Photoshop တွင် AI ရုပ်ပုံဖန်တီးမှု အပြည့်အစုံ ထည့်သွင်းမည်

 အမေရိကန်အခြေစိုက် ဆော့ဖ်ဝဲလ်ကုမ္ပဏီ Adobe သည် ယခုနှစ်နှောင်းပိုင်းတွင် ၎င်း၏ နာမည်ကြီး Photoshop ဆော့ဖ်ဝဲလ်မှာ ဉာဏ်ရည်တု AI ရုပ်ပုံဖန်တီးမှုအတွက် အပြည့်အစုံ ထည့်သွင်းရန် စီစဉ်ထားကြောင်း ပြောကြားသည်။


 ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် Photoshop သည် အွန်လိုင်းတွင် အခကြေး ပေးသွင်းသူ ၂၂ သန်းရှိသည်။  Adobe ၏ အဆိုအရ ကမ္ဘာတစ်ဝှမ်းရှိ ဖန်တီးမှုပညာရှင်များ၏ ၉၀% ကျော်သည် Photoshop ကို အသုံးပြုကြသည်။

Adobe ၏ ရုပ်ပုံနှင့် ဗီဒီယို တည်းဖြတ်ရေး ကိရိယာများကို ဖန်တီးမှု ပညာရှင်များက တွင်ကျယ်စွာ အသုံးပြုနေကြသော်လည်း ယခုအခါ Microsoft ကျောထောက်နောက်ခံပြု OpenAI, Midjourney နှင့် Stability AI ကဲ့သို့သော ဉာဏ်ရည်တု ရုပ်ပုံဖန်တီးမှုများမှ ပြိုင်ဆိုင်မှုများနှင့် ရင်ဆိုင်နေရသည်။

 ၎င်းတို့အားလုံးသည် စာဖြင့် ရေးသားထားသည်ကို ပုံများ ထုတ်လုပ်ပေးသည့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။


Adobe တွင် Firefly ဟုခေါ်သော ကိုယ်ပိုင်ရုပ်ပုံထုတ် AI စနစ် ရှိပြီး ရှိပြီးသား ပုံ၏ အစိတ်အပိုင်းများကို ဖြည့်စွက်ရန် သို့မဟုတ် ချဲ့ထွင်နိုင်သည့် ရုပ်ပုံထုတ်လုပ်သည့်ကိရိယာများကို Photoshop တွင် ထည့်သွင်းပေးခဲ့သည်။  

ယခု Firefly Image 3 ဖြင့် ရုပ်ပုံကို အစမှအဆုံး ထုတ်လုပ်ပေးမည် ဖြစ်သည်။

ဥပမာအားဖြင့်၊ ဒီဇိုင်နာတစ်ဦးသည် စက္ကူဖြူပေါ်မှာ မြင်ကွင်းတစ်ခုကို ပုံကြမ်း အမြန်ရေးဆွဲပြီး အဆိုပါ ပုံကြမ်းကို စမတ်ဖုန်းဖြင့် ဓာတ်ပုံရိုက်ကာ စတိုင်အမျိုးမျိုးဖြင့် အပြည့်အ၀ အသွင်အပြင်ပုံများကို ဖန်တီးရန် Photoshop ကို စေခိုင်းနိုင်ကြောင်း ဒစ်ဂျစ်တယ်နည်းပညာအရာရှိချုပ် Ely Greenfield က ပြောကြားခဲ့သည်။

စမ်းသပ်ဆော့ဖ်ဝဲ “ဘီတာ” ဗားရှင်းကို ယခုအပတ်တွင် အချို့သောအသုံးပြုသူများအတွက် ရရှိနိုင်ပြီဟု ၎င်းက ပြောကြားပါသည်။

source technica

#ICTGuide


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်