ပြည်တွင်းရွှေဈေးကျဖို့ ဗီယက်နမ် ဗဟိုဘဏ် ထပ်မံကြိုးပမ်း

 

ဗီယက်နမ် ဗဟိုဘဏ် State Bank of Vietnam (SBV) သည် ပြည်တွင်းရွှေဈေး မြင့်တက်နေသည်ကို ထိန်းရန် ရွှေချောင်းများ လေလံတင် ရောင်းချပေးခဲ့သော်လည်း အကြောင်းမထူးသဖြင့် ယခုအခါ ရွှေချောင်းများကို နိုင်ငံပိုင် ဘဏ် ၄ ခု ဖြစ်သည့် Agribank, Vietcombank, BIDV နှင့် VietinBank တို့မှ တဆင့် ရွှေလက်လီ ရောင်းချသူများထံ ရောင်းချမည် ဖြစ်ရာ၌ ဇွန်လ (၃)ရက်နေ့တွင် ဗဟိုဘဏ်မှ သတ်မှတ်သည့် ဈေးနှုန်းများဖြင့် စတင်ရောင်းချမည်ဖြစ်သည်။

ပြည်တွင်းရွှေဈေး ကျဆင်းစေဖို့အတွက် ဗဟိုဘဏ်၏ ထပ်မံ ကြိုးပမ်းချက်ဖြစ်ပါသည်။


ယခင်တင်ပြချက်

https://t.me/Guid4U/19035

ဗဟိုဘဏ်သည် လေလံတင်ပြီး ရွှေချောင်းများ ၁.၈ တန် ရောင်းချပေးခဲ့ပြီးပြီ ဖြစ်သော်လည်း Vietnam Saigon Jewelry Company ၏ SJC ရွှေချောင်းဈေးသည် ကမ္ဘာ့ရွှေဈေးထက် ၂၀% ပိုမြင့်နေဆဲ ဖြစ်သဖြင့် လေလံဖြင့် ရွှေရောင်းချခြင်းကို ရပ်လိုက်ခြင်း ဖြစ်ပါသည်။


SJC ရွှေချောင်းအကြောင်း တင်ပြချက်

https://t.me/Guid4U/19038

#GoldIndustryGuide #BankingIndustryGuide 

Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