ကမ္ဘာသိုင်းရွိုက်ရောဂါနေ့ အထိမ်းအမှတ် သိုင်းရွိုက်အကျိတ်ရောဂါအကြောင်း ဟောပြောပွဲကို MPT ၏ လိုတရဝက်ဘ်ပေါ်တယ်တွင် ဝင်ရောက်ကြည့်ရှုနိုင်

မြန်မာနိုင်ငံ၏ ပြည်တွင်း ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သည့် MPT သည် “ အတူလက်တွဲ အမြဲရှိမည် MPT ”ဟူသည့် ကတိကဝတ်နှင့်အညီ နိုင်ငံတစ်ဝန်းရှိ ပြည်သူများ ကျန်းမာရေးဗဟုသုတ ပိုမိုရရှိစေရေးအတွက် အခမဲ့ကျန်းမာရေးပညာရေးရုပ်သံ အစီအစဉ်ကိုဆောင်ရွက်နေကာ ယခုလည်း ကမ္ဘာ့သိုင်းရွိုက်ရောဂါနေ့အထိ မ်းအမှတ် အဖြစ် နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်း ခွဲစိတ်ပါရဂူ ဆရာဝန်ကြီး ဒေါက်တာအောင်ထက်ထွန်း ၏ " သိုင်းရွိုက်အကျိတ်ရောဂါအကြော င်း သိကောင်းစရာ ” ကျန်းမာရေး ဗဟုသုတ ဟောပြောပွဲကို မေလ ၂၂ ရက်က အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၌ ကျင်းပခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် သိုင်းရွိုက်အကျိတ်အမျိုးအစား၊ ရောဂါရှာဖွေသည့်နည်းလမ်းတို့အပြ င် သိုင်းရွိုက်အကျိတ် နှင့် ပတ်သက်ပြီး ကုသပုံနည်းလမ်းအဆင့်ဆင့်ကို နိုင်ငံတကာတွင်ကျင့်သုံးနေသည့် နည်းစနစ်များနှင့် မည်သို့ စမ်းသပ် စစ်ဆေးကုသဆောင်ရွက်သည်ကို အသေးစိတ် ရှင်းလင်း ပြောကြားပေးခဲ့ပါသည်။ ထို့အပြင် သိုင်းရွိုက် အကျိတ်ရောဂါဖြစ်စဥ်များ နှင့် ပတ်သက်ပြီး အခမ်းအနားတက်ရောက်လာသူများ၏ မေးခွန်းများကိုလည်း ဒေါက်တာအောင်ထက်ထွန်းက ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ ရုပ်သံဗွီဒီယိ...