နိုင်ငံကျော် အနုပညာရှင် စိုင်းစိုင်းခမ်းလှိုင် မှ Rakuten Viber နှင့် လက်တွဲကာ ချစ်ခင်ရပါသော ပရိသတ်များအတွက် Audio Stickers များကို အထူးပြုလုပ်မိတ်ဆက်
Rakuten Viber နှင့် မြန်မာနိုင်ငံရဲ့ နာမည်ကြီး အဆိုတော်နှင့် သရုပ်ဆောင်တစ်ဦးဖြစ်သူ စိုင်းစိုင်းခမ်းလှိုင် တို့ ပူးပေါင်းပြီး စိုင်းစိုင်းရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် အထူးသီးသန့် Audio Viber Stickers (အသံပါဝင်သည့် စတစ်ကာ) အသစ်များကို ဖန်တီးမိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ Audio Stickers များကို စိုင်းစိုင်း အပေါ် နှစ်ရှည်လများ ချစ်ခင်အားပေးလာခဲ့ကြတဲ့ ပရိသတ်များအတွက် အထူးရည်ရွယ်ဖန်တီးထားတာဖြစ်ပြီး နွေးထွေးတဲ့နှုတ်ခွန်းဆက်စကားများမှသည် စိုင်းစိုင်း ရဲ့ ကိုယ်ပိုင်ဟန်ပန်စကားလုံးများနှင့် ကျော်ကြားသော သီချင်းစာသားများအထိ ပါဝင်ကာ ပရိသတ်များအနေဖြင့် နေ့စဉ်ဘဝရဲ့အခိုက်အတန့်တိုင်းမှာ မိမိနှစ်သက် အားပေးတဲ့ အနုပညာရှင် နှင့် ပိုမိုနီးစပ်မှုရှိလာတယ်လို့ ခံစားရစေရန်အတွက် စိုင်းစိုင်း ကိုယ်တိုင် ပါဝင်အားစိုက်ပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ Audio Viber Stickers အသစ်များကို စိုင်းစိုင်း ရဲ့ ကိုယ်ပိုင်ဟန်ပန်နှင့် အမူအရာများအတိုင်း အသေးစိတ်ဂရုတစိုက် ပုံဖော်ထားတဲ့ ဒီဂျစ်တယ်ရုပ်ပုံများနှင့် ပြုလုပ်ပေးထားပါတယ်။ ယခုအကြိမ် မိတ်ဆက်လိုက်တဲ့ Viber Stickers ရဲ့ ထူးခြားချက်မှာတော့ စိုင်းစိုင်း ကိုယ်တိုင်အ...