တစ်ကမ္ဘာလုံးဆိုင်ရာ စတင်မိတ်ဆက်မှုနဲ့အတူ မိမိရဲ့ ကင်မရာအသစ်တစ်လုံးကို ထိတွေ့လိုက်ရသလို ခံစားရစေမဲ့ OPPO Find X9 Ultra
အဆင့်မြင့်ဆုံး နောက်ဆုံးပေါ် ကင်မရာ နည်းပညာတစ်ခုအဖြစ် 50MP 10x Optical Telephoto ကင်မရာ နဲ့ Dual Hasselblad 200MP ကင်မရာတို့ကို ပေါင်းစပ်ကာ ဆန်းသစ်တီထွင်မှုတစ်ခုအဖြစ် မိတ်ဆက်လိုက်ပါပြီ။ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် ဖြစ်တဲ့ OPPO က ယနေ့မှာ နောက်ဆုံးပေါ် ကင်မရာ နည်းပညာပါရှိတဲ့ Flagship စမတ်ဖုန်း ဖြစ်တဲ့ OPPO FindX9 Ultra ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ စမတ်ဖုန်းသုံးစွဲသူတွေအတွက် လက်စွဲတော် ကင်မရာအသစ်လို့တောင် တင်စားရတဲ့ OPPO Find X9 Ultra ဟာဆိုရင် နည်းပညာလောကကို ဦးဆောင်နေတဲ့ နောက်ဆုံးပေါ် Hardware နည်းပညာနဲ့အတူ ချောမွေ့သွက်လက်စွာ အသုံးပြုနိုင်မဲ့အပြင် ကမ္ဘာ့ပထမဆုံး 50MP 10x optical telephoto ၊ 200MP ပါရှိတဲ့ ကင်မရာ Sensor နှစ်ခု ၊ အဆင့်မြင့် ပရိုအဆင့်ရှိ Videography နည်းပညာနဲ့အတူ ကမ္ဘာကျော် Hasselblad က ဒီဇိုင်းကို ပြန်လည်အသက်သွင်း ပုံဖော်ထားတဲ့ အထူးခြားဆုံး ဒီဇိုင်းတို့ပါ ပါရှိလာတာဖြစ်ပါတယ်။ “OPPO Find X9 Ultra က OPPO ရဲ့ ဓာတ်ပုံရိုက်ကူးမှုနည်းပညာသမိုင်းမှာ အကြီးမားဆုံး အောင်မြင်မှု တစ်ခုအဖြစ် မှတ်တမ်းတင်လိုက်နိုင်ပါပြီ” ဟု SVP နှင့် Chief Product Officer ဖြစ...