အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ထုတ်ပြန်ချက်နှင့် ပြင်ဆင်ချက် (1)
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ “အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းအား ကန့်ကွက်နိုင်ကြောင်း ထုတ်ပြန်ကြေညာခြင်း” ပါဝင်သော အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ထုတ်ပြန်ချက်နှင့် ပြင်ဆင်ချက် တို့ကို ဖော်ပြအပ်ပါသည်။
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၂၆ အရ အမှတ်တံဆိပ် မှတ်ပုံတင်ပေးရန် လျှောက် ထားချက်နှင့် စပ်လျဉ်း၍ ကန့်ကွက်လိုသူသည် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၁၃ နှင့် ၁၄ ပါ မည်သည့်အကြောင်းပြချက်ကိုမဆို ဖော်ပြ၍ လျှောက်လွှာပုံစံ TM-8 ဖြင့် သတ်မှတ်ထားသည့် အခကြေးငွေပေးသွင်းပြီး ထုတ်ပြန်ကြေညာသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်အရာရှိထံ ကန့်ကွက်လွှာ တင်သွင်းနိုင်သည်။
အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းများနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းလိုပါက ဖုန်းနံပါတ် (+၀၆၇) ၄၃၀၅၇၆ သို့မဟုတ် trademark.ipdgov.mm@gmail.com သို့ ဆက်သွယ်ပါ။
Comments
Post a Comment