Posts

Showing posts with the label #ICTGuide

အသစ်မိတ်ဆက်ပေးလိုက်တဲ့ Samsung AI TV တွေအပါအဝင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို အတန်ဆုံး ပစ္စည်း သို့ မဟုတ် ငွေသား လက်ဆောင်တွေနဲ့ ရရှိနိုင်မယ့် Samsung ရဲ့ မိုးဦးမေတ္တာ ပရိုမိုးရှင်း

Image
  ဝဿန်ကာလအကြိုအစီအစဉ်အနေနဲ့ မေလ (၁၅) ရက်နေ့ကနေ ဇွန်လ (၂၀) ရက်နေ့အတွင်း ပြုလုပ်ပေးနေတဲ့ အတန်ဆုံး ပရိုမိုးရှင်း   မကြာသေးခင်က မြန်မာနိုင်ငံမှာ မိတ်ဆက်ပေးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထုတ် Samsung AI TV များအပါအဝင် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ဝယ်ယူရင်း (၂၅) သိန်းကျပ်အထိ တန်ဖိုးရှိ Sound Bar လက်ဆောင် (သို့) (၇) သိန်းကျပ်အထိ ငွေသားလက်ဆောင် ရရှိနိုင်မည် Samsung Myanmar ဟာ စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်တွေနဲ့ AI နည်းပညာတွေ ပါဝင်လာတဲ့ ၂၀၂၄ ခုနှစ်ထုတ် နောက်ဆုံးပေါ် Samsung AI TV တွေ ဖြစ်တဲ့ Neo QLED, Neo QLED 8K, OLED နဲ့အတူ QLED, Crystal UHD နဲ့ Lifestyle TV တို့ကို ပြီးခဲ့တဲ့ မေလ (၈) ရက်နေ့က ရန်ကုန်မြို့၊ Junction City Promotion Area မှာ Unbox & Discover 2024 အခမ်းအနားကြီးနဲ့အတူ မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး အဆိုပါအခမ်းအနားကို နာမည်ကျော်အနုပညာရှင်တွေဖြစ်တဲ့ ထက်ထက်ထွန်း၊ Bunny Phyoe နဲ့ Square Lake Pirates၊ ဖိတ်ကြားထားတဲ့ အထူးဧည့်သည်တော်တွေ၊ လာရောက်အားပေးကြည့်ရှုသူ ပရိတ်သတ်တွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။  ယခုအချိန်မှာတော့ Samsung   Myanmar ကနေ မကြာမီရောက်ရှိလာမယ...

အင်ဒိုနီးရှားတွင် စတားလင့် စတင်

 ဂြိုဟ်တုအင်တာနက်ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း Starlink စီအီးအို အီလွန်မတ်စ်သည် အင်ဒိုနီးရှားနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာပြီး တနင်္ဂနွေနေ့ (မေ ၁၉) မွန်းလွဲပိုင်းတွင် ဘာလီကျွန်း မြို့တော် Denpasar ရှိ ဆေးခန်းတစ်ခုတွင် Starlink ဂြိုဟ်တုအင်တာနက်ဆက်သွယ်ရေး ဝန်ဆောင်မှုကို စတင်ဖွင့်လှစ်ခဲ့သည်။ ဆေးခန်း ၃ ခုဖြင့် စတားလင့်ကို အစမ်းသုံးကြည့်ခဲ့ပြီးနောက် အင်ဒိုနီးရှားမှာ စီးပွားဖြစ် လုပ်ကိုင်ရန် မေလဆန်းတွင် ခွင့်ပြုခဲ့သည်။ အင်ဒိုနီးရှားအစိုးရသည် နိုင်ငံတစ်ဝှမ်းရှိ အစိုးရပိုင် ဆေးခန်း ၁၀,၀၀၀ အတွက် Starlink ၏ ဝန်ဆောင်မှုများကို အသုံးပြုရန် ကုန်ကျစရိတ်အတွက် အသုံးစရိတ် ချပေးထားသည်။ ဆေးခန်းများမှ ဒေတာများကို အမျိုးသား ကျန်းမာရေးစနစ် ဆာဗာထံ စတားလင့် ဂြိုဟ်တုအင်တာနက် ဆက်သွယ်ရေးဖြင့် ပေးပို့မည် ဖြစ်သည်။ မတ်စ်သည် အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီး Budi Gunadi Sadikin နှင့်အတူ ကျန်းမာရေးကဏ္ဍဆိုင်ရာ သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။ အရှေ့တောင်အာရှတွင် Starlink ကို ဖိလစ်ပိုင်နှင့် မလေးရှားတို့တွင် ရရှိနေပြီဖြစ်သည်။ အင်ဒိုနီးရှားသည် တတိယမြောက် ဖြစ်သည်။ Source AFP #ICTIndustryGuide 

