Posts

Showing posts with the label #GoldJewelleryGuide

တိုက်တန်းနစ် ခရီးသည် အချမ်းသာဆုံးပုဂ္ဂိုလ် အိတ်ဆောင်နာရီ ပေါင် ၁.၁၇၅ သန်းဖြင့် ရောင်းချ

Image
 တိုက်တန်းနစ်သင်္ဘော ခရီးသည်များတွင် အချမ်းသာဆုံးပုဂ္ဂိုလ်၏ ရုပ်အလောင်းမှ ပြန်လည်တွေ့ရှိခဲ့သည့် ရွှေအိတ်ဆောင်နာရီကို စံချိန်တင် ပေါင် ၁.၁၇၅ သန်းဖြင့် ဧပြီ ၂၇ ရက်နေ့တွင် ရောင်းချခဲ့သည်။ တိုက်တန်းနစ် အမှတ်တရ ကြွင်းကျန်ပစ္စည်းများ လေလံတင်ရာတွင် ၎င်းနာရီသည် တန်ဖိုး အမြင့်ဆုံးပမာဏအဖြစ် စံချိန်တင်သည်။ ဝယ်ယူသူမှာ အမေရိကန်မှ ရှေးဟောင်းပစ္စည်း စုဆောင်းသည့် Henry Aldridge & Son ဖြစ်ပါသည်။  ၁၉၁၂ ခုနှစ်တွင် တိုက်တန်းနစ် နစ်မြုပ်ခဲ့စဉ် နာရီ မူလပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင် အသက် ၄၇ နှစ်ရှိ John Jacob Astor သည် ဇနီးသစ် Madeleine ကို အသက်ကယ်လှေအမှတ်(၄)ပေါ် သို့ ရောက်ရှိစေခဲ့ပြီးနောက် သင်္ဘောနှင့်အတူ နစ်မြုပ်သွားခဲ့သည်။ ဇနီးသည်မှာ သေဘေးမှ လွတ်မြောက်ခဲ့သည်။ ခုနစ်ရက်အကြာတွင် Astor ၏အလောင်းအား အတ္တလန်တိတ်သမုဒ္ဒရာမှာ ပြန်လည်တွေ့ရှိခဲ့ပြီး သူပိုင်ဆိုင်သည့် JJA စာလုံးအလှ ထွင်းထားသည့် ၁၄ ကာရက်ရွှေ Waltham အိတ်ဆောင်နာရီကို တွေ့ရှိခဲ့သည်။ Astor သည် လွန်ခဲ့သည့် ၁၁၂ နှစ် ငွေတန်ဖိုးအရ အသားတင်တန်ဖိုး ကန်ဒေါ်လာ ၈၇ သန်း ရှိသည်။ ယခုငွေတန်ဖိုးအရ ဘီလျံနာတဦး ဖြစ်သည်။

ဧပြီ ၁၆ ရက် ထိုင်းရွှေဈေး စံချိန်ချိုး မြင့်တက်

 ဧပြီ ၁၆ ရက်တွင် ထိုင်းရွှေဈေး အမြင့်အသစ်တခုသို့ ရောက်ရှိခဲ့ကြောင်း ရွှေကုန်သည်အသင်း Gold Traders Association (GTA) က ပြောကြားသည်။ ဈေးစဖွင့်ပြီး ၃၅ မိနစ်အတွင်း ဈေးနှုန်း ၅ ကြိမ်ပြောင်းသည်။ စစချင်း နံနက် ၉ နာရီတွင် ဘတ် ၇၀၀ ခုန်တက်ခဲ့သည်။ ဒုတိယမြောက် အပြောင်းအလဲတွင် ဘတ် ၅၀ ဈေးထပ်တက်ခဲ့သည်။ အလေးချိန် တဘတ်လျှင် ရွှေချောင်း ရောင်းဈေး  ဘတ် ၄၁,၂၀၀ ၊ ဝယ်ဈေး ၄၁,၁၀၀ သို့ ရောက်သွားခဲ့ပြီးရွှေထည် ရောင်းဈေး ဘတ် ၄၁,၇၀၀ ၊ ဝယ်ဈေး ၄၀,၃၅၅.၈၂ ဖြစ်သွားခဲ့သည်။ (ရွှေအလေးချိန် တဘတ် = ၁၅.၂ ဂရမ်) ရွှေချောင်းဈေးနှုန်း ဘတ် ၇၅၀ ခုန်တက်ခဲ့ပြီး ရွှေထည်ဈေးနှုန်း ဘတ် ၆၀၀ ခုန်တက်ခဲ့သည်။ GTA ဝဘ်ဆိုက်တွင် နံနက် ၉ နာရီ ၂ မိနစ် ဈေးနှုန်းမှာ ပြည်တွင်းရွှေချောင်း အလေးချိန် တဘတ်လျှင် ရောင်းဈေး ဘတ် ၄၁,၅၅၀ ၊ ဝယ်ဈေး ဘတ် ၄၁,၄၅၀ ရှိခဲ့သည်။   ရွှေ ၉၆.၅% ပါသည့် ရွှေထည်သည် အလေးချိန် တဘတ်လျှင် ဝယ်ဈေး ဘတ် ၄၀,၇၀၄.၆၀ ၊ ရောင်းဈေး ဘတ် ၄၂,၀၅၀ ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေး ပေါက်ဈေးမှာ တအောင်စလျှင် ကန်ဒေါ်လာ ၂၃၈၄.၀၀ ရှိခဲ့သည်။ ဧပြီ ၁၆ ရက် ရွှေဈေးမြင့်တက်မှုသည် စံချိန်ချိုးရုံသာမက ဘတ် ၄၂,၀၀၀ ရေချိန်ကို ဖောက်တက်သွားခြင်း ဖြစ်သည်။ ဧပြီ...

