ပြည်တွင်းခရီးသွားများ ဆောင်းကာလတွင် ခရီးအများဆုံး ထွက်ဖြစ်ကြ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ခရီးသွားလုပ်ငန်းသုတေသနဌာနစိတ်မှ ထုတ်ပြန်သည့် မြန်မာနိုင်ငံပြည်တွင်းခရီးသွားစစ်တမ်း - ၂၀၂၃ တွင် ဖော်ပြထားသည့်အချက်အများအရ ၂၀၂၃ ခုနှစ်တွင် ဒီဇင်ဘာလသည် ခရီးအများဆုံးသွားသည့်လဖြစ်ပြီး ဇန်နဝါရီလသည် ဒုတိယအများဆုံးလ ဖြစ်ပါသည်၊ အောက်တိုဘာနှင့် ဧပြီလတို့သည် တတိယအများဆုံးဖြစ်ပါသည်။ သို့ဖြစ်ရာ ဆောင်းကာလတွင် ခရီးအများဆုံး ထွက်ဖြစ်ကြသည်။ ခရီးသွားရန် ပုဂ္ဂလိကဘတ်စ်ကား အများဆုံးအသုံးပြုကြပြီး ဒုတိယအများဆုံးမှာ လေယာဉ်ဖြစ်ပါသည်။ စစ်တမ်းတွင် ပါဝင်ဖြေဆိုကြသူများတွင် ၈၃% သည် စိတ်ကျေနပ်မှု မရရှိကြောင်း ဖြေဆိုခဲ့ကြသည်။ ၄၁% က အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ရန်၊ ၁၆%က ပို့ဆောင်ရေး ဝန်ဆောင်မှု အဆင့်အတန်း မြှင့်တင်ရန်၊ ၁၂% က ပို့ဆောင်ရေးကုန်ကျစရိတ် လျှော့ချပေးရန် အကြံပြုပါသည်။ စစ်တမ်းကို အောက်ပါလင့်တွင် ရယူနိုင်ပါသည်။ မြန်မာ https://shorturl.at/vU2hL English https://shorturl.at/9l0EK