ဟွာဝေးရဲ့ နောက်ဆုံးထုတ် စမတ်ဖုန်း Pura 70 စီးရီး မလေးရှားမှာ စတင်ရောင်းချ

Image
 ဟွာဝေးရဲ့ နောက်ဆုံးထုတ် စမတ်ဖုန်း Pura 70 စီးရီးကို မလေးရှားမှ SIRIM ထံမှ လက်မှတ် ရရှိပါတယ်။ SIRIM ဟာ အစိုးရ အဖွဲအစည်းStandard and Industrial Research Institute of Malaysia ဖြစ်ပြီး ၎င်းထံမှ လက်မှတ်ရရှိခြင်းဟာ မလေးရှားမှာ တရားဝင်ရောင်းချနိုင်ကြောင်း မီးစိမ်း ပြလိုက်တာ ဖြစ်ပါတယ်။ Huawei Technologies ရဲ့ လည်ပတ်စနစ် HarmonyOS Next ဟာ Android အက်ပ်တွေ သုံးလို မရတာကြောင့် လူသုံးများတဲ့ ဂူးဂဲရဲ့ အက်ပ်တွေ တခုမှ သုံးလိုမရတဲ့အတွက် မလေးရှားမှာ ရောင်းချဖို အခက်အခဲ ကြီးမားမှာ ဖြစ်ပါတယ်။ Pura 70  ကို ၄,၆၉၉ ရင်းဂစ်ဖြင့် ဈေးဖွင့်ထားပါတယ်။ ယမန်နှစ် နှစ်ကုန်ပိုင်းမှာ ဟာမိုနီအိုအက်စ်က ကမ္ဘာ့ဈေးကွက်မှာ ဈေးကွက် ဝေစု ၄% သာ ရှိပြီး အင်ထရွိက်က ၇၄% ရှိပါတယ်။ ဟာမိုနီအိုအက်စ် ရတဲ့ ၄% ကလည်းတကယ်တော့ တရုတ်ပြည်တွင်း သုံးစွဲမှု ဖြစ်ပါတယ်။ Mate 60 Pro ဖြင့် ဟွာဝေး အောင်ပွဲခံခဲ့ပြီး Pura 70 စီးရီးကို ဧပြီလလယ်မှာ စတင်ရောင်းချခဲ့ရာ ရောင်းအား တာထွက်ကောင်းခဲ့ပါတယ်။ ပြည်တွင်းဖြစ် Kirin 9010 ချစ်ပ်ကို အသုံးပြုထားပါတယ်။ Semiconductor Manufacturing International Corp SMIC မှ ထုတ်လုပ်ပေးပါတယ်။ Source scmp

အင်တူတူ စံနှုန်း၂၀၂၄ ဧပြီလ အမှတ်အများဆုံးရ စမတ်ဖုန်းများ

  AnTuTu  Benchmark သည် အလုံးစုံ လုပ်ဆောင်နိုင်စွမ်းအပေါ် အခြေခံ၍ စမတ်ဖုန်းများကို ယထာဘူတကျကျ အဆင့်သတ်မှတ်ပေးရန် CPU စွမ်းဆောင်ရည်၊ ဂရပ်ဖစ်လုပ်ဆောင်နိုင်မှုစွမ်းရည်၊ မှတ်ဉာဏ်စီမံခန့်ခွဲမှု ထိရောက်မှု၊ ဘက်စုံလုပ်ဆောင်နိုင်သော စွမ်းဆောင်ရည်နှင့် သိုလှောင်မှုအမြန်နှုန်းစသည့် ရှုထောင့်အမျိုးမျိုးမှ စမတ်ဖုန်းတစ်လုံး၏ စွမ်းဆောင်ရည်များကို အကဲဖြတ်သည့် ရေပန်းစားသော စံသတ်မှတ်‌ပေးသည့် အက်ပ်တစ်ခုဖြစ်သည်။ AnTuTu သည် တရုတ်ပြည်တွင်း ရောင်းချသည့် Andriod စမတ်ဖုန်းများကို အဆင့်သတ်မှတ်ပေးသည့် အစီရင်ခံစာကိုလည်း ထုတ်ပြန်သည်။ ၂၀၂၄ ဧပြီ စာရင်းတွင် ဂိမ်းကစားသူများအတွက် ဦးတည်ထုတ်လုပ်ထားသည့် Asus ROG Phone 8 Pro သည် အမှတ်အများဆုံးဖြင့် ပထမ ရသည်။ iQOO 12 သည် ဒုတိယ ရသည်။ တတိယနေရာကို Red Magic 9 Pro+ ရရှိသည်။ 1 Asus ROG Phone 8 Pro 2 ¡Q00 12 3 Red Magic 9 Pro+ 4 vivo X Fold3 Pro 5 life X100 Pro 6 ¡QOO 12 Pro 7 ¡QOO Neo9 Pro 8 OPPO Find X7 Ultra 9 life X100 10 OnePlus 12 စမတ်ဖုန်းတစ်လုံးကို ရွေးချယ်ရာတွင် AnTuTu စံနှုန်းအမှတ်များသည် ထည့်သွင်းစဉ်းစားရမည့် အချက်တစ်ခုမျှသာ ဖြစ်သည်။ စမတ်ဖုန်း အသုံးပြုသူ၏ လိ...

Play Store တွင် “အစိုးရ” တံဆိပ်အသစ် စတင်ဖော်ပြ

Image
 Google သည် အစိုးရဌာနဆိုင်ရာ တရားဝင် Android အက်ပ် ဟုတ်မှန်ကြောင်း အလွယ်တကူ သိနိုင်စေရန်အတွက်  Play Store တွင် “အစိုးရ” “Government” တံဆိပ်အသစ်ကို စတင်ဖော်ပြပေးပါသည်။ ၎င်းတံဆိပ်ကို တို့ထိလိုက်ပါက "တရားဝင်အစိုးရ — ဤအက်ပ်သည် အစိုးရအဖွဲ့အစည်းတစ်ခုနှင့် ဆက်နွှယ်နေကြောင်း Play အတည်ပြုထားသည်။" “Official government — Play verified this app is affiliated with a government entity.” ဟု အကျဉ်းရုံး တင်ပြချက် ပေါ်လာမည် ဖြစ်သည်။ အစိုးရ ရုံးဌာန ကိုယ်စားပြု အဆောက်အဦသင်္ကေတကိုလည်း ဖော်ပြပေးထားသည်။ ဩစတေးလျ၊ ဘရာဇီး၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မက္ကဆီကို၊ တောင်ကိုရီးယား၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံများမှ အစိုးရအက်ပ်များကို အမှတ်အသားပြုပေးထားပါသည်။ ကနဦးအနေဖြင့် အက်ပ် ၃,၀၀၀ ကျော်ကို အမှတ်အသားပြုပေးထားသည်။ အစိုးရဌာနများသည် developer အကောင့် စတင်ဖွင့်သည့်အခါ တရားဝင် အစိုးရ အီးမေးလ်ကို အသုံးပြုပေးပါရန် ဂူးဂဲက တိုက်တွန်းထားသည်။  အစိုးရအက်ပ်အဖြစ် အယောင်ဆောင်ပြီး လိမ်စား၊ ရိုက်စားခြင်းများကို ကာကွယ်ပေးနိုင်ရန် ရည်ရွယ်ပါသည်။ Source google #ICTGuide 

