ယူအေအီးသို့ အိန္ဒိယ ကြက်သွန်နီ တင်ပို့မှု ရပ်ထား

 

အိန္ဒိယကြက်သွန်နီ အများဆုံး တင်ပို့သည့် အာရပ်စော်ဘွားများ ပြည်ထောင်စု ယူအေအီးတွင် ကြက်သွန်နီ ဈေးနှုန်း ခေါက်ချိုး ရုတ်တရက် ဈေးထိုးကျခြင်းကြောင့် အိန္ဒိယကြက်သွန်နီ တင်ပို့ရန် မဖြစ်နိုင်တော့သဖြင့် ယူအေအီးသို့ အိန္ဒိယ ကြက်သွန်နီ တင်ပို့မှုများ ရပ်နားထားကြရသည်။ 


ကြက်သွန်နီများ မျှော်မှန်းထားသလောက် မထွက်ဟု ခန့်မှန်းသဖြင့် ပြည်တွင်း ဖူလုံမှု ရှိစေရန်နှင့် ဈေးမတက်အောင် ထိန်းထားနိုင်စေရန် အိန္ဒိယအစိုးရက ကြက်သွန်နီ ပြည်ပတင်ပို့မှုကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းက တားမြစ်ခဲ့သည်။ 

 ပို့ကုန် ပိတ်ပင်မှုကြောင့် ဈေးနှုန်း နိမ့်ကျလာသဖြင့် လယ်သမားများ ဆန္ဒပြခဲ့ကြသည်။

ကြက်သွန်နီ အဓိက ထွက်သည့် ပြည်နယ်ဖြစ်သော မဟာရဋ္ဌပြည်နယ်မှာ မေလ ၁၂ ရက် ရွေး‌ကောက်ပွဲ ကျင်းပရန် ရက်ပိုင်းအလိုတွင် ကြက်သွန်နီ ပြည်ပတင်ပို့မှုကို ပြန်လည် ခွင့်ပြုလိုက်သည်။ 


ထိုသို့ ခွင့်ပြုရာ၌ အချက် ၂ ချက်ဖြင့် ချုပ်ထိန်းထားသည်။ အနည်းဆုံး ပို့ကုန်တန်ဖိုး Minimum Export Price (MEP)ကို တတန် $550 သတ်မှတ်သည်။ ပို့ကုန်ခွန် ၄၀% စည်းကြပ်သည်။


တားမြစ်ချက်ကို မရုတ်သိမ်းမီ ဒူဘိုင်းတွင် ကြက်သွန်နီ ဈေးနှုန်းများမှာ တကီလို 2 UAE Dirham ဖြစ်ပြီး ယခုအခါ 1 UAE Dirham ဝန်းကျင်သို့ ကျဆင်းသွားသည်။

ယူအေအီးမှ ဒူဘိုင်းတွင် ဈေးကျဆင်းရခြင်းမှာ တရုတ်၊ အီဂျစ်နှင့် ပါကစ္စတန်တို့မှ ကြက်သွန်နီများ ရရှိနိုင်ခြင်းကြောင့် ဖြစ်ကြောင်း ကုန်သည်များက ပြောသည်။

 1 UAE Dirham သည် ၂၂.၆၅ ရူပီးနှင့် ညီမျှသည်။

အိန္ဒိယကြက်သွန်နီကို ပို့ကုန်ခွန် ၄၀% ပေးဆောင်ပြီး ယူအေအီးသို့ တင်ပို့ရန် သင်္ဘောတင်ပါက တကီလို ရူပီ ၄၀-၄၅ ဝန်းကျင် ကုန်ကျသည်။ 

"လက်ရှိ ယူအေအီး ပေါက်ဈေးက ပို့ကုန်အတွက် အဆင်မပြေဘူး"ဟု ကုန်သည်တဦးက ပြောကြားသည်။

အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များက အရှုံးခံပြီး တင်ပို့မည့်အစား ပို့ကုန်ခွန် မလျှော့မချင်း စောင့်ဆိုင်းရမည်ဟု ဆိုသည်။

 

ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ် ၃၀၂၂-၂၃ ခုနှစ်အတွင်း အိန္ဒိယမှ ကြက်သွန်နီတန်ချိန် ၂၅.၂၅ သိန်း တင်ပို့ခဲ့ရာ၌ တန်ချိန် ၄ သိန်းကို ယူအေအီးသို့ တင်ပို့ခဲ့သည်။

 

Source indianexpress

#FoodIndustryGuide 

Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး