Posts

Showing posts with the label #EducationGuide

၂၀၂၃ ခုနှစ်တွင် ကျောင်းသားဗီဇာ အမေရိကန် ငြင်းပယ်သည့် အရေအတွက် စံချိန်တင် မြင့်မားခဲ့

  ၂၀၂၃ ခုနှစ်တွင် အမေရိကန်သည် ကျောင်းသားဗီဇာ ငြင်းပယ်သည့်  အရေအတွက် စံချိန်တင် မြင့်မားခဲ့သည်။ အမေရိကန် ပြည်သူ့မူဝါဒရေးရာ သုတေသနအဖွဲ့ Cato Institute ၏  မတ် ၁၉ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ ယမန်နှစ်က တင်သွင်းသည့် လျှောက်လွှာအားလုံး၏ ၃၆.၃% ကို ငြင်းပယ်ခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ငြင်းပယ်အရေအတွက်သည် ၂၀၂၂ ခုနှစ်ထက် ၃၀,၀၀၀ ဝန်းကျင် ပိုများသည်။ ယမန်နှစ်က ထုတ်ပေးခဲ့သည့်  F-1 ဗီဇာဟု လူသိများသော ကျောင်းသားဗီဇာ စုစုပေါင်း အရေအတွက်သည် ၄၄၅,၀၀၀ ကျော်လွန်သွားခဲ့သည်။ ၂၀၂၂ ခုနှစ်ထက် ၃၄,၀၀၀ ခန့် ပိုများသည်။ Cato Institute ၏ အဆိုအရ ငြင်းပယ် အရေအတွက်၏ ၂၉% သည် အိန္ဒိယနိုင်ငံမှ ကျောင်းသားများဖြစ်ပြီး အိန္ဒိယသည် အများဆုံး ငြင်းပယ်ခံရသည့် နိုင်ငံ ဖြစ်သည်။ အမေရိကန်ကို အပြီးအပိုင် မပြောင်းရွှေ့လိုသော ဆန္ဒရှိသူ ဖြစ်ကြောင်း ယုံကြည်အောင် သက်သေမပြနိုင်လျှင် ပယ်ခံရသည်ဟု Cato Institute မှ တွဲဖက်ညွှန်ကြားရေးမှူး David J. Bier က ပြောကြားသည်။  ရွှေ့ပြောင်းနေထိုင်လိုသူ မဟုတ်သော ရည်ရွယ်ချက်ဖြင့် ပညာသင်ယူလိုသူ ဖြစ်ကြောင်း သက်သေပြနိုင်ဖို့ လိုအပ်မည်ဟု ၎င်းက ပြောကြားသည်။  အပြည်ပြည်ဆိုင်ရာပညာရေးသ...

နိုင်ငံတကာကျောင်းများ အာရှတွင် အများဆုံး ရှိနေ

Image
ပညာသင်ကျောင်း အချက်အလက်များ ကောက်ယူစုဆောင်းထားသည့် ISC Research ၏  ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွက် ထုတ်ပြန်ခဲ့သော အချက်အလက်များအရ ကမ္ဘာတစ်ဝှမ်းရှိ အင်္ဂလိပ်ဘာသာစကားဖြင့် သင်ပြသည့် နိုင်ငံတကာကျောင်းပေါင်း ၁၄,၀၁၀ တွင် ၃ နှစ်မှ ၁၈ နှစ်ကြား ကျောင်းသား ၆.၉ သန်းကို စာရင်းသွင်းထားပြီး သင်ကြားရေးဝန်ထမ်း ၆၆၄,၆၄၅ ဦးကို ခန့်အပ်ထားသည်။ သင်ကြားရေးဝန်ထမ်းဦးရေသည် လွန်ခဲ့သည့် ၅ နှစ်ကထက် ၁၃% ပိုများပါသည်။ နိုင်ငံတကာကျောင်းများ၏ တနှစ်တာ ဝင်ငွေစုစုပေါင်းမ‌ှာ ကန်ဒေါ်လာ ၆၀ ဘီလီယံ ဝန်းကျင် ဖြစ်ပါသည်။ နိုင်ငံတကာကျောင်းများ အရေအတွက် အများဆုံး တိုးခဲ့သည့်နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ်ထက် ၁၀% တိုးခဲ့ပြီး ၃၂၉ ကျောင်း ရှိပါသည်။ ဒုတိယနေရာရသည့် ယူအေအီးသည် ၉% တိုးခဲ့ပြီး ၇၄၈ ကျောင်း ရှိပါသည်။ တတိယနေရာရသည့် တရုတ်သည် ၆% တိုးခဲ့ပြီး ၁,၁၀၆ ကျောင်း ရှိပါသည်။  တရုတ်သည် နိုင်ငံတကာကျောင်း အရေအတွက် အများဆုံး ရှိသည့် နိုင်ငံ ဖြစ်ပါသည်။ အိန္ဒိယသည် ဒုတိယ အများဆုံး ဖြစ်ပြီး ယူအေအီးသည့် တတိယအများဆုံး နိုင်ငံ ဖြစ်ပါသည်။  အာရှတွင် နိုင်ငံတကာကျောင်းများ အရေအတွက် အများဆုံး ရှိနေပြီး ကမ္ဘာ့အရေအတွက် စုစုပေါင်း၏ ...