TikTok မှ လူမှုအသိုင်းအဝိုင်း ဘေးကင်းလုံခြုံမှုကို အားပေးမြှင့်တင်ရန် ဒစ်ဂျစ်တယ် ကျန်းမာရေးနှင့် တီထွင်ဖန်တီးနိုင်စွမ်းကို ဆက်လက်အားပေးမြှင့်တင်လျက်ရှိ

Image
 TikTok သည် မြန်မာနိုင်ငံရှိ အသုံးပြုသူများကြားတွင် အရှိန်အဟုန်ဖြင့် အသုံးပြုမှု မြင့်တက်လာလျက်ရှိကာ တီထွင်ဖန်တီးနိုင်စွမ်း နှင့်  မိမိစွမ်းရည်ဆိုင်ရာ ထုတ်ဖော်ပြသမှုတို့ အတွက် အရေးပါသည့် ထိပ်တန်း ပလက်ဖောင်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။  TikTok အနေဖြင့် အဆိုပါ အသုံးပြုသူဦးရေ နှင့် TikTok ပလက်ဖောင်းတွင် ရိုက်ကူးတင်ဆက်သည့် ဗီဒီယို အကြောင်းအရာများ ပိုမိုတိုးတက်များပြားလာသည်နှင့်အမျှ TikTok လူမှုအသိုင်းအဝိုင်းအတွက် မရှိမဖြစ်လိုအပ်သည့် ဒစ်ဂျစ်တယ်ကျန်းမာရေးကို အရှိန်အဟုန်ဖြင့် အားပေးမြှင့်တင်လျက်ရှိပါသည်။ ဒစ်ဂျစ်တယ်ကျန်းမာရေးကို အဓိက အားပေးမြှင့်တင်ရာတွင်  အွန်လိုင်းပေါ်၌ အမုန်းစကားပြောဆို အနိုင်ကျင့်ခြင်းနှင့် မိဘများအနေဖြင့် ဆယ်ကျော်သက် လူငယ်များ အွန်လိုင်းအသုံးပြုမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်း စသည်တို့ ပါဝင်လျက်ရှိသည်။ ယခုအခါ အသက် ၅ နှစ်မှ ၁၅ နှစ်အရွယ်ရှိ ဆယ်ကျော်သက်ဦးရေ ထက်ဝက်ကျော်တစ်ဦးချင်းစီအနေဖြင့် မိုဘိုင်းလ်ဖုန်း အသုံးပြုလျက်ရှိပြီး အသက် ၅ နှစ်မှ ၁၆ နှစ်ကြား လူငယ်များမှ သူငယ်ချင်းများနှင့်  မက်ဆေ့ချ်စာတိုပေးပို...

အသစ်စက်စက် ဆွဲဆောင်မှုအတွေ့အကြုံ - ကျက်သရေရှိပြီး အဆင်မြင့်ဒီဇိုင်းများနှင့် V30e လာပြီ

Image
စျေးကွက်ရှေ့ဆောင်နည်းပညာ အမှတ်တံဆိပ်တစ်ခု ဖြစ်သည့် vivo သည် ၎င်း၏ နောက်ဆုံးဝင်ရောက်လာသော နာမည်ကျော်  V seires စတင်မိတ်ဆက် မည့်ရက်ကို ကြေညာလိုက်သည်။ vivo က V30 ၏ အောင်မြင်မှုကို အခြေခံပြီး အများမျှော်လင့်နေသည့် V30e ကိုမိတ်ဆက်ရန် စီစဉ်ထားသည်။ အဆိုပါမော်ဒယ်အသစ်မှ တက်ကြွသော ဆန်းသစ်တီထွင်မှု၊ ယဉ်ကျေးမှုများကို  ထင်ဟပ်စေကာ ၎င်း၏ ထင်ရှားကျော်ကြားသော V series ကို မြှင့်တင်ရန် vivo ၏ တစိုက်မတ်မတ်ကြိုးစားနေမှုကို ပေါ်လွင်ထင်ရှားစေသည်။ vivo V30e သည် စံသတ်မှတ်ချက်အသစ်များကို ချမှတ်မည်ဟုကတိပြုကာ သာလွန်ကောင်းမွန်သော ကင်မရာစွမ်းရည်များ၊ လက်ရာမြောက်သော ဒီဇိုင်းနှင့်အတူ မိုဘိုင်းနည်းပညာအတွက် ဆွဲဆောင်မှု အရည်အသွေးနှင့် မျှော်လင့်ချက် အသစ်တွေကို ပြန်လည်ဖြည့်စွက် ထားခြင်းဖြစ်သည်။   ထူးခြားသည့် ဒီဇိုင်းရှိခြင်းသည် V series အတွက် ဂုဏ်ယူစရာတစ်ခုဖြစ်ပါသည်။​ ဆွဲဆောင်မှု အရည်အသွေးမြင့်မားစွာြဖင့် V30e တွင် ထိတွေ့မှုနှင့် အမြင်အာရုံ နှစ်ခုစလုံးအတွက် ခေတ်မှီ ဆန်းကြယ်ပြီး luxury ခံစားချက်ကို ဖြစ်စေနိုင်သော 120 Hz 3D Curved Screen အား တပ်ဆင်ပေးထားသည်။​  V30e ဖန်တီးရာတွင် vivo ၏ တစ်စိုက်မတ်မ...

