မလေးရှားနိုင်ငံရှိ လေဆိပ်များ ခရီးသည် ဝန်ဆောင်ခ တိုးမြှင့်ကောက်ခံမည်

မလေးရှားလေကြောင်းကော်မရှင် Malaysian Aviation Commission (Mavcom) ၏  ကြေညာချက်အရ မလေးရှားနိုင်ငံရှိ လေဆိပ်မှ ထွက်ခွာမည့် ခရီးသည်များသည် ဇွန်လ ၁ ရက်နေ့မှ စတင်၍ ခရီးသည် ဝန်ဆောင်ခ ပိုမိုပေးဆောင်ရမည်ဖြစ်ပါသည်။

ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ် အမှတ်(၁) Kuala Lumpur International Airport 1 (KLIA1) မှ ထွက်ခွာမည့် ခရီးသွားများအားလုံးသည် ဇွန်လ ၁ ရက်နေ့မှ စပြီး ခရီးသည် ဝန်ဆောင်ခ ၇၃ ရင်းဂစ် ပေးဆောင်ရမည်။ အာဆီယံနှင့် အာဆီယံ မဟုတ်သောနိုင်ငံဟု ခွဲခြားကောက်ခံခြင်း မပြုတော့ပါ။ 


KLIA1 လက်ရှိနှုန်းထားမှာ အာဆီယံနိုင်ငံသို့ သွားရောက်ပါက ၃၅ ရင်းဂစ်၊ အခြားနိုင်ငံသို့ သွားရောက်ပါက ၇၃ ရင်းဂစ် ကောက်ခံသည်။


KLIA2 အတွက် နှုန်းထားအသစ်မှာ မည်သည့်နိုင်ငံသို့ သွားသည်ဖြစ်စေ ရင်းဂစ် ၅၀ ဖြစ်ပါသည်။

နှုန်းထားအသစ်သည် အာဆီယံနိုင်ငံသို့ သွားရောက်ပါက ၁၅ ရင်းဂစ် ပိုများမည်ဖြစ်ပြီး  အခြားနိုင်ငံသို့ သွားရောက်ပါက ၂၃ ရင်းဂစ် သက်သာမည် ဖြစ်သည်။


COVID-19 ကူးစက်ရောဂါလွန်ကာလ ဝန်းကျင်တွင် လေကြောင်းကဏ္ဍ ပြန်လည်နာလန်ထူမှုနှင့် လိုက်လျောညီထွေဖြစ်အောင်  ပြင်ဆင်သတ်မှတ်ထားသည့် နှုန်းထားအသစ်များဟု Mavcom ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ပြည်တွင်း ခရီးသွားလာမှု သက်သာစေရန်အတွက် ပြည်တွင်းခရီးသွားများသည် ဂျိုဟိုးမှ Senai International Airport မှအပ လေဆိပ်အားလုံးတွင် တူညီသောအခကြေးငွေ ၁၁ ရင်းဂစ် ပေးဆောင်ရမည်ဖြစ်ပြီး Senai International Airport တွင် ၁၆ ရင်းဂစ် ပေးရမည်ဟု Mavcom ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#TravelerGuide 


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်