Posts

Showing posts with the label #BankingIndustryGuide

ဗီယက်နမ် အစိုးရဘဏ်များ ရွှေချောင်းများ အကန့်အသတ်မရှိ လက်လီရောင်းချ

  ဗီယက်နမ်တွင် ရွှေဈေးမြင့်တက်နေခြင်းကို ထိန်းရန် နိုင်ငံပိုင်ဘဏ် ၄ ခု Agribank, BIDV, VietinBank, Vietcombank တို့သည် တနင်္လာနေ့ (ဇွန် ၃)မွန်းလွဲပိုင်းတွင် ဈေးကွက်ပေါက်နှုန်းထက် ၁.၂ ရာခိုင်နှုန်းနိမ့်သော ဈေးနှုန်းများဖြင့် လက်လီဝယ်ယူသူများထံ ရွှေချောင်းများကို စတင်ရောင်းချခဲ့သည်။ ယခင်တင်ပြချက် https://t.me/Guid4U/19080 ၎င်းဘဏ်များသည် ဗဟိုဘဏ် State Bank of Vietnam (SBV) ထံမှ ရွှေချောင်းကို ၁ တေးလ်လျှင် ဒေါင် ၇၈.၉၈ သန်း (US$3,106.39) ဖြင့် ဝယ်ယူပြီး ဒေါင် သန်း၈၀ အောက် ဈေးနှုန်းဖြင့် လက်လီရောင်းချပေးသည်။ ပြင်ပပေါက်ဈေးမှာ ဒေါင် ၈၁ သန်း ဖြစ်ပါသည်။ ၎င်းဘဏ်များကို ဒေါင် ၁ သန်းထက် ကျော်လွန်ပြီး ဈေးတင်မရောင်းရဟု ညွှန်ကြားထားသည်။ လက်လီဝယ်ယူသူ တဦးချင်းကို အကန့်အသတ်မရှိ ရောင်းချခွင့် ရှိသော်လည်း အဖွဲ့အစည်းများ၊ လုပ်ငန်းများကို ရောင်းချခွင့် မပြုပါ။ ဗီယက်နမ်ရွှေဈေးသည် ပြီးခဲ့သည့်အပတ်က ကမ္ဘာ့ရွှေဈေးထက် ၂၃% ပိုများနေခဲ့ရာမှ ယခုအခါ ၁၃% သာ ပိုများ‌တော့သည်အထိ လျော့ကျလာသည်။ ဗီယက်နမ်တွင် စံထားသည့် ရွှေချောင်း ဖြစ်သော SJC ရွှေချောင်းဈေးသည် မေလ ၁၀ ရက်တွင် ဒေါင် ၉၂ သန်း (US$3,619.91)အထိ မြင့်တက်ခဲ့ပြီး ...

အိန္ဒိယဗဟိုဘဏ် ရွှေ မက်ထရစ်တန် ၁၀၀ ကို အဘယ်ကြောင့် ရွှေ့ပြောင်းရသနည်း

• RBI က ရွှေ‌ချောင်းများ မည်မျှ စုဆောင်းထားသနည်း • RBI သည် ရွှေများကို ပြည်ပမှာ အဘယ်ကြောင့် သိမ်းဆည်းသနည်း • RBI သည် ရွှေများကို ပြည်ပမှ ပြည်တွင်းသို့ အဘယ်ကြောင့် ရွှေ့ပြောင်းရသနည်း • RBI သည် ဤမျှများပြား‌သော ရွှေများဖြင့် ဘာလုပ်မည်နည်း။ အိန္ဒိယဗဟိုဘဏ် Reserve Bank of India (RBI) သည် ယူကေတွင် သိမ်းဆည်းထားသည့် ရွှေ မက်ထရစ်တန် ၁၀၀ ကို ယခုဘဏ္ဍာနှစ်တွင် အိန္ဒိယသို့ ပြောင်းရွှေ့ခဲ့ကြောင်း Guide4U တွင် တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခင်တင်ပြချက် https://shorturl.at/qoe5w ကြီးမားသော ပမာဏဖြင့် ရွှေချောင်းများ အပြောင်းအရွှေ့သည် ၁၉၉၁ ခုနှစ်နောက်ပိုင်း အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံးရွှေပြောင်းရွှေ့မှု ဖြစ်ပါသည်။ • RBI က ရွှေ‌ချောင်းများ မည်မျှ စုဆောင်းထားသနည်း ၂၀၂၄ ခုနှစ် မတ်လအထိ RBI မှာ စုစုပေါင်းအရန်‌ရွှေ ပမာဏ ၈၂၂.၁၀ မက်ထရစ်တန် ရှိပါသည်။ ၎င်းရွှေများမှ ကြီးမားသောပမာဏသည် ပြည်ပတွင် ထားရှိပါသည်။ အင်္ဂလန်မှ Bank of England ထံတွင်လည်း ရွှေချောင်းများ ထားရှိသည်။ ၎င်းဘဏ်မှ ရွှေ တန်၁၀၀ ကို အိန္ဒိယသို့ ရွှေပြောင်းလိုက်ပြီးနောက် အိန္ဒိယတွင် သိမ်းဆည်းထားသည့် ရွှေပမာဏသည် ၄၀၈ မက်ထရစ်တန် ဖြစ်လာပါသည်။ သို့ဖြစ်ရာ ပြ...

