ပြည်တွင်းရွှေဈေးကျဖို့ ဗီယက်နမ် ဗဟိုဘဏ် ထပ်မံကြိုးပမ်း

 

ဗီယက်နမ် ဗဟိုဘဏ် State Bank of Vietnam (SBV) သည် ပြည်တွင်းရွှေဈေး မြင့်တက်နေသည်ကို ထိန်းရန် ရွှေချောင်းများ လေလံတင် ရောင်းချပေးခဲ့သော်လည်း အကြောင်းမထူးသဖြင့် ယခုအခါ ရွှေချောင်းများကို နိုင်ငံပိုင် ဘဏ် ၄ ခု ဖြစ်သည့် Agribank, Vietcombank, BIDV နှင့် VietinBank တို့မှ တဆင့် ရွှေလက်လီ ရောင်းချသူများထံ ရောင်းချမည် ဖြစ်ရာ၌ ဇွန်လ (၃)ရက်နေ့တွင် ဗဟိုဘဏ်မှ သတ်မှတ်သည့် ဈေးနှုန်းများဖြင့် စတင်ရောင်းချမည်ဖြစ်သည်။

ပြည်တွင်းရွှေဈေး ကျဆင်းစေဖို့အတွက် ဗဟိုဘဏ်၏ ထပ်မံ ကြိုးပမ်းချက်ဖြစ်ပါသည်။


ယခင်တင်ပြချက်

https://t.me/Guid4U/19035

ဗဟိုဘဏ်သည် လေလံတင်ပြီး ရွှေချောင်းများ ၁.၈ တန် ရောင်းချပေးခဲ့ပြီးပြီ ဖြစ်သော်လည်း Vietnam Saigon Jewelry Company ၏ SJC ရွှေချောင်းဈေးသည် ကမ္ဘာ့ရွှေဈေးထက် ၂၀% ပိုမြင့်နေဆဲ ဖြစ်သဖြင့် လေလံဖြင့် ရွှေရောင်းချခြင်းကို ရပ်လိုက်ခြင်း ဖြစ်ပါသည်။


SJC ရွှေချောင်းအကြောင်း တင်ပြချက်

https://t.me/Guid4U/19038

#GoldIndustryGuide #BankingIndustryGuide 

Comments

Popular posts from this blog

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး