အက်တမ်(ATOM)မှ ကျောက်ကပ်ဆေးစက် လှူဒါန်းကာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍအား မြှင့်တင်
အက်တမ်(ATOM) မှ အမေရိကန်ဒေါ်လာ ၁၃,၅၀၀ ခန့်တန်ဖိုးရှိ အသက်ကယ် ကျောက်ကပ် ဆေးစက်အား ရန်ကုန်ရှိ မွတ်စ်လင်ကုသိုလ်ဖြစ်ဆေးရုံသို့ လှူဒါန်းခဲ့။ အဆိုပါလှူဒါန်းမှုသည် အက်တမ်(ATOM) ၏ လှုမှုအကျိုးပြုလုပ်ငန်း မဏ္ဍိုင်တစ်ရပ်ဖြစ်သော “လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအစီအစဥ်”အောက်မှ ဆောင်ရွက်ခြင်းဖြစ်ပြီး လိုအပ်နေသော လူမှုအသိုင်းအဝိုင်းအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိစေရန် ရည်ရွယ်။ ယခုလှူဒါန်းသောကျောက်ကပ်ဆေးစက်သည် အရေးပေါ် ကျောက်ကပ်ဆေးဝန်ဆောင်မှု လိုအပ် နေသော လူနာပေါင်း (၁၀,၀၀၀) ခန့်အား ကုသမှု ပေးနိုင်။ မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ဝန်ဆောင်မှု ပေးအပ်နေသည့် အက်တမ်(ATOM) သည် လိုအပ်နေသော လူမှုအသိုင်းအဝိုင်းအား ကူညီပံ့ပိုးပေးရန် ဟူသော ကတိကဝတ်အတိုင်း ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ မွတ်စ်လင်ကုသိုလ်ဖြစ်ဆေးရုံသို့ ကျောက်ကပ် ဆေးစက်တစ်လုံး လှူဒါန်းမှုပြုလုပ်ခဲ့သည်။ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃,၅၀၀ ခန့် တန်ဖိုးရှိ အဆိုပါ လှူဒါန်းမှုသည် အရေးပေါ် ကုသမှုလိုအပ်နေသော လူနာများအတွက် အသက်ကယ် ကျောက်ကပ် သန့်စင်ဆေးကြောခြင်း ဝန်ဆောင်မှုအား ပိုမိုလက်လှမ်းမှီစေရန် ရည်ရွယ်သည်။ အက်တမ်(ATOM) အနေဖြင့် ...