နိုင်ငံတကာကျောင်းများ အာရှတွင် အများဆုံး ရှိနေ
ပညာသင်ကျောင်း အချက်အလက်များ ကောက်ယူစုဆောင်းထားသည့် ISC Research ၏ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွက် ထုတ်ပြန်ခဲ့သော အချက်အလက်များအရ ကမ္ဘာတစ်ဝှမ်းရှိ အင်္ဂလိပ်ဘာသာစကားဖြင့် သင်ပြသည့် နိုင်ငံတကာကျောင်းပေါင်း ၁၄,၀၁၀ တွင် ၃ နှစ်မှ ၁၈ နှစ်ကြား ကျောင်းသား ၆.၉ သန်းကို စာရင်းသွင်းထားပြီး သင်ကြားရေးဝန်ထမ်း ၆၆၄,၆၄၅ ဦးကို ခန့်အပ်ထားသည်။ သင်ကြားရေးဝန်ထမ်းဦးရေသည် လွန်ခဲ့သည့် ၅ နှစ်ကထက် ၁၃% ပိုများပါသည်။
နိုင်ငံတကာကျောင်းများ၏ တနှစ်တာ ဝင်ငွေစုစုပေါင်းမှာ ကန်ဒေါ်လာ ၆၀ ဘီလီယံ ဝန်းကျင် ဖြစ်ပါသည်။
နိုင်ငံတကာကျောင်းများ အရေအတွက် အများဆုံး တိုးခဲ့သည့်နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ်ထက် ၁၀% တိုးခဲ့ပြီး ၃၂၉ ကျောင်း ရှိပါသည်။
ဒုတိယနေရာရသည့် ယူအေအီးသည် ၉% တိုးခဲ့ပြီး ၇၄၈ ကျောင်း ရှိပါသည်။
တတိယနေရာရသည့် တရုတ်သည် ၆% တိုးခဲ့ပြီး ၁,၁၀၆ ကျောင်း ရှိပါသည်။
တရုတ်သည် နိုင်ငံတကာကျောင်း အရေအတွက် အများဆုံး ရှိသည့် နိုင်ငံ ဖြစ်ပါသည်။ အိန္ဒိယသည် ဒုတိယ အများဆုံး ဖြစ်ပြီး ယူအေအီးသည့် တတိယအများဆုံး နိုင်ငံ ဖြစ်ပါသည်။
အာရှတွင် နိုင်ငံတကာကျောင်းများ အရေအတွက် အများဆုံး ရှိနေပြီး ကမ္ဘာ့အရေအတွက် စုစုပေါင်း၏ ၅၇% ရှိပါသည်။ အမေရိကန် ၁၄%နှင့် ဥရောပတို့တွင် ၁၅% ဝန်းကျင်ရှိပြီး အာဖရိကတွင် ၁၂% ရှိပါသည်။
နိုင်ငံတကာကျောင်းများ စျေးကွက်သည် ဆက်လက်ကြီးထွားနေပါသည်။
ကျောင်းများ၊ ကျောင်းသားများနှင့် ဝန်ထမ်းဦးရေသည် တစ်နှစ်ထက်တစ်နှစ် ဆက်တိုက် တိုးလာခဲ့သည်။ စုစုပေါင်း ၀င်ငွေလည်း တိုးလာသည်။
"မိဘတွေက ဘာကြောင့် နိုင်ငံတကာကျောင်းတွေကို ရွေးချယ်တာလဲ" မေးခွန်းအတွက် အဖြေတွင် ပထမတချက်မှာ အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပေးသည့်အတွက် သားသမီးကို အင်္ဂလိပ်စာ တတ်စေလို၍ နိုင်ငံတကာကျောင်းမှာ ထားရှိသည်။
နိုင်ငံတကာကျောင်းများတွင် အများစုသည် နိုင်ငံတကာ အဆင့်မြင့်ပညာရေးကို ဆက်လက် ဆည်းပူးလိုသော ကျောင်းသားများအား အောင်မြင်မှု အခွင့်အလမ်း မြင့်မားစေမည့် ကမ္ဘာလုံးဆိုင်ရာအသိအမှတ်ပြု အရည်အချင်းများကို ပေးဆောင်သောကြောင့်လည်း မိဘများက နိုင်ငံတကာကျောင်းကို သားသမီး ပညာရေး ရှေ့ရေးအတွက် ရွေးချယ်ကြသည်။
Source ISC Research
Comments
Post a Comment