အိန္ဒိယဗဟိုဘဏ် ယူကေမှ ရွှေ ကီလို ၁ သိန်း ပြောင်းရွှေ့

  အိန္ဒိယဗဟိုဘဏ် Reserve Bank of India (RBI) သည် ဗြိတိန်နိုင်ငံမှ ရွှေတန်ချိန် ၁၀၀ ခန့် (ကီလိုဂရမ် ၁ သိန်း) ခန့်ကို အိန္ဒိယနိုင်ငံရှိ ၎င်း၏ ရွှေတိုက်များသို့ ပြောင်းရွှေ့ခဲ့သည်ဟု Business Today က ဖော်ပြသည်။ အိန္ဒိယနိုင်ငံသည် ၁၉၉၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရွှေ လွှဲပြောင်းမှု အများအပြားကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ RBI ၏ ရွှေများတွင် ထက်ဝက်ကျော်ကို Bank of England နှင့် Bank of International Settlements တို့ထံ သိမ်းဆည်းထားပေးရန် အပ်နှံထားပြီး သုံးပုံတပုံဝန်းကျင်ကို ပြည်တွင်းမှာ သိမ်းဆည်းထားသည်။ အဆိုပါအပြောင်းအရွှေ့သည် RBI မှ Bank of England သို့ ပေးနေရသည့် သိုလှောင်မှုကုန်ကျစရိတ်များကို သက်သာစေရန်အတွက်ဖြစ်မည်ဟု ယူဆရသည်။ ဗဟိုဘဏ်သည် ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့စာရင်းအရ နိုင်ငံခြားငွေ အရန်ရန်ပုံငွေ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရွှေ ၈၂၂ ဒသမ ၁၀ တန်ကို သိမ်းဆည်းထားသည်။ ကမ္ဘာ့ရွှေကောင်စီ၏ အစီရင်ခံစာအရ ဗဟိုဘဏ်များသည် တူးဖော်ရရှိသမျှရွှေအားလုံး၏ ၁၇% ခန့်ကို ပိုင်ဆိုင်ထားပြီး ၂၀၂၃ နှစ်ကုန်တွင် စုစုပေါင်း ၃၆,၆၉၉ မက်ထရစ်တန် ရှိသည်။ Source Business Today #GoldIndustryGuide 

