Posts

Showing posts with the label #WeddingGuide

ဒုတိယမြောက် အကြိုမင်္ဂလာပွဲ အမ်ဘာနီ မိသားစု ကျင်းပမည်

Image
အိန္ဒိယ အချမ်းသာဆုံး သူဌေးသူကြွယ်ကြီး မူကေ့ရှ် အမ်ဘာနီရဲ့ သားအငယ်ဆုံး အာနန့် အမ်ဘာနီနဲ့ သူ့ချစ်ရသူ ရဒ်ဟီကာ မားချန့် တိုရဲ့ ပထမအကြိမ် အကြိုမင်္ဂလာပွဲကို အိန္ဒိယနိုင်ငံ ဂူဂျာရပ်ပြည်နယ်မှာ မတ်လ ၁ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့ပြီး ယခုအခါ ဒုတိယမြောက် အကြိုမင်္ဂလာပွဲကို  အမ်ဘာနီ မိသားစုက ပြင်သစ် တောင်ဘက်ကမ်းရိုးတန်းရှိ အပျော်စီးသင်္ဘောပေါ်တွင် မေ ၂၈ မှ ၃၀ အထိကျင်းပမှာ ဖြစ်ပါတယ်။ မိသားစု၊ ဆွေမျိုးရင်းချာ၊ မိတ်‌ဆွေရင်းချာတိုကိုသာ ဖိတ်ကြားမယ်လို ဆိုပါတယ်။ #WeddingGuide

ကိုရီးယား အမျိုးသမီးများ အမေရိကန်အမျိုးသားများနှင့် လက်ထပ်ကြသည်မှာ အများဆုံးဖြစ်

Image
၂၀၂၃ ခုနှစ်တွင် ကိုရီးယားအမျိုးသားနှင့် ဂျပန်အမျိုးသမီး ထိမ်းမြားလက်ထပ်မှု သိသိသာသာ တိုးလာကြောင်း အင်္ဂါနေ့ (မတ် ၂၆)တွင် ကိုရီးယားစာရင်းအင်းဌာနမှ ထုတ်ပြန်သည့် ၂၀၂၃ အိမ်ထောင်ပြုခြင်းနှင့် ကွာရှင်းမှု စာရင်းအရ သိရသည်။ ၂၀၂၂ ခုန‌ှစ်တွင် ကိုရီးယားအမျိုးသားနှင့် ဂျပန်အမျိုးသမီး ထိမ်းမြားလက်ထပ်မှု ၅၉၉ ခု ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၈၄၀ ခု ရှိခဲ့သည်။ သို့ဖြစ်ရာ ၄၀.၂% တိုးလာခဲ့သည်။ ကိုရီးယား အမျိုးသားန‌ှင့် ဂျပန် အမျိုးသမီး စုံတွဲကို တင်ဆက်ထားသည့် Chae Jong Hyeop ပါဝင် သရုပ်ဆောင်ထား‌ေသာ ဇာတ်လမ်းတွဲ "Eye Love You" ရေပန်းစားသည်။ ၎င်းဇာတ်လမ်းတွဲ အရှိန်အဝါကြောင့် ကိုရီးယားအမျိုးသားနှင့် ဂျပန်အမျိုးသမီး ထိမ်းမြားလက်ထပ်မှုများ ရှိစေခဲ့သည်။ Netflix Japan တွင် ၅ ပတ်တိုင်တိုင် အကြည့်အများဆုံး ထိပ်တန်း (၁၀) စာရင်းဝင်ခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် နိုင်ငံသား မဟုတ်သူနှင့် လက်ထပ်ခြင်း ၁၉,၇၀၀ ခု ရှိခဲ့သည်။ နိုင်ငံသား မဟုတ်သူနှင့် လက်ထပ်ခြင်းများတွင် ကိုရီးယားအမျိုးသားများနှင့် ဗီယက်နမ်အမျိုးသမီးများ လက်ထပ်ခြင်းသည် အများဆုံးဖြစ်သည်။ ဂျပန်အမျိုးသားများနှင့် လက်ထပ်သော ကိုရီးယားအမျိုးသမီး အရေအတွက်မှာ ထိပ်တန်း ...

ဗီယက်နမ်အမျိုးသားနှင့် တောင်ကိုရီးယားအမျိုးသမီး လက်ထပ်ထိမ်းမြားခြင်း ၁၀ နှစ်အတွင်း ၃ ဆ ရှိလာခဲ့

ဗီယက်နမ်အမျိုးသားများနှင့် တောင်ကိုရီးယားအမျိုးသမီးတို့ကြား တနှစ်တာကာလအတွင်း  လက်ထပ်ထိမ်းမြားသည့် အရေအတွက်သည် ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ တစ်ဆယ်နှစ်အတွင်း ၂ ဒသမ ၈ ဆ တိုးမြင့်လာခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ၂၇၉ ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၇၉၂ အထိ မြင့်တက်လာခဲ့သည်။ Yonhap သတင်းအေဂျင်စီ၏ အဆိုအရ  ဗီယက်နမ်အမျိုးသားများသည် တောင်ကိုရီးယားတွင် တတိယအများဆုံး နိုင်ငံခြားသားခင်ပွန်းများ ဖြစ်သည်။ ၁၅.၈% ရှိသည်။ အများဆုံးဖြစ်သည့် အမေရိကန်နိုင်ငံသား ခင်ပွန်းများသည် ၂၇.၇% ရှိသည်။ ဒုတိယအများဆုံး တရုတ်နိုင်ငံသား ခင်ပွန်းများသည် ၁၈.၄% ရှိသည်။ ထူးခြားချက်တချက်မှာ Chosun Daily သတင်းမီဒီယာ၏ အဆိုအရ ဗီယက်နမ်အမျိုးသားများနှင့် လက်ထပ်သည့် ကိုရီးယား အမျိုးသမီးများတွင် တချိန်တခါက ကိုရီးယား အမျိုးသားနှင့်လက်ထပ်ခဲ့ဖူးသူများ အတော်များများ ပါဝင်နေခြင်း ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် ဗီယက်နမ်အမျိုးသားနှင့် လက်ထပ်သည့် ကိုရီးယားအမျိုးသမီး ၇၉၂ ဦး ရှိခဲ့ရာတွင် ၅၅၆ ဦးသည် ကိုရီးယား အမျိုးသားနှင့်လက်ထပ်ခဲ့ဖူးသူများဖြစ်သည်။ ယင်းတို့အနက် ၄၈၂ ဦးသည် မူရင်းမူလ ဗီယက်နမ်မှ အမျိသမီးများ ဖြစ်သည်။ တောင်ကိုရီးယားသို့ ရောက်ရှိလာခဲ့ပြီး ကို...