အသုံးပြုသူ customer များ အခမဲ့ကျန်းမာရေးဆွေးနွေးတိုင်ပင်မှုများ ရယူနိုင်ရန်အတွက် ‘၇၈၈၇’ သို့ဖုန်းခေါ်ဆိုပြီး Telemedicine Campaign တွင် ပါဝင်ရန် အက်တမ် (ATOM) က တိုက်တွန်း

Image
  အသုံးပြုသူ customer များ အခမဲ့ကျန်းမာရေးဆွေးနွေးတိုင်ပင်မှုများ ရယူနိုင်ရန်အတွက် ‘၇၈၈၇’ သို့ဖုန်းခေါ်ဆိုပြီး Telemedicine Campaign တွင် ပါဝင်ရန် အက်တမ် (ATOM) က တိုက်တွန်း ● အက်တမ် (ATOM) သည် Trust Oo Co., Ltd နှင့်အတူပူးပေါင်းကာ အက်တမ် (ATOM) အသုံးပြုသူ customer များအတွက် အခမဲ့အွန်လိုင်းမှတစ်ဆင့် ကျန်းမာရေးဆွေးနွေးဝန်ဆောင်မှု အကြောင်းအရာနှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်စေရန် ရည်ရွယ်ပြီး ကမ်ပိန်းအစီအစဉ်တစ်ခု စတင်ခဲ့ပါသည်။ ● (၅) လတာကြာမြင့်မည့် ယခုကမ်ပိန်းကာလအတွင်း မှန်ကန်တိကျသော ကျန်းမာရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်မှုများအတွက် '၇၈၈၇' သို့ဖုန်းခေါ်ဆိုပြီး အွန်လိုင်းမှ တစ်ဆင့် ကျန်းမာရေးဆွေးနွေးဝန်ဆောင်မှုကို ရယူသည့် အက်တမ် (ATOM) အသုံးပြုသူ customer များကို မေတ္တာဆုလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်သည်။ ● လစဉ် မဲနှိုက်ရွေးချယ်ပြီး ပေးအပ်သွားမည့် ဆုလက်ဆောင်များတွင် ကျန်းမာရေးဖြည့်စွက်စာများ၊ မိုဘိုင်းဖုန်းများနှင့် မိသားစုကျန်းမာရေးအတွက် အသုံးဝင်မည့် ဆေးဝါးပစ္စည်းကိရိယာများပါဝင်သည့် ဆေးသေတ္တာဘူးများ စသည်တို့ ပါဝင်သည်။ ရွေးချယ်ခံရသော ကံထူးရှင် (၂) ဦးကို အထူးဆေးဝါးကုသမှု အထောက်အပံ့များ ‌ပ...

ပါကစ္စတန်မှာ ဆမ်ဆောင်း ပရီမီယံ စမတ်ဖုန်း Galaxy S24 စီးရီး ပစ္စည်းပြတ်

ပါကစ္စတန်မှာ စမတ်ဖုန်း သုံးစွဲသူ အများစုက ဈေးသက်သာတဲ့ စမတ်ဖုန်းတွေ အသုံးများကြပေမဲ့ ယခုနှစ်မှာတော့ ဆမ်ဆောင်း ပရီမီယံ စမတ်ဖုန်း Galaxy S24 စီးရီးကို အဝယ်များကြလို့ ပစ္စည်း ပြတ်တဲ့အထိ ဖြစ်သွားပါတယ်။ ဆမ်ဆောင်းက "ကျွန်ုပ်တို့၏ ဖောက်သည်များထံမှ ဝယ်လိုအားကို ဖြည့်ဆည်းရန် အပြင်းအထန် ကြိုးစားနေပြီး မကြာမီ ရောင်းချမှုများ ပြန်လည်စတင်နိုင်မည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။"လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။ Galaxy S24၊ S24+ နှင့် S24 Ultra တို့ဟာ Galaxy AI ပထမဆုံး ပါလာတဲ့ flagship စမတ်ဖုန်းများ ဖြစ်ပါတယ်။ ဉာဏ်ရည်တု Artificial Intelligence ကို AI လို့ အတိုကောက် ခေါ်ဝေါ်ကြ‌ပြီး Galaxy AI မှ AI ကိုတော့ ဆမ်ဆောင်းက ‘Advanced Intelligence' အဆင့်မြင့် ဉာဏ်ရည် လုပ်ဆောင်ချက် အင်္ဂါရပ်လို့ ဆိုပါတယ်။ ပါကစ္စတန်မှာ ရောင်းချတဲ့ Galaxy S24 စီးရီး စမတ်ဖုန်းအသစ် အများစုကို ပြည်တွင်း၌ Lucky Motor Corporation စက်ရုံမှာ တပ်ဆင်ထုတ်လုပ်ပါတယ်။  Samsung က ပါကစ္စတန် ကုမ္ပဏီ Lucky Motor Corporation နှင့် စာချုပ်ချုပ်ဆိုပြီးနောက် ၂၀၂၁ ခုနှစ်တွင် ပါကစ္စတန်မှာ ဖုန်းများကို စတင်တပ်ဆင်ထုတ်လုပ်ခဲ့ပါတယ်။ ပါကစ္စတန်မှာ ရ...

ဆမ်ဆောင်း ချစ်ပ်လုပ်ငန်းကဏ္ဍ တနှစ်ကျော် အရှုံးပေါ်ခဲ့ရာမှ အမြတ်ပြန်ရ

စမတ်ဖုန်း ထုတ်လုပ်မှုနှင့် မှတ်ဉာဏ်ချစ်ပ်ထုတ်လုပ်မှုတို့တွင် ကမ္ဘာ့အကြီးဆုံးကုမ္ပဏီဖြစ်သည့် Samsung Electronics သည် ယခုနှစ် ဇန်နဝါရီမှ မတ်အထိ ၃ လတာတွင် လုပ်ငန်းလည်ပတ်မှုအမြတ် ဝမ် ၆.၆ ထရီလီယံ (ကန်ဒေါ်လာ ၄.၈ ဘီလီယံ) ရရှိခဲ့သည်။  အရောင်းဝင်ငွေ ဝမ် ၇၁.၉ ထရီလီယံ ရရှိခဲ့ပြီး အသားတင်အမြတ် ဝမ် ၆.၇၅ ထရီလီယံ ရရှိခဲ့သည်။ ၎င်း၃လတာတွင် သုတေသနနှင့် ဖွံ့ဖြိုးရေးအတွက် ဝမ် ၇.၈၂ ထရီလီယံ ရင်းနှီးမြှုပ်နှံခဲ့သည်။  ၎င်း၃လတာတွင် ချစ်ပ်လုပ်ငန်းကဏ္ဍ အရောင်းဝင်ငွေ ဝမ် ၂၃.၁ ထရီလီယံ ရရှိခဲ့ပြီး လုပ်ငန်းလည်ပတ်မှုအမြတ် ဝမ် ၁.၉၁ ထရီလီယံ ရရှိခဲ့သည်။ ၂၀၂၂ ခုနှစ် စတုတ္ထ၃ လပတ်နောက်ပိုင်း ပထမဆုံးအကြိမ် အမြတ်ပြန်လည် ရရှိခဲ့ခြင်း ဖြစ်ပါသည်။ ၃ လပတ် ၅ ခု ဆက်တိုက် အရှုံးပေါ်ခဲ့ရာ လုပ်ငန်းလည်ပတ်မှု အရှုံးပမာဏ စုစုပေါင်း ဝမ် ၁၅ ထရီလီယံ ကျော်သွားခဲ့ပါသည်။ ဉာဏ်ရည်တု AI အတွက် မှတ်ဉာဏ်ချစ်ပ် လိုအပ်ချက် လွန်စွာမြင့်မားလာသဖြင့် ရောင်းအား မြင့်တက်ပြီး အမြတ်ရရှိခဲ့ခြင်း ဖြစ်ပါသည်။  စမတ်ဖုန်းကဏ္ဍတွင် အရောင်းဝင်ငွေ ဝမ် ၃၃.၅ ထရီလီယံ ရရှိခဲ့ပြီး လုပ်ငန်းလည်ပတ်မှုအမြတ် ဝမ် ၂.၅ ထရီလီယံ ရရှိခဲ့သည်။ AI ပါသည့် နောက်ဆုံးထုတ် Galax...

