တရုတ်နိုင်ငံတွင် မျိုးရိုးအမည် ဝမ်ဟု အမည်ရှိသူ အမျိုးသားတဦးသည် တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုသူအရေအတွက် များပြားနေစေရန် ဖုန်းအလုံးရေ ၄,၆၀၀ ဖြင့် လုပ်ဆောင်ခဲ့ပြီး လေးလမပြည်ခင်မှာ ယွမ် ၃ သန်း (အမေရိကန်ဒေါ်လာ ၄၁၅,၀၀၀) ဝင်ငွေ ရရှိခဲ့ပြီးနောက် “တရားမဝင် စီးပွားရေး လုပ်ကိုင်သည့် ရာဇ၀တ်မှု” အတွက် ထောင်ဒဏ် တစ်နှစ်နှင့် သုံးလ၊ ဒဏ်ငွေ ယွမ် ၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၇,၀၀၀) စီရင်ချက် ချခံရသည်။ ဝမ်သည် တရုတ်နိုင်ငံ တိုက်ရိုက် Live ထုတ်လွှင့်ခြင်းလုပ်ငန်းကဏ္ဍ၏ အချက်အချာဖြစ်သော တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းနယ်ပယ်တွင် ကလိန်ကကျစ် လုပ်ခြင်းအတွက် ပထမဆုံး ပြစ်ဒဏ်စီရင်ခံရသူဖြစ်သည်။ ဝမ်သည် ၂၀၂၂ ခုနှစ်တွင် လုပ်ငန်း စတင်ခဲ့သည်။ live ထုတ်လွှင့်နေစဉ် ကြည့်ရှုသူဦးရေ၊ like ၊ မန့် ၊ ရှယ်တို့ကို များပြားနေသည့်နှယ် ဖြစ်နေအောင် လုပ်ပေးထားခြင်းဖြင့် အမှန်တကယ် ကြည့်ရှုသူများ ရောယောင်ပါလာစေသည်။ ၎င်းဝန်ဆောင်မှုအတွက် live ထုတ်လွှင့်သည့်ဆီမှ ဝန်ဆောင်ခ ရရှိသည်။ ဝမ်က ဖုန်းအလုံးရေ ၄,၆၀၀ ဝယ်ယူ တပ်ဆင်ထားပြီး cloud အထူးပြု ဆော့ဖ်ဝဲဖြင့် ဖုန်းများကို ကွန်ပျူတာတလုံးဖြင့် စေခိုင်းသည်။ l...