန်မှစ၍ ထိပ်ဆုံး ၁၀ နိုင်ငံသား စာရင်းတွင် ဆက်လက်ရှိနေခဲ့သည်။


၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံသားတို့သည် အရေအတွက်အားဖြင့် ဆဌမ၊ တန်ဖိုးအားဖြင့် တတိယနေရာတွင် ရှိခဲ့သည်။

၂၀၂၃ ခုနှစ်တွင် အရေအတွက်နှင့် တန်ဖိုး နှစ်မျိုးစလုံး စတုတ္ထနေရာ ရရှိခဲ့သည်။


"မကြာသေးခင်က တာ့ခ်ခရိုင် မဲဆောက်ကို ကျနော် သွားကြည့်တော့ အထပ်နိမ့်အိမ်တွေ အရမ်းရောင်းကောင်းပြီး အားလုံးကို ထိုင်းနာမည်ခံပြီး ငွေသားနဲ့ ပေးချေပြီး ဝယ်ထားတာ တွေ့ခဲ့တယ်။ မြန်မာပြည်က လူတွေက ဘေးကင်းလုံခြုံတဲ့ဇုန်ကို ရှာနေကြတယ်"ဟု ၎င်းက ပြောသည်။


(၄)

၂၀၂၄ ပထမသုံးလပတ်တွင် တရုတ်ဝယ်လက်များသည် ဘတ် ၇.၅၇ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း ၁,၅၉၆ ခန်း ဝယ်ယူခဲ့သည်။

မြန်မာဝယ်ယူသူများသည် ဘတ် ၂.၂ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း ၃၉၂ ခန်း ဝယ်ယူခဲ့သည်။

ရုရှားတို့ကဘဘတ် ၉၂၄ သန်းဖိုးရှိ ကွန်ဒိုအခန်းပေါင်း ၂၉၅ ခန်း ဝယ်ယူခဲ့သည်။


Source Bangkokpost 

#ConstructionIndustryGuide

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်