ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်
အသေးစားစီးပွားရေး လုပ်ငန်းရှင်များအနေနှင့် အွန်လိုင်းပေါ်တွင် ၎င်းတို့၏လုပ်ငန်းများ ချဲ့ထွင်ရန်နှင့် ဝယ်ယူအားပေးသူများနှင့် ပိုမိုလွယ်ကူစွာ ချိတ်ဆက်နိုင်စေရန် အခမဲ့ဝန်ဆောင်မှုအပြင် အပိုထပ်ဆောင်း ဝန်ဆောင်မှုများလည်း ရရှိသွားမည်ဖြစ်
လူသုံးအများဆုံး ကမ္ဘာ့ထိပ်တန်း ဆက်သွယ်ရေးပလက်ဖောင်း တစ်ခု ဖြစ်သည့် Rakuten Viber သည် အသေးစား စီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူများစွာ ဖြစ်စေမည့် Business Account လုပ်ဆောင်ချက် အသစ်များအား ယနေ့ စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်အား ဂရိနှင့် ဖိလစ်ပိုင်နိုင်ငံ များတွင် ဦးစွာ ပထမ မိတ်ဆက်ခဲ့ခြင်း ဖြစ်ပြီး ယနေ့မှ စတင်၍ မြန်မာနိုင်ငံအပါအဝင် Viber ၏ အချက်အချာအကျဆုံး ဈေးကွက်များတွင် ထပ်မံမိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ အသေးစား စီးပွားရေးလုပ်ငန်းရှင်များ အနေနှင့် Viber ပေါ်တွင် ၎င်းတို့၏ လုပ်ငန်းများအတွက် Business Accounts များအား အခမဲ့ ဖွင့်လှစ်သွားနိုင်မည် ဖြစ်ပြီး ဝယ်ယူအားပေးသူများနှင့် ဆက်သွယ်ချိတ်ဆက်မှုများကိုလည်း ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင် သွားနိုင်တော့မည် ဖြစ်သည်။
ယခုလက်ရှိ အသေးစားစီးပွားရေးလုပ်ငန်းများ အသုံးပြုသွားနိုင်မည့် Business Account လုပ်ဆောင်ချက်များမှာ -
- သူမတူသောနည်းလမ်းများဖြင့် ဝယ်ယူအားပေးသူများ၏ စိတ်ဝင်စားမှုအား ရရှိစေနိုင်မှု
လုပ်ငန်းပရိုဖိုင် - လုပ်ငန်းရှင်များအနေနှင့် လုပ်ငန်းအမည်၊ လိုဂို၊ လုပ်ငန်းအမျိုးအစား၊ အသေးစိတ် ဖော်ပြချက်၊ လုပ်ငန်းချိန်၊ Website နှင့် ဆက်သွယ်ရန်ဖုန်းနံပါတ် အစရှိသည့် အသေးစိတ် အချက်အလက်များပါဝင်သည့် လုပ်ငန်း ပရိုဖိုင်အား ဖန်တီးနိုင်မည်ဖြစ်ကာ အဆိုပါ ပရိုဖိုင်များအား အခြားသူများနှင့် အလွယ်တကူမျှဝေသွားနိုင်မည် ဖြစ်သည်။
ရရှိနိုင်မည့် ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှု စာရင်းများ - လုပ်ငန်းရှင်များအနေနှင့် ရရှိနိုင်မည့် ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှု အခု ၅၀ ၏ နာမည်၊ ဈေးနှုန်း၊ ရုပ်ပုံ၊ အသေးစိတ်ဖော်ပြချက်များနှင့်အတူ ၎င်းတို့၏ Viber Business Account များတွင် ပြသထားနိုင်မည် ဖြစ်သည်။ ထို့အပြင် ၎င်းတို့အနေနှင့် အဆိုပါ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုများအား ဝယ်ယူအားပေးသူများထံသို့ Viber Chat မှတဆင့် ပေးပို့ပြသနိုင်မည်ဖြစ်ပြီး Discounts များကိုလည်း ပေးအပ်သွားနိုင်မည် ဖြစ်သည်။ အလားတူပင် ဝယ်ယူအားပေးသူများအနေနှင့်လည်း စိတ်ဝင်စားသည့် ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ Chat မှတဆင့် အလွယ်တကူ မေးမြန်းသွားနိုင်မည် ဖြစ်သည်။
- စီးပွားရေးလုပ်ငန်းများအား အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည့်အပြင် ပရိုမိုးရှင်း အစီအစဉ်များဖြင့် အရောင်း တိုးတက်စေရန် လုပ်ဆောင်နိုင်မှု
အလွယ်တကူရှာဖွေတွေ့ရှိနိုင်မှု - လုပ်ငန်းများအား ၎င်းတို့၏ အမည်၊ အသေးစိတ် ဖော်ပြချက်၊ တည်နေရာနှင့် လုပ်ငန်း အမျိုးအစားအပေါ်မူတည်၍ Viber ၏ Search လုပ်ဆောင်ချက်မှတဆင့် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည်။
