ဗီယက်နမ်ဆန် ကမ္ဘာ့ဈေးအမြင့်ဆုံးမှ ဆဌမနေရာသို့ လျော့ကျ
ကမ္ဘာ့ဈေးကွက်တွင် အမြင့်ဆုံးဖြစ်ခဲ့သည့် ဗီယက်နမ် ပို့ကုန်ဆန် ဈေးနှုန်းသည် ယခုအခါ အဆင့်ခြောက်နေရာသို့ ကျဆင်းသွားခဲ့သည်။ ၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် မေလ ၃၀ ရက်တွင် တတန် US$574 ဖြင့် အရောင်းအဝယ် ဈေးတည့်ခဲ့သည်။ ဗီယက်နမ် စားသောက်ကုန်အသင်း အဆိုအရ အမေရိကန်၊ ထိုင်း၊ ပါကစ္စတန်၊ မြန်မာနှင့် အိန္ဒိယတို့ထက် နိမ့်ကျနေသည်။ ဗီယက်နမ် ဆန်ဈေးသည် ဒီဇင်ဘာတွင် သမိုင်းဝင် အထွတ်အထိပ်မှ ၁၃.၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ယခုအခါ ဗီယက်နမ်ဆန်သည် ပြိုင်ဘက် ထိုင်းထက် ၇.၄% ဈေးနိမ့်နေပါသည်။ ပို့ကုန်လုပ်ငန်း Co May စီအီးအို Dinh Ngoc Tam က ကုမ္ပဏီတွင် လက်ကျန် အများအပြား ကျန်ရှိနေသေးသဖြင့် ဈေးအနိမ့်ဖြင့် ရောင်းချနေသည်ဟု ပြောကြားသည်။ ဆန်တင်ပို့သည့် လုပ်ငန်း Orico ၏ စီအီးအို Nguyen Viet Anh က ဗီယက်နမ်တွင် ရောင်းလိုအား မြင့်မားနေသည့်အပြင် ဈေးနှုန်းများ အချိန်အတော်ကြာ မြင့်မားနေခဲ့ပြီးနောက် အကျဘက်သို့ ရောက်လာသည်ဟု ပြောကြားသည်။ အခြားနိုင်ငံ အများအပြားတွင်လည်း ဆန်ဈေး ကျဆင်းနေပြီး အိန္ဒိယအစိုးရက ဆန်ဖြူ တင်ပို့ရန် ခွင့်ပြုပါက ပိုမိုကျဆင်းသွားမည်ဖြစ်ကြောင်း အခြားဆန်တင်ပို့သူများက ပြောသည်။ ကမ္ဘာ့ဆန် ထွက်ရှိမှု မြင့်တက်လာမည...