MPT နှင့် City Mart Holding Co., Ltd (CMHL) တို့သည် သုံးစွဲသူများအား ပေါင်းစည်းထားသော ဒီဂျစ်တယ် ချိတ်ဆက်မှုနှင့် လက်လီဈေးဝယ်ယူမှု အကျိုးခံစားခွင့်များပေးအပ်ရန် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်

 မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သော MPT နှင့် လက်လီနှင့် ကုန်စုံဈေးကွက်တွင် ဦးဆောင်နေသူ City Mart Holding Co., Ltd (CMHL) တို့သည် ၎င်းတို့ပေးအပ်နေသည့် ဝန်ဆောင်မှုစနစ်ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အခြားသော စီးပွားရေးကဏ္ဍများပါဝင်သည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ကို စတင်လိုက်ပြီဖြစ်ပါသည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် ဒီဂျစ်တယ်ဝန်ဆောင်မှုများနှင့် လက်လီရောင်းချမှုကဏ္ဍများကို ချိတ်ဆက်ပေးမည့် အခွင့်အလမ်းသစ်များကို ပေးအပ်ရန် အဖွဲ့အစည်းနှစ်ခုလုံး၏ ရည်မှန်းချက်ကို ထင်ဟပ်စေပြီး ရေရှည်တွင် သုံးစွဲသူများ ပိုမိုအဆင်ပြေစေရန်၊ ပိုမိုပါဝင်နိုင်မှု အားကောင်းစေရန်နှင့် တန်ဖိုးရှိသော ဝန်ဆောင်မှုပေးအပ်ရန် ရည်ရွယ်ထားပါသည်။ ဤကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝန်းရှိ သန်းပေါင်းများစွာသော သုံးစွဲသူများ၏ လူနေမှုဘဝအတွက် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများဖြစ်သည့် နိုင်ငံတစ်ဝန်းရှိ CHML လက်လီအရောင်းကွန်ရက်နှင့် MPT ၏ နိုင်ငံတစ်ဝန်းလုံးတွင် အသုံးပြုနိုင်သည့် ဒီဂျစ်တယ်ပလက်ဖောင်းတို့တွင် ခံစားခွင့်များနှင့် ထုတ်ကုန်များကို အပြန်အလှန်လဲလှယ် အသုံးပြုနိုင်စေမည် ဖြစ်ပါသည်။ အသေးစိတ် ဆောင်ရွက်မည့် အစီအစဉ်များနှင့် အကောင်အထည်ဖော်မည့် အချက်အလက်များကို ဆက်လက် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပါသည်။

MPTJO ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးမျိုးသန်း က “မြန်မာနိုင်ငံမှာ အခိုင်အမာတည်ရှိနေတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ MPT အနေနဲ့ ဆက်သွယ်ချိတ်ဆက်မှု ဆိုတာထက် သုံးစွဲသူ သန်း ၂၀ ကျော်ရဲ့ ဒီဂျစ်တယ်လူနေမှုဘဝ ပိုမိုးတိုးတက်စေဖို့အတွက် ကတိပြုဆောင်ရွက်နေပါတယ်။ အခုလို CMHL နဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် MPT ရဲ့ အမှတ်တံဆိပ်ကို မိုဘိုင