- Business Account ဖွင့်လှစ်ထားသည့် Viber အသုံးပြုသူတိုင်း၏ တစ်ဦးချင်း စကားပြောဆိုမှု
Chat တိုင်းတွင် ၎င်းတို့၏ Business Account Label အား ဖော်ပြပေးနေမည် ဖြစ်သည့်အတွက် မိမိ၏ လုပ်ငန်းအကြောင်း အလွယ်တကူ ချိတ်ဆက် ကြော်ငြာသွားနိုင်မည် ဖြစ်သည်။
လုပ်ငန်းပရိုဖိုင်၊ QR ကုဒ် နှင့် Link များ ရရှိနိုင်မှု - Business Account အား အသုံးပြုသည့် လုပ်ငန်းတိုင်းအနေနှင့် လုပ်ငန်းပရိုဖိုင်အား ရရှိမည် ဖြစ်သည့်အပြင် အဆိုပါ လုပ်ငန်းပရိုဖိုင်အား Viber ပြင်ပမှ အွန်လိုင်း အသုံးပြုသူများနှင့် မျှဝေနိုင်မည့် Link နှင့် QR ကုဒ်များကိုလည်း ရရှိသွားနိုင်မည် ဖြစ်သည့်အတွက် ဆိုရှယ် ပလက်ဖောင်းများ၊ မီဒီယာ စာမျက်နှာများနှင့် အရောင်းဆိုင်များတွင်လည်း အလွယ်တကူ မျှဝေထားနိုင်မည် ဖြစ်သည်။
ဈေးကွက်မြှင့်တင်ရေးလုပ်ဆောင်ချက်များ - လုပ်ငန်းများအနေနှင့် ပရိုမိုးရှင်းများ၊ အထူးအစီအစဉ်များနှင့် ထုတ်ကုန်သစ် မိတ်ဆက်ခြင်းများ အစရှိသည့် နောက်ဆုံးရ သတင်းများကိုလည်း ၎င်းတို့၏ Business Account အား Subscribe လုပ်ထားသူများနှင့် မျှဝေသွားနိုင်မည် ဖြစ်သည်။
- အလိုအလျောက် ပြန်လည်ဖြေကြားမှုများ၊ လုပ်ငန်းပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်များ ရရှိနိုင်မှုနှင့် အတူ ဝယ်ယူသူများနှင့် ဆက်သွယ်ချိတ်ဆက်နိုင်မှုများ
အဆင့်မြှင့်တင်ထားသော Chat လုပ်ဆောင်ချက်များ - လုပ်ငန်းများအနေနှင့် ဝယ်ယူအသုံးပြုသူများနှင့် ဆက်သွယ်ရာတွင် အလိုအလျောက် ဖြေကြားမှုများအား ကြိုတင်စီစဉ်ထားနိုင်မည့် Tools များကိုလည်း အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ Tools များအား မိမိကြိုက်နှစ်သက်သည့်အချိန်တွင် ဖွင့်ထားနိုင်ပြီး ထိုသို့ ပြုလုပ်ထားပါက လုပ်ငန်းရှင်များ၏ Contacts များမှဖြစ်စေ၊ ဝယ်ယူအားပေးသူများမှ ဖြစ်စေ ပေးပို့လာသည့် ဆက်သွယ်ပြောဆိုမှုများအား Auto Reply ဖြင့် အလိုအလျောက် ဖြေကြားပေးမည် ဖြစ်သည့်အပြင် ဝယ်ယူအသုံးပြုသူ အသစ်များကိုလည်း ကြိုဆိုမိတ်ဆက်စကားများနှင့် နှုတ်ဆက်သွားနိုင်မည် ဖြစ်သည်။
လုပ်ငန်းပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်များ - ဤလုပ်ဆောင်ချက်မှ တဆင့် Reach, Subscriber Growth (အသုံးပြုသူ ပမာဏ တိုးတက်လာမှု) နှင့် Average Response Time (မေးမြန်းမှုများအတွက် ပြန်လည်ဖြေကြားရန် ပျှမ်းမျှကြာချိန်) စသည့် အသေးစိတ်အချက်အလက်များအား ပြသပေးနိုင်မည် ဖြစ်သည့်အတွက် လုပ်ငန်းများ အနေနှင့် အဆိုပါ အချက်အလက်များအပေါ် မူတည်၍ အသုံးပြုသူများ ပိုမိုစိတ်ကျေနပ်မှု ရရှိစေရန်နှင့် အရောင်းပမာဏ ပိုမိုတိုးတက်လာစေရန် လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။
