တိုက်တန်းနစ် ခရီးသည် အချမ်းသာဆုံးပုဂ္ဂိုလ် အိတ်ဆောင်နာရီ ပေါင် ၁.၁၇၅ သန်းဖြင့် ရောင်းချ

 တိုက်တန်းနစ်သင်္ဘော ခရီးသည်များတွင် အချမ်းသာဆုံးပုဂ္ဂိုလ်၏ ရုပ်အလောင်းမှ ပြန်လည်တွေ့ရှိခဲ့သည့် ရွှေအိတ်ဆောင်နာရီကို စံချိန်တင် ပေါင် ၁.၁၇၅ သန်းဖြင့် ဧပြီ ၂၇ ရက်နေ့တွင် ရောင်းချခဲ့သည်။


တိုက်တန်းနစ် အမှတ်တရ ကြွင်းကျန်ပစ္စည်းများ လေလံတင်ရာတွင် ၎င်းနာရီသည် တန်ဖိုး အမြင့်ဆုံးပမာဏအဖြစ် စံချိန်တင်သည်။

ဝယ်ယူသူမှာ အမေရိကန်မှ ရှေးဟောင်းပစ္စည်း စုဆောင်းသည့် Henry Aldridge & Son ဖြစ်ပါသည်။ 


၁၉၁၂ ခုနှစ်တွင် တိုက်တန်းနစ် နစ်မြုပ်ခဲ့စဉ် နာရီ မူလပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင် အသက် ၄၇ နှစ်ရှိ John Jacob Astor သည် ဇနီးသစ် Madeleine ကို အသက်ကယ်လှေအမှတ်(၄)ပေါ် သို့ ရောက်ရှိစေခဲ့ပြီးနောက် သင်္ဘောနှင့်အတူ နစ်မြုပ်သွားခဲ့သည်။ ဇနီးသည်မှာ သေဘေးမှ လွတ်မြောက်ခဲ့သည်။

ခုနစ်ရက်အကြာတွင် Astor ၏အလောင်းအား အတ္တလန်တိတ်သမုဒ္ဒရာမှာ ပြန်လည်တွေ့ရှိခဲ့ပြီး သူပိုင်ဆိုင်သည့် JJA စာလုံးအလှ ထွင်းထားသည့် ၁၄ ကာရက်ရွှေ Waltham အိတ်ဆောင်နာရီကို တွေ့ရှိခဲ့သည်။

Astor သည် လွန်ခဲ့သည့် ၁၁၂ နှစ် ငွေတန်ဖိုးအရ အသားတင်တန်ဖိုး ကန်ဒေါ်လာ ၈၇ သန်း ရှိသည်။ ယခုငွေတန်ဖိုးအရ ဘီလျံနာတဦး ဖြစ်သည်။


Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး