ဆေးကုသမှုခံယူရန် ကိုရီးယားနိုင်ငံသို့ နိုင်ငံခြားသား ၆ သိန်းကျော် လာရောက်ခဲ့
ပြီးခဲ့သောနှစ်တွင် နိုင်ငံခြားသား ၆ သိန်းကျော်သည် ဆေးကုသမှုခံယူရန် ကိုရီးယားနိုင်ငံသို့ လာရောက်ခဲ့ပြီး နိုင်ငံ၏ ဆေးဘက်ဆိုင်ရာ ခရီးသွားလုပ်ငန်းသမိုင်းတွင် စံချိန်တင် မြင့်မားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ကိုရီးယားနိုင်ငံသည် နိုင်ငံခြားသား လူနာ ၆၀၅,၇၆၈ ဦးကို လက်ခံခဲ့ကြောင်း ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဆိုသည်။ ဝန်ကြီးဌာနသည် နိုင်ငံ၏ ဆေးဘက်ဆိုင်ရာ ခရီးသွား လုပ်ငန်းကို ၂၀၂၃ ခုနှစ် မေလမှ စတင်ကာ မြှင့်တင်ရန် ကြိုးပမ်းခဲ့သည်။
အလာများသည့် နိုင်ငံများမှာ
• ဂျပန် ၁၈၇,၇၇၁ ဦး (၃၁%)
• တရုတ် ၁၁၂,၁၃၅ ဦး (၁၈.၅%)
• အမေရိကန် ၇၆,၉၂၅ ဦး (၁၂.၇%)
• ထိုင်း ၃၀,၈၄၄ ဦး (၅.၁%)
တို့ ဖြစ်ပါသည်။
ယမန်နှစ်က နိုင်ငံခြားလူနာများ၏ ထက်ဝက်ကျော်သည် အလှအပဆိုင်ရာ ကုသမှုများကို ရယူခဲ့ကြရာ၌ အရေပြားဆိုင်ရာ ကုသမှုများအတွက် ၃၅.၂ ရာခိုင်နှုန်းနှင့် ပလပ်စတစ်ဆာဂျရီအတွက် ၁၆.၈ ရာခိုင်နှုန်း ပါဝင်သည်။
Source koreatimes
#HealthIndustryGuide
Comments
Post a Comment