အရှေ့တောင်အာရှ ၃ နိုင်ငံတွင် မိုက်ခရိုဆော့ဖ် ဒေါ်လာ ဘီလီယံချီ ရင်းနှီးမြှုပ်နှံ

 မိုက်ခရိုဆော့ဖ်၏ မျိုးဆက်သစ် AI နည်းပညာကို မြှင့်တင်ရန်အတွက် မိုက်ခရိုဆော့ဖ် စီအီးအို ဆက်တ်ယာနဒဲလ္လာ၏ အရှေ့တောင်အာရှ ခရီးစဉ်တွင် နောက်ဆုံးနိုင်ငံဖြစ်သော မလေးရှားတွင် Cloud နှင့် AI ရင်းနှီးမြှုပ်နှံမှု ရင်းဂစ် ၁၀.၅ ဘီလီယံ ပြုမည်ဟု မေလ ၂ ရက်တွင် နဒဲလ္လာက ကတိကဝတ်ပြုပါသည်။ ၃၂ နှစ်တာသမိုင်းတွင် မလေးရှားနိုင်ငံမှာ မိုက်ခရိုဆော့ဖ်၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါသည်။ လာမည့် ၄ နှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး နိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်ပေးမည် ဖြစ်သည်။ နဒဲလ္လာသည် ယခုသီတင်းပတ်အစောပိုင်းတွင် အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ရာ အင်ဒိုနီးရှားတွင် အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ကြေညာခဲ့ပြီး ထိုင်းနိုင်ငံတွင် ပထမဆုံး ဒေသတွင်းဒေတာစင်တာ ဖွင့်လှစ်ရန် ကတိပြုခဲ့သည်။ မိုက်ခရိုဆော့ဖ်သည် မလေးရှားနိုင်ငံတွင် ၁၉၉၂ ခုနှစ်မှာ လုပ်ငန်းစတင်ခဲ့ပြီး ယခုအခါ ကွာလာလမ်ပူနှင့် ပီနန်ရှိ ၎င်း၏ရုံးများတွင် ဝန်ထမ်း ၂၀၀ ကျော်ကို ခန့်အပ်ထားကြောင်း ၎င်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ Source businesstimes  #ICTGuide 

ဟွာဝေး စမတ်ဖုန်း Pura 70 ပုံပြင်သည့် ပြဿနာ တက်နေ

 ဟွာဝေး၏ နောက်ဆုံးထွက် စမတ်ဖုန်း Pura 70 စီးရီးတွင် AI ဖြင့် ပုံမှ အရာဝတ္ထုများကို ဖယ်ရှားသည့် လုပ်ဆောင်ချက်လည်း ပါရှိရာ၌ အဝတ်အစားကို ဖယ်ရှားပြီး အဝတ်အစားအောက်မှ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို မူရင်းမူလသဖွယ် ပုံဖော်ပေးသည်။   တရုတ်လူမှုမီဒီယာပလက်ဖောင်း Weibo တွင် ၎င်းAI စွမ်းရည်ပြသသည့် ဗီဒီယိုများကို လွှင့်တင်နေကြသည်။  ဗီဒီယိုများသည် ဖုန်း၏ "smart AI retouching" အင်္ဂါရပ်ကို အသုံးပြု၍ အဝတ်အစား အလွယ်တကူ ဖယ်ရှားနိုင်ပုံကို ပြသထားသည်။ ဟွာဝေးက ၎င်းကိစ္စရပ်ကို အသိအမှတ်ပြုခဲ့ပြီး လာမည့် စနစ်အပ်ဒိတ်များတွင် အဆိုပါပြဿနာများကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း ဖုန်းသုံးစွဲသူများအား အာမခံထားသည်။ ထိုကဲ့သို့ ဓာတ်ပုံများကို ပြောင်းလဲနိုင်သည့်စွမ်းရည်သည် လူ့ကျင့်ဝတ် မစောင့်ထိန်းဘဲ  AI နည်းပညာကို မည်သို့ အလွယ်တကူဖြင့် အလွဲသုံးစားလုပ်နိုင်ကြောင်း ပြသနေသည်။ သို့ဖြစ်ရာ ဟွာဝေးသည် အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းပေးရမည်ဟု တောင်းဆိုနေကြပါသည်။  Source gizmochina