ကုန်သွယ်မှု ငွေပေးငွေယူ ယွမ် လူကြိုက်နည်း

 တရုတ်အစိုးရက ပြည်ပကုန်သွယ်မှုများတွင် ယွမ် သုံးစွဲမှုကို မြှင့်တင်ပြီး ဒေါ်လာကို အစားထိုး နေရာဝင်ယူရန် ကြိုးပမ်းဆောင်ရွက်နေသော်လည်း တရုတ်နိုင်ငံ၏ ပဉ္စမအကြီးဆုံးဘဏ် Bank of Communications နှင့် Renmin University မှ International Monetary Institute တို့ ပူးတွဲထုတ်ပြန်သည့် ပထမသုံးလပတ်အတွက် Cross-Border Yuan Insight စစ်တမ်းအသစ်၏ တွေ့ရှိချက်များအရ “ကုန်သွယ်ဖက်များကြားတွင် ယွမ်ငွေကို သုံးစွဲရန် ဆန္ဒမရှိခြင်း” သည် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု ငွေပေးချေခြင်းများအတွက် အကြီးမားဆုံး အတားအဆီးအဖြစ် ရှိနေသေးသည်။ စစ်တမ်းတွင် ပါဝင်ဖြေဆိုသော လုပ်ငန်းများ၏ ၄၇.၇% ခန့်က ယွမ်ငွေကို အသုံးပြုရန် ကုန်သွယ်ဖက်များအကြား စိတ်ဝင်စားမှု နည်းပါးခြင်းသည် ယွမ် သုံးစွဲမှု တွင်ကျယ်လာစေရေးအတွက် အဓိက အဟန့်အတား ဖြစ်နေသည်ဟု ဖြေဆိုကြသည်။ ဖြေဆိုသူများအနက် သုံးပုံတစ်ပုံခန့်ကမူ အခက်အခဲအဆင့်သည် ယခင်နှစ်ကအတိုင်းပင်ဖြစ်ပြီး မပြောင်းလဲသေးကြောင်း ပြောဆိုကြပြီး ၁၁ ရာခိုင်နှုန်းခန့်က ပိုဆိုးလာသည်ဟု ယူဆကြသည်။ မတ်လတွင် ကုမ္ပဏီပေါင်း ၁၆၅၇ ခုကို စစ်တမ်းကောက်ယူခဲ့ရာ၌ အကြမ်းအားဖြင့် ၇၁% မှာ ပုဂ္ဂလိကလုပ်ငန်းများဖြစ်ပြီး ၁၃% မှာ နိုင်ငံပ...

ဇင်ဘာဘွေ ကမ္ဘာ့နောက်ဆုံးပေါ်ငွေကြေးအသစ် ZiG စတင်သုံးစွဲ

 ဇင်ဘာဘွေနိုင်ငံတွင် ရွှေကျောထောက်နောက်ခံပြုပေးထားသည့် ကမ္ဘာ့နောက်ဆုံးပေါ်ငွေကြေးအသစ် ZiG ကို ၂၀၂၄ ဧပြီလ ၅ ရက်တွင် စတင်သုံးစွဲပါသည်။ ZiG သည် Zimbabwe Gold ကို ဆိုလိုပါသည်။ ဇင်ဘာဘွေရှိ ဘဏ်များတွင် ယခင်သုံးစွဲခဲ့သည့် နိုင်ငံသုံးငွေ ဇင်ဘာဘွေဒေါ်လာ ZW$ များကို ZiG ဖြင့် လဲလှယ်ပေးသည်။ ZW$ နှင့် ZiGတို့အကြား ငွေလဲနှုန်းကို ၂၀၂၄ ဧပြီလ ၅ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် ရွှေဈေးအရ ဗဟိုဘဏ်က ငွေလဲနှုန်း သတ်မှတ်ပေးထားသည်။ ဘဏ်လုပ်ငန်းကဏ္ဍရှိ ZW$ အပ်ငွေများ အားလုံး၊ ZW$ ချေးငွေများအားလုံး၊ ကြိုတင်ပေးငွေ၊ စရန်ငွေများ အားလုံး ZiG သို့ ပြောင်းလဲလိုက်သည်။ ဈေးရောင်းဈေးဝယ်၊ ကုန်ပစ္စည်းဈေးနှုန်း၊ ဝန်ဆောင်ခ အစရှိသည်တို့ အကုန်လုံးကိုလည်း ZiG ကို ပြောင်းလဲသုံးစွဲကြရသည်။ လက်ထဲ ရှိနေသော ZW$ ငွေစက္ကူများ၊ အကြွေများကို ZiG ဘဏ်ငွေစာရင်းတွင် ZiG သို့ ပြောင်းပေးပြီး ပေါင်းထည့်ပေးသည်။ ဘဏ်များထံ ၂၀၂၄ ဧပြီလ ၅ ရက်မှစ၍ ၂၁ ရက်အတွင်း ZW$ ငွေစက္ကူများ၊ အကြွေများ အပ်နှံရသည်။ ZiG ငွေစက္ကူများ၊ အကြွေများကို 1ZiG, 2ZiG, 5ZiG, 10ZiG, 20Zig, 50ZiG, 100ZiG နှင့် 200ZiG တို့ ထုတ်ဝေထားပြီး ဘဏ်များမှတဆင့် ဖြန့်ဝေသည်။ (၂) ရွှေကျောထောက်န...

