Posts

Showing posts with the label #WeddingIndustryGuide

SK Group ၏ ဥက္ကဋ္ဌ လင်မယား ကွာရှင်းမှု ကန်ဒေါ်လာ ၁ ဘီလီယံ ပေးရ

 တောင်ကိုရီးယားမှ SK Group ၏ ဥက္ကဋ္ဌ Chey Tae-won အား လင်မယား ကွာရှင်းမှုအတွက် ၎င်း၏ ဇနီးဟောင်း Roh So-young (ယခင်ကိုးရီးယားသမ္မတ Roh Tae-woo ၏ သမီး) အား ငွေသားဖြင့် ဝမ် ၁.၃၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁ ဘီလီယံ) ပေးဆောင်ရန် ကြာသပတေးနေ့ (မေ ၃၀)တွင် အထက်တရားရုံးက အမိန့်ချခဲ့သည်။ ယခင် အောက်တရားရုံး စီရင်ချက်တွင် ဝမ် ၆၆.၅ ဘီလီယံ ပေးရန် သတ်မှတ်ခဲ့သည်ထက် ယခုစီရင်ချက်က ပိုများနေရသည်မှာ Chey ၏ စီးပွားရေး အောင်မြင်မှုအတွက် Roh So-young နှင့် သူမ၏ ဖခင် Roh Tae-woo တို့က ကျေးဇူးပြုပေးခဲ့ကြသည်ကို ထည့်သွင်း စဉ်းစားပေးထားခြင်းကြောင့် ဖြစ်သည်။ Chey ၏ အသားတင်ကြွယ်ဝမှုအား ဝမ် လေးထရီလီယံဝန်းကျင်ဟု တရားရုံးက ရာဖြတ်ခဲ့ပြီး Roh So-young သည် ၃၅%ကို ရရှိမည်ဖြစ်သည်။ SK Group သည် တောင်ကိုရီးယား၏ ထိပ်တန်း မိုဘိုင်းလ်ဖုန်းလိုင်း အပါအဝင် စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး memory chip ထုတ်လုပ်သည့် SK Hynix ကို ထိန်းချုပ်ထားသည်။ Source AFP #WeddingIndustryGuide