TikTok အက်ပ် မရောင်းလျှင် အမေရိကန်မှာ ပိတ်ပင်မည်

အများက ထင်ကြေးပေးထားသည့်အတိုင်း အမေရိကန်သမ္မတဘိုင်ဒင်သည် TikTok အက်ပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ပင်သွားနိုင်သည့် ဥပဒေတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ TikTok သည် အမျိုးသားလုံခြုံရေးကို စိုးရိမ်ရသည့်အတွက် ပိတ်ပင်ရန် စီစဉ်ခြင်း ဖြစ်သည်။ မကြာသေးမီ ရက်ပိုင်းက ကွန်ဂရက်မှ အတည်ပြုခဲ့သော ၎င်းဥပဒေသည် TikTok ၏ တရုတ်မိခင်ကုမ္ပဏီ ByteDance အား TikTok ၏ အမေရိကန်လုပ်ငန်းကဏ္ဍ တခုလုံးကို တနှစ်အတွင်း အပြီးအပြတ် မရောင်းချပါက အမေရိကန်တွင် လုံးဝပိတ်ပင်ရမည်ဟု ပြဋ္ဌာန်းထားသည်။ အရပ်သား လွတ်လပ်ခွင့်အဖွဲ့အစည်းများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပညာရှင်များက တားမြစ်ပိတ်ပင်မှုကို ဝေဖန်ဆန့်ကျင်နေကြစဉ် ပိတ်ပင်ဖို့ အတည်ပြုလိုက်ခြင်း ဖြစ်သည်။ တစ်တော့သည် အမေရိကန်ပြည်ထောင်စုသမိုင်းမှာ ပထမဆုံး ပိတ်ပင်ခံရသည့် ဆိုရှယ်မီဒီယာပလက်ဖောင်း တခု ဖြစ်လာမည်။ ByteDance သည် သတ်မှတ်ထားသောအချိန်ဘောင်အတွင်း TikTok ၏ ရှယ်ယာများကို မရောင်းချနိုင်ပါက ဥပဒေအရ TikTok ကို ဝန်ဆောင်မှု ပေးအပ်ခြင်းများ ရပ်ဆိုင်းရမည်။ Google နှင့် Apple တို့သည် ၎င်းတို့၏အက်ပ်စတိုးများမှ TikTok ကို ဖယ်ရှားရန် အတင်းအကျပ် ခိုင်းစေမည်ဖြစ်သည်။ အချိန်ကြာလာသည်နှ...

ခြ အသုံးပြုသူ ပြန်လည်များပြားလာ

Image
 Meta ၏ Threads အက်ပ်သည် ယခုအခါ လစဉ်အသုံးပြုသူ သန်း ၁၅၀ ကျော်ရှိပြီး ဖေဖော်ဝါရီလမှ စတင်ကာ သုံးစွဲသူအသစ် သန်း ၂၀ ခန့် တိုးလာခဲ့သည်။ Threads သည် ပုံမှန်အားဖြင့် သုံးစွဲသူများ ပြန်လည်ရရှိလာသည်။ Threads စတင်စဉ်က ဒေါင်းလုဒ် ကြိမ်ရေ သန်း ၁၀၀ ကျော်ခဲ့သော်လည်း နေ့စဉ်သုံးစွဲသူ နည်းပါးနေခဲ့ပါသည်။ ခြောက်ကပ်နေရာမှ ပြန်လည် စည်ကားလာခဲ့သည်။ ပြီးခဲ့သည့် ခြောက်လအတွင်း Threads သည် တသမတ်တည်း ကြီးထွားလာခဲ့ရာ ဇူကာဘတ်က  Threads သည် နောက်ဆုံးတွင် Meta ၏ နောက်ထပ် အသုံးပြုသူ ဘီလီယံ ရှိသည့်အက်ပ်ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားသည်။  Meta ၏ အက်ပ်များတွင် Threads သည် တခုတည်းသော ကြော်ငြာ မပြသည့် အက်ပ် ဖြစ်ပါသည်။ အက်ပ်၏ ပုံမှန်သုံးစွဲသူဦးရေ လုံလောက်စွာ ကြီးထွားပြီးမှသာ ကုမ္ပဏီသည် ငွေရှာခြင်းကို အာရုံစိုက်မည်ဟု ဇူကာဘတ်က ပြောကြားခဲ့သည်။ တေလာဆွစ်ကို Threads တွင် အကောင့်ဖွင့်ပြီး နောက်ဆုံးထုတ်တေးစုကို လူသိများအောင် ဆောင်ရွက်ရန် Meta က စည်းရုံးနိုင်ခဲ့သည်။ သူမ၏ ပထမဦးဆုံး ပို့စ်ကို သန်းခေါင်ဝန်းကျင်မှာ စတင်ဖော်ပြပေးမည်ဖြစ်ပြီး ၎င်းပို့စ်ကို ပထမဆုံးမျှဝေသူထဲမှ တစ်ဦးဖြစ်ပါက Threads ပရိုဖိုင်တွင် ပြသထားရန် ၎င်းတေး...

Photoshop တွင် AI ရုပ်ပုံဖန်တီးမှု အပြည့်အစုံ ထည့်သွင်းမည်

 အမေရိကန်အခြေစိုက် ဆော့ဖ်ဝဲလ်ကုမ္ပဏီ Adobe သည် ယခုနှစ်နှောင်းပိုင်းတွင် ၎င်း၏ နာမည်ကြီး Photoshop ဆော့ဖ်ဝဲလ်မှာ ဉာဏ်ရည်တု AI ရုပ်ပုံဖန်တီးမှုအတွက် အပြည့်အစုံ ထည့်သွင်းရန် စီစဉ်ထားကြောင်း ပြောကြားသည်။  ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် Photoshop သည် အွန်လိုင်းတွင် အခကြေး ပေးသွင်းသူ ၂၂ သန်းရှိသည်။  Adobe ၏ အဆိုအရ ကမ္ဘာတစ်ဝှမ်းရှိ ဖန်တီးမှုပညာရှင်များ၏ ၉၀% ကျော်သည် Photoshop ကို အသုံးပြုကြသည်။ Adobe ၏ ရုပ်ပုံနှင့် ဗီဒီယို တည်းဖြတ်ရေး ကိရိယာများကို ဖန်တီးမှု ပညာရှင်များက တွင်ကျယ်စွာ အသုံးပြုနေကြသော်လည်း ယခုအခါ Microsoft ကျောထောက်နောက်ခံပြု OpenAI, Midjourney နှင့် Stability AI ကဲ့သို့သော ဉာဏ်ရည်တု ရုပ်ပုံဖန်တီးမှုများမှ ပြိုင်ဆိုင်မှုများနှင့် ရင်ဆိုင်နေရသည်။  ၎င်းတို့အားလုံးသည် စာဖြင့် ရေးသားထားသည်ကို ပုံများ ထုတ်လုပ်ပေးသည့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ Adobe တွင် Firefly ဟုခေါ်သော ကိုယ်ပိုင်ရုပ်ပုံထုတ် AI စနစ် ရှိပြီး ရှိပြီးသား ပုံ၏ အစိတ်အပိုင်းများကို ဖြည့်စွက်ရန် သို့မဟုတ် ချဲ့ထွင်နိုင်သည့် ရုပ်ပုံထုတ်လုပ်သည့်ကိရိယာများကို Photoshop တွင် ထည့်သွင်းပေးခဲ့သည်။   ...