ပြည်တွင်းရွှေဈေးကျဖို့ ဗီယက်နမ် ဗဟိုဘဏ် ထပ်မံကြိုးပမ်း

  ဗီယက်နမ် ဗဟိုဘဏ် State Bank of Vietnam (SBV) သည် ပြည်တွင်းရွှေဈေး မြင့်တက်နေသည်ကို ထိန်းရန် ရွှေချောင်းများ လေလံတင် ရောင်းချပေးခဲ့သော်လည်း အကြောင်းမထူးသဖြင့် ယခုအခါ ရွှေချောင်းများကို နိုင်ငံပိုင် ဘဏ် ၄ ခု ဖြစ်သည့် Agribank, Vietcombank, BIDV နှင့် VietinBank တို့မှ တဆင့် ရွှေလက်လီ ရောင်းချသူများထံ ရောင်းချမည် ဖြစ်ရာ၌ ဇွန်လ (၃)ရက်နေ့တွင် ဗဟိုဘဏ်မှ သတ်မှတ်သည့် ဈေးနှုန်းများဖြင့် စတင်ရောင်းချမည်ဖြစ်သည်။ ပြည်တွင်းရွှေဈေး ကျဆင်းစေဖို့အတွက် ဗဟိုဘဏ်၏ ထပ်မံ ကြိုးပမ်းချက်ဖြစ်ပါသည်။ ယခင်တင်ပြချက် https://t.me/Guid4U/19035 ဗဟိုဘဏ်သည် လေလံတင်ပြီး ရွှေချောင်းများ ၁.၈ တန် ရောင်းချပေးခဲ့ပြီးပြီ ဖြစ်သော်လည်း Vietnam Saigon Jewelry Company ၏ SJC ရွှေချောင်းဈေးသည် ကမ္ဘာ့ရွှေဈေးထက် ၂၀% ပိုမြင့်နေဆဲ ဖြစ်သဖြင့် လေလံဖြင့် ရွှေရောင်းချခြင်းကို ရပ်လိုက်ခြင်း ဖြစ်ပါသည်။ SJC ရွှေချောင်းအကြောင်း တင်ပြချက် https://t.me/Guid4U/19038 #GoldIndustryGuide #BankingIndustryGuide 

ဗီယက်နမ် ဗဟိုဘဏ် ရွှေလေလံ ရပ်

  ဗီယက်နမ်နိုင်ငံ ဗဟိုဘဏ် State Bank of Vietnam သည် ပြည်တွင်း ရွှေဈေးနှုန်းများ ကမ္ဘာ့ရွှေဈေးနှုန်းထက် ၂၃% ဝန်းကျင် မြင့်တက်နေသည်ကို ထိန်းကျောင်းရန် ရွှေ‌ချောင်းများ ထုတ်ရောင်းပေးနေခြင်းကို အစောဆုံးအနေဖြင့် ဇွန်လ ၃ ရက်မှစ၍ ရပ်တော့မည်ဖြစ်ကြောင်း VnExpress International မီဒီယာက သတင်းဖော်ပြသည်။ ရွှေဈေးနှုန်း မြင့်တက်နေသည်ကို ထိန်းကျောင်းရန် မဟာဗျူဟာ အသစ်တမျိုး ကျင့်သုံးမည် ဖြစ်သည်။ ဗဟိုဘဏ် SVB က သတ်မှတ်ထားသော လုပ်ငန်းများကို ဖိတ်ခေါ်ပြီး လေလံတင်ခဲ့သည်။ ဧပြီလ ၁၉ ရက်မှစပြီး SBV သည် ရွှေချောင်းများကို ဈေးကွက်သို့ ရောင်းချရန် လေလံကိုးကြိမ် ပြုလုပ်ခဲ့ရာ ၆ ကြိမ် အောင်မြင်ခဲ့သည်။ ကျန် ၃ ကြိမ်တွင် လေလံဆွဲသူ ဦးရေ မပြည့်သဖြင့် လေလံပွဲ ရုပ်သိမ်းခဲ့ရသည်။ ယခင်တင်ပြချက်  https://t.me/Guid4U/17774 SJC အမှတ်တံဆိပ် ရွှေချောင်းများ စုစုပေါင်း ၄၈,၀၀၀ တေးလ် ရောင်းချခဲ့သည်။  (၁ တေးလ် = ၁.၃၃၃၃၃ အောင်စ) ထိုသို့ ရောင်းချပေးခဲ့သော်လည်း ရွှေဈေးနှုန်းကို ထိန်းပေးနိုင်ခြင်း မရှိခဲ့ပါ။ TPBank နှင့် Eximbank ကဲ့သို့သော ကူးသန်းရောင်းဝယ်ရေးဘဏ်များနှင့် SJC၊ Doji၊ Phu Nhuan နှင့် Bao Tin Minh Chau ကဲ့သို့သေ...