Posts

Showing posts with the label #GarmentIndustryGuide

“ALLAH” စာသားပါ ခြေအိတ် ရောင်းချသည့်အတွက် အမှုဆောင် ၅ ဦးကို စွဲချက်တင်ထား

Image
“ALLAH” ဟူသော စာသား ဖော်ပြထားသော ခြေအိတ်များကို စတိုးဆိုင်တစ်ဆိုင်တွင် ရောင်းချခဲ့ပြီးနောက် မီနီမတ်ဆိုင်ခွဲများလုပ်ငန်းမှ အမှုဆောင်များနှင့် ခြေအိတ်ပေးသွင်းသည့် ကုမ္ပဏီမှ အမှုဆောင်များကို ဘာသာရေး ထိခိုက်စေသည့်အတွက် အင်္ဂါနေ့ (မတ် ၂၆)တွင် မလေးရှားနိုင်ငံမှ တရားရုံးက အမှုဖွင့် စွဲချက်တင်လိုက်သည်။ ယင်းအမှုကို စုံစမ်းစစ်ဆေးရန်နှင့် အပြစ်ရှိကြောင်း တွေ့ရှိရသည့် မည်သူမည်ဝါကိုမဆို အရေးယူရန်  မလေးရှားဘုရင်က တောင်းဆိုခဲ့သည်။  မလေးရှားတော်ဝင်တို့က ယခုလို တောင်းဆိုမှုမျိုးကို အင်မတန်ပြုခဲသဖြင့် ရှားရှားပါးပါး ကြုံတောင့်ကြုံခဲ တောင်းဆိုလိုက်ခြင်း ဖြစ်ပါသည်။ မလေးရှားနိုင်ငံ၏ အလှည့်ကျ ဘုရင် Sultan Ibrahim Iskandar က မလေးရှားနိုင်ငံသားများအား ဘာသာရေး၊ လူမျိုးရေးနှင့် မင်းမျိုးမင်းနွယ်များနှင့် ပတ်သက်သော ထိလွယ်ရှလွယ် ကိစ္စရပ်များကို ဆွေးနွေးခြင်းမှ ရှောင်ကြဉ်ခြင်းဖြင့် လူမှု‌ရေး သဟဇာတ ရှိစေရန် သတိပေးခဲ့သည်။ ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ အမှားအယွင်းများကို ရည်ရွယ်ချက်ရှိရှိ ပြုသည်ဖြစ်စေ၊  မပြုသည်ဖြစ်စေ ခွင့်မပြုနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အခြေခံမော်တာစက်ချုပ်သင်တန်း အမှတ်စဥ် (၂၃၅) ဖွင့်လှစ်မည်

Image
  မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း (MGMA) မှ ကြီးမှူးပြီး အခြေခံ မော်တာစက်ချုပ် သင်တန်း အမှတ်စဥ်  (၂၃၅) ကို ၂၀၂၄ ခုနှစ်၊  မတ်လ ၂၅ ရက်မှ ဧပြီလ ၁၂ ရက်ထိ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း လူ့စွမ်းအား အရင်းအမြစ် ဖွံဖြိုးရေး စင်တာ (MGHRDC) တွင် ဖွင့်လှစ်သွားမည်။ သင်တန်းတွင် အထည်ချုပ်လုပ်ခြင်းဆိုင်ရာ သိသင့်သိထိုက်သည့် ဗဟုသုတများ၊ ချုပ်နည်းအဆင့်ဆင့်များကို လက်တွေ့သင်ကြားမှုများဖြင့် သင်ကြားပေးသွားမှာဖြစ်ပြီး အလုပ်သမားဥပဒေဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားပေးမည်။ အဆိုပါသင်တန်းကို အထည်ချုပ်စက်ရုံများ နှင့် နယ်ဝေးမှအလုပ်အကိုင်ရှာဖေွနေသူများ ၊ အထည်ချုပ်စက်ရုံများတွင်လုပ်ကိုင်ရန်စိတ်ဝင်စား တိုအကြား ချိတ်ဆက်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ကာ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းပြီးဆုံးပါက အထည်ချုပ်စက်ရုံများဖြင့် ချိတ်ဆက်ကာ အလုပ်ရရှိရန် ကူညီပေးမည်။ တက်ရောက်လိုသူတွေအနေနဲ့   ၀၉ ၉၄၀၈၅၈၃၅၀ ၀၉ ၄၅၀၇၂၃၂၆၂ ၀၉ ၉၄၀၃၉၁၂၅၇၀ ၀၉ ၇၈၄၀၈၅၇၉၄ ၀၉ ၉၆၉၈၆၅၀၂၄ ကို ဆက်သွယ်စာရင်းပေးသွင်း တက်ရောက်နိုင်ပါသည်။ #GarmentIndustryGuide