ဗီယက်နမ်သည် Apple ထံ ပစ္စည်းပေးသွင်းသူ အရေအတွက် အရှေ့တောင်အာရှတွင် အများဆုံး ရှိသည့်နိုင်ငံဖြစ်လာ

Image
 ယမန်နှစ်တွင် ဗီယက်နမ်သည် Apple ထံ ပစ္စည်းပေးသွင်းသူ အရေအတွက် အရှေ့တောင်အာရှတွင် အများဆုံး ရှိသည့်နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် စတုတ္ထ အများဆုံး နိုင်ငံဖြစ်လာပါသည်။  မကြာသေးမီက Apple မှ ကြေညာခဲ့သော ၎င်းထံ ပစ္စည်းပေးသွင်းသူစာရင်းအရ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃၀ တွင် ကုန်ဆုံးခဲ့သော  အက်ပ်ပဲ၏ ၂၀၂၃ ဘဏ္ဍရေးနှစ်တွင် ဗီယက်နမ်နိုင်ငံမှာ အက်ပ်ပဲထံ ပစ္စည်း ပေးသွင်းသူ ၃၅ ဦး ရှိခဲ့သည်။  အရှေ့တောင်အာရှတွင် ထိုင်း (၂၄ ဦး) နိုင်ငံ၊ မလေးရှား (၁၉ ဦး) နှင့် ဖိလစ်ပိုင် (၁၇ ဦး) တိုက ဗီယက်နမ်နောက်မှာ ရှိနေကြသည်။  တစ်ကမ္ဘာလုံးအနေဖြင့်တရုတ် (၁၅၈ ဦး)၊ ထိုင်ဝမ် (၄၉ ဦး) နှင့် ဂျပန် (၄၄ဦး) တိုနောက်တွင် ဗီယက်နမ် ရှိနေပါသည်။ ၂၀၁၆ မှ ၂၀၂၃ ခုနှစ်ကာလအတွင်း ဗီယက်နမ်သို Foxconn၊ Luxshare နှင့် အခြားပစ္စည်းပေးသွင်းသူများ ရောက်လာခဲ့ကြရာ အက်ပ်ပဲထံ ပစ္စည်း ပေးသွင်းသူအရေအတွက် တိုးလာခဲ့သည်။  ဗီယက်နမ်တွင် အက်ပ်ပဲ၏ AirPods၊ iPad နှင့် Apple Watch အတွက် အစိတ်အပိုင်းများ ထုတ်လုပ်သည့် စက်ရုံများ ရှိပါသည်။  အက်ပ်ပဲ ၏ ထောက်ပံ့ရေးကွင်းဆက်တွင်  တရုတ်နိုင်ငံသည် ထိပ်ဆုံးတွင် ရှိနေပြီး အက်ပ်ပဲ ထုတ်လုပ်မှ...

အက်ပ်ပဲ အကျ ဟွာဝေး အတက် တရုတ် စမတ်ဖုန်း ဈေးကွက်

 တရုတ်နိုင်ငံတွင် Apple ၏ iPhone တင်ပို့ရောင်းချမှုသည် ယခုနှစ် ပထမသုံးလပတ်တွင် ၁၉ ရာခိုင်နှုန်း ကျဆင်းသွားသည်။ ၂၀၂၀ ခုနှစ်နောက်ပိုင်း ရောင်းအား အကျဆင်းဆုံး သုံးလပတ်ဖြစ်သည်။   iPhone သည် တရုတ်ပြည်တွင် ဈေးအမြင့်တန်း ပရီမီယံ အတန်းအစားကို ကြီးစိုးထားသည့် စမတ်ဖုန်း ဖြစ်သော်လည်း ယခုအခါ ဟွာဝေး  ပရီမီယံစမတ်ဖုန်း အသစ်များက iPhone  ရောင်းအားကို ထိခိုက်နေသည်။   တရုတ်ပြည်သည် ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း ဈေးကွက်ဖြစ်ပြီး Apple သည် ယခုနှစ် ပထမ၃လပတ်တွင် ဈေးကွက်ဝေစု ၁၅.၇% ရရှိခဲ့သည်။ ၂၀၂၃ ခုနှစ် ပထမ ၃လပတ်တွင် ၁၉.၇% ရရှိခဲ့သည်ထက် လျော့နည်းသွားခဲ့ပါသည်။  ဟွာဝေးသည် ရောင်းအား ၇၀%မြင့်တက်ခဲ့သည်ဟု ဈေးကွက်သုတေသနလုပ်ငန်း Counterpoint က ပြောကြားသည်။  ယခုနှစ် ပထမ၃လပတ်တွင်  အရောင်းရဆုံး စမတ်ဖုန်း သရဖူကို Vivo က ရရှိသည်။  ဒုတိယနေရာကို Honor က ရရှိသည်။  Appleသည် တတိယနေရာသို့ ရောက်ရှိသွားခဲ့သည်။  ဟွာဝေးသည် ယမန်နှစ် ပထမ၃လပတ်တွင် ဈေးကွက်ဝေစု ၉.၃% ရရှိခဲ့ပြီး ယခုနှစ်တွင် ၁၅.၅%  ရရှိသည်အထိ မြင့်တက်လာပြီး စတုတ္ထနေရာကို ရရှိခဲ့သည်။  “တကျော့ပြန် ဟွာဝေးက...