တရုတ်ဗဟိုဘဏ် ရွှေအများဆုံး ဝယ်ယူသည့် ဗဟိုဘဏ် ဖြစ်

  တရုတ်ဗဟိုဘဏ် People’s Bank of China (PBOC)သည် မတ်လတွင် အရန် ရန်ပုံငွေထဲသို့ ရွှေ ၁၆၀,၀၀ ထရွိုင်အောင်စကို ထပ်ဖြည့်ထည့်ခဲ့သည်။  PBOC သည် ရွှေအသားတင်ဝယ်ယူမှု ၇.၂၃ သန်း (၂၂၄.၉ မက်ထရစ်တန်)ဖြင့် ၂၀၂၃ ခုနှစ်တွင် ရွှေအများဆုံး ဝယ်ယူသည့် ဗဟိုဘဏ် ဖြစ်ပြီး PBOC အဖို့ ရွှေအများဆုံး ဝယ်ယူသည့်နှစ် ဖြစ်သည်။ တရုတ်ဗဟိုဘဏ်သည် လစဉ်လတိုင်း ရွှေဖြည့်တင်းနေသည်မှာ ၁၇ လ ဆက်တိုက် ရှိသွားပြီ ဖြစ်သည်။  တရုတ်ဗဟိုဘဏ်သည် ဖေဖော်ဝါရီလကုန်တွင် ရွှေ အောင်စ ၇၂.၅၈ သန်း ရှိခဲ့ပြီး မတ်လကုန်တွင် အောင်စ ၇၂.၇၄ သန်း ရှိခဲ့သည်။ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၄၈.၆၃ ဘီလီယံမှ ကန်ဒေါ်လာ ၁၆၁.၀၇ ဘီလီယံသို့ ရောက်ရှိလာခဲ့သည်။ ဗဟိုဘဏ်များ ရွှေဖြည့်တင်းကြသည်မှာ ၂ နှစ် ရှိသွားပြီဖြစ်ပြီး ယခုနှစ် ၂၀၂၄ တွင်လည်း ဆက်လက် ဝယ်ယူဖြည်တင်းနေကြသည်။ တူရကီ၊ အိန္ဒိယ၊ ကာဇက်စတန်နှင့် ဥရောပ အရှေ့ပိုင်းနိုင်ငံအချို့မှ ဗဟိုဘဏ်တို့သည် ယခုနှစ်တွင် တရုတ်နိုင်ငံနည်းတူ ရွှေဝယ်ယူလျက်ရှိသည်ဟု ကမ္ဘာ့ရွှေကောင်စီ World Gold Council (WGC) မှ ပြောကြားသည်။  ကမ္ဘာ့ဗဟိုဘဏ်များသည် ၂၀၂၃ ခုနှစ်တွင် စုစုပေါင်း  ရွှေ ၁,၀၃၇.၄ တန် ဝယ်ယူခဲ့ကြသည်။ ကမ္ဘာ့ရွှေ ...