“အသေးစား စီးပွားရေးလုပ်ငန်းတွေဆိုတာ နိုင်ငံတိုင်းရဲ့ ပြည်တွင်းစီးပွားရေးအတွက် အဓိကကျောရိုးနောက်ခံ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အခုမိတ်ဆက်လိုက်တဲ့ လုပ်ဆောင်ချက်အသစ်တွေကို အသုံးပြုပြီး လုပ်ငန်းတွေအနေနဲ့ ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ ယနေ့ ဒစ်ဂျစ်တယ်စီးပွားရေးနယ်ပယ်အတွင်းမှာ အကောင်းဆုံးသော ဆက်သွယ်ချိတ်ဆက်မှု နည်းဗျူဟာတွေကို နေရာမရွေး အကောင်အထည်ဖော်သွားနိုင်တော့မှာ ဖြစ်ပါတယ်။ ဘက်စုံသုံး Super App တစ်ခုဖြစ်တဲ့ Rakuten Viber အနေနဲ့ လုပ်ငန်းရှင်တိုင်းရဲ့ မတူညီသော လိုအပ်ချက်တွေကို ဈေးနှုန်းသက်သာမှုအရှိဆုံး ဒစ်ဂျစ်တယ် နည်းလမ်းတွေနဲ့ ကူညီထောက်ပံ့ပေးသွားနိုင်ဖို့ ဆိုတဲ့ ရည်သန်ချက်နဲ့အညီ အခုလို အသုံးပြုရလွယ်ကူပြီး ကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲနိုင်တဲ့ Business Account လုပ်ဆောင်ချက်တွေကို မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်ပါတယ်” ဟု Rakuten Viber ၏ အမှုဆောင် အရာရှိချုပ် ဖြစ်သူ Ofir Eyal က ပြောကြားခဲ့သည်။
၉၀% သော ဝယ်ယူအားပေးသူများအနေနှင့် ၎င်းတို့တစ်ဦးတစ်ယောက်ချင်းစီ၏ ကြိုက်နှစ်သက်မှုများအပေါ်လိုက်၍ စိတ်တိုင်းကျ ဝယ်ယူမှုအတွေ့အကြုံများအား ဖန်တီးပေးနိုင်သော ကုန်အမှတ်တံဆိပ်များအား ပိုမို ဝယ်ယူအားပေးလိုစိတ် ရှိကြသည်ဟု တွေ့ရှိရသည် (Source)။
ထို့အပြင် ၈၈% သော ဝယ်ယူအားပေးသူများသည် ကောင်းမွန်သော Customer Service ရရှိသည့် ကုန်အမှတ်တံဆိပ်များထံမှ နောက်ပိုင်းတွင်လည်း ထပ်မံဝယ်ယူလိုကြသည်ဟု တွေ့ရှိရသည် (Source)။
ပုံမှန်ဝယ်ယူအားပေးနေကြသူများသည် အထူးသဖြင့် အသေးစားလုပ်ငန်းများအတွက် အမှန်တကယ် အရေးပါသည့်အတွက် လုပ်ငန်းအများစုသည် ဝယ်ယူအားပေးသူတစ်ဦးစီအတွက် စိတ်တိုင်းကျ ဝယ်ယူမှု အတွေ့အကြုံများနှင့် အကောင်းမွန်ဆုံး Customer Service များအား ဈေးနှုန်းသက်သာစွာနှင့် ပေးအပ်နိုင်မည့် နည်းလမ်းများအား စဥ်ဆက်မပြတ် ရှာဖွေလာနေကြပြီ ဖြစ်သည်။
ထို့အပြင် ယခုနှစ်အစမှစတင်၍ ဂရိနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် Business Accounts များ ဖွင့်လှစ်မှု ပမာဏ ၆၅% အထိ တိုးတက်လာသည်ကိုလည်း တွေ့ရှိရသည်။ ဆက်သွယ်ရေးပလက်ဖောင်းတစ်ခုအဖြစ်သာမက ဘက်စုံသုံး Super App တစ်ခုအဖြစ် စဉ်ဆက်မပြတ် တည်ဆောက်သွားရန် ရည်ရွယ်ချက်နှင့်အညီ Rakuten Viber သည် လက်ရှိတွင် အသေးစားစီးပွားရေး လုပ်ငန်းများ အတွက် Business Account လုပ်ဆောင်ချက်များအား ပိုမိုကျယ်ပြန့်စွာ မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ Viber အနေနှင့် ယခင်ရှိနေပြီးသား Business Solutions များအပြင် ယခုထပ်မံအသစ် မိတ်ဆက်ခဲ့သည့် Business Account လုပ်ဆောင်ချက်များနှင့်အတူ များစွာသော စီးပွားရေးလုပ်ငန်းများအတွက် ၎င်းတို့၏ ဝယ်ယူအားပေးသူများနှင့် ထိရောက်သော ဆက်သွယ်ချိတ်ဆက်မှုများ လုပ်ဆောင်နိုင်စေရန် များစွာ အထောက်အကူ ပြုသွားနိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံမှ Viber အသုံးပြုသူများအနေနှင့် Business Accounts အား နိုဝင်ဘာလ ၂၇ ရက် မှစတင် အသုံးပြု သွားနိုင်မည် ဖြစ်ပြီး Business Accounts နှင့် ဆက်စပ် ထပ်တိုးလုပ်ဆောင်ချက်များအတွက် သီးသန့် အခပေးအစီအစဉ်များအား မကြာမီ ဆက်လက်မိတ်ဆက်သွားမည် ဖြစ်သည်။ Viber ၏ Business Accounts လုပ်ဆောင်ချက်နှင့် ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိလိုပါက https://lp.viber.com/smblp တွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။
.
.
.
.
.
Comments
Post a Comment