Polestar ပထမဆုံး စမတ်ဖုန်း ထုတ်လုပ်

Image
 Polestar သည် ၁၉၉၆ ခုနှစ်တွင် ဆွီဒင်ပြိုင်ကားအဖွဲ့ Flash Engineering အဖြစ် စတင်ခဲ့သော ကားကုမ္ပဏီတစ်ခုဖြစ်သည်။ ၎င်းကို နာမည်ပြောင်းပြီး နောက်ပိုင်းတွင် Polestar Racing ဖြစ်လာခဲ့သည်။ Volvo ကားများကို ကားပြိုင်ပွဲများအတွက် ပြိုင်ကားဖြစ်အောင် မွမ်းမံပြင်ဆင်ပေးခဲ့သည်။  Volvo သည် Polestar ကို ၂၀၁၅  ခုနှစ်တွင် တရားဝင် ၀ယ်ယူခဲ့သည်။ ၂ နှစ်အကြာ ၂၀၁၇ ခုနှစ်တွင် သီးခြားရပ်တည်သော ကားအမှတ်တံဆိပ်ဖြစ်လာခဲ့ပြီး လျှပ်စစ်ကားစစ်စစ် ထုတ်လုပ်ရေးကို စူးစိုက် လုပ်ကိုင်သည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် လျှပ်စစ်ကားစစ်စစ် Polestar 1  မော်ဒယ်ကို ထုတ်လုပ်ခဲ့သည်။  ယခုနှစ်တွင် နောက်မှန်ချပ် မပါတော့သည့်  Polestar 4 မော်ဒယ်ကို ထုတ်လုပ်သည်။  ယခုနှစ်တွင် ဗော်လ်ဗိုက Polestar တွင် ပိုင်ဆိုင်သော ရှယ်ယာများကို ရောင်းချပြီး ရင်းနှီးမြှုပ်နှံမှုများကို ပြန်ထုတ်ယူခဲ့ရာ တရုတ်မှ Geely က ဝယ်ယူခဲ့သည်။ Geely သည် ရှယ်ယာအများစု ပိုင်ဆိုင်သူ ဖြစ်လာသည်။  Geely သည် တချိန်က တရုတ်ပြည်တွင် ထိပ်တန်း စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်ခဲ့ဖူးသည့် Meizu ကို ဝယ်ယူပိုင်ဆိုင်ထားသည်။ Meizu သည် ၂၀၁၁ ခုနှစ်ကတည်းက စမတ်ဖုန်...

မလေးရှား ဗီဒီယိုဂိမ်းလုပ်ငန်းကဏ္ဍ ၂၀၂၇ ခုနှစ်တွင် စျေးကွက်ပမာဏ အမေရိကန်ဒေါ်လာ ၈၀၇ သန်းရှိမည်ဟု ခန့်မှန်းထား

Image
 မလေးရှားနိုင်ငံ ဗီဒီယိုဂိမ်းလုပ်ငန်းကဏ္ဍသည် မကြာသေးမီအချိန်များအတွင်း သိသာထင်ရှားသော တိုးတက်မှုကို ရရှိလာပြီးနောက် ၂၀၂၄ ခုနှစ်တွင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၄၉ သန်း ရရှိရန် ခန့်မှန်းထားကြောင်း ဒစ်ဂျစ်တယ်ဝန်ကြီး Gobind Singh Deo က ပြောကြားသည်။ ဗီဒီယိုဂိမ်းစျေးကွက်သည် ၂၀၂၄-၂၀၂၇ တွင် ၇.၅၅ ရာခိုင်နှုန်းအထိ နှစ်စဉ်တိုးတက်မှုနှုန်းကို ရရှိရန် မျှော်မှန်းထားပြီး ၂၀၂၇  ခုနှစ်တွင် စျေးကွက်ပမာဏ အမေရိကန်ဒေါ်လာ ၈၀၇ သန်းရှိမည်ဟု ခန့်မှန်းထားသည်။ Gobind ၏ အဆိုအရ မလေးရှားအစိုးရသည် ဂိမ်းလုပ်ငန်းကဏ္ဍကို မယိမ်းယိုင်သော ပံ့ပိုးကူညီမှုများ  ဘဏ္ဍာရေး မက်လုံးများနှင့် ဉာဏပစ္စည်း မူပိုင်ခွင့် (IP) အခွင့်အရေးများကို ကာကွယ်သည့် စည်းမျဉ်းဘောင်များ ပေးဆောင်ရန် ကတိပြုထားသည်။ Source  Bernama

Starlink ဂြိုဟ်တု အင်တာနက်ဆက်သွယ်ရေး အာဖရိကမှ ၃ နိုင်ငံမှာ တားမြစ်ထား

 Starlink ဂြိုဟ်တု အင်တာနက်ဆက်သွယ်ရေးကို အာဖရိကမှ ၃ နိုင်ငံမှာ တားမြစ်ထားပါတယ်။  ဇင်ဘာဘွေ၊ အမျိုးသား စာပို့/ဆက်သွယ်ရေး အာဏာပိုင်က Starlink ဂြိုဟ်တု အင်တာနက်ဆက်သွယ်ရေးကို တရားမဝင်ဆက်သွယ်ရေးအဖြစ် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။အလားတူပင် ဘော့ဆွာနာနှင့် တောင်အာဖရိကတို့တွင်လည်း ပိတ်ပင်ထားပါတယ်။  Starlink kits များကို ဇင်ဘာဘွေတွင် $1,200 ဖြင့် လက်ရှိရောင်းချလျက်ရှိတယ်လို့ TechCentral က သတင်းဖော်ပြပါတယ်။  Starlink ပစ္စည်းများကို တရားမဝင် တင်သွင်းပြီး ရောင်းချနေကြတာ ဖြစ်ပါတယ်။  ဂြိုလ်တုအင်တာနက်သည် ကြိုးတပ်နှင့် ဆယ်လူလာအင်တာနက်ထက် ထိန်းချုပ်ရပိုခက်ခဲတာကြောင့် အာဏာပိုင်တို့က မလိုလားကြတာကြောင့် တားမြစ်ထားတာလို့ သုံးသပ်ကြပါတယ်။ Source notebook check