အိန္ဒိယ မတ်လ ရွှေတင်သွင်းမှု ၉၀% လျော့ကျမည်

 ရွေစျေးနှုန်းများ စံချိန်တင် မြင့်တက်ပြီးနောက် ပြည်တွင်း ရွှေဝယ်လိုအားကို ထိခိုက်သဖြင့် အိန္ဒိယမှ ဘဏ်များက ရွှေတင်သွင်းမှုများ လျှော့ချထားခြင်းကြောင့် အိန္ဒိယ ရွှေတင်သွင်းမှုသည် မတ်လတွင် ယခင်လထက် ၉၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်ကာလမှစ၍ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိမည်ဟု အစိုးရတာဝန်ရှိသူနှင့်  ဘဏ်ကုန်သည်နှစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ ကိုဗစ်ကာလတွင် လေကြောင်းခရီးစဉ်များ ရပ်နားထားရသဖြင့် လေကြောင်းဖြင့် ရွှေတင်သွင်းနိုင်ခြင်း မရှိသောကြောင့် အိန္ဒိယ ရွှေတင်သွင်းမှု လျော့ကျခဲ့သည်။ ရွှေမဝင်သဖြင့် ရွှေထည်လက်ဝတ်ရတနာဆိုင်များ ပိတ်ထားခဲ့ရသည်။ အမေရိကန် ဗဟိုဘဏ်အဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စု ရန်ပုံငွေသည် ယခုနှစ်တွင် အတိုးနှုန်းကို လျှော့ချမည်ဟု မျှော်လင့်ထားကြခြင်းကြောင့် ငွေချေးအာမခံစာချုပ်များတွင် ရင်းနှီးမြှုပ်နှံပါက ရမည့် အတိုးနှုန်း လျော့ကျတော့မည် ဖြစ်သဖြင့် ရွှေကို ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံကြရာ ဝယ်လိုအား များလာခဲ့ပြီး ယခုလအစောပိုင်းတွင် ကမ္ဘာ့ရွေစျေးနှုန်းများ စံချိန်တင် မြင့်မားခဲ့သည်အထိ အရှိန်ကောင်းကောင်းဖြင့် မြင့်တက်ခဲ့သည်။ အိန္ဒိယသည် ကမ္ဘာ့ဒုတိ...

ဒေါ်လာ ၁ ဒသမ ၂၅ သန်းတန် ငါး ၃ကောင် လက်ပတ်နာရီ

Image
  မတ် ၁ ရက်မှ ၃ ရက်အထိ ပြုလုပ်ခဲ့သည့် Anant Ambani နှင့် စေ့စပ်ထားသူ သတိုးသမီး Radhika Merchant တို၏ သုံးရက်တာ ခမ်းနားသော မင်္ဂလာပွဲအကြိုပွဲသို  Facebook ၏ ပူးတွဲတည်ထောင်သူနှင့်  Facebook ၏ မိခင်လုပ်ငန်း Meta စီအီးအို  Mark Zuckerberg နှင့် ၎င်း၏ဇနီး Priscilla Chan တို တက်ရောက်ခဲ့ကြသည်။  သူတိုက သတို့သား အာနက် အမ်ဘာနီနှင့် ခေတ္တတွေ့ဆုံစဉ် သတိုးသား၏ လက်ကောက်ဝတ်မှ လက်ပတ်နာရီကို စိတ်ဝင်စားမိကြပြီး လက်ပတ်နာရီအကြောင်း အလ္လာပသလ္လာပ ပြောဆိုကြသည့် မှတ်တမ်း ဗီဒီယိုအတို အင်တာနက်မှာ ပျံ့နှံသွားခဲ့ပြီး ၎င်းလက်ပတ်နာရီကို လူသိများသွားခဲ့သည်။  "ကျွန်တော်က လက်ပတ်နာရီတွေကို တကယ့်ကို စိတ်မဝင်စားခဲ့ဘူး။ ဒါပေမယ့် ဒီဟာကို မြင်တွေ့ပြီးတဲ့နောက်မှာ လက်ပတ်နာရီတွေဟာ အတော်လေးကို စွဲမက်စရာကောင်းတယ်လို ကျွန်တော် တွေးမိပါတယ်" ဟု ဇပ်ကာဘတ်က မှတ်ချက်ပြုခဲ့သည်။  ၎င်းလက်ပတ်နာရီသည် အာနက် အမ်ဘာနီအတွက် တသီးတသန့် ထုတ်လုပ်ပေးထားခြင်း ဖြစ်သည်။  ဆွဇ် စည်းစိမ်နာရီထုတ်လုပ်သူ Richard Mille က ဒီဇိုင်းထုတ်ခဲ့ပါသည်။ ၁၈ ကာရက်ရွှေနှင့် စိန်များ မျက်နှာပြင်နှင့် ဘေးဘက်တွင် အလှဆင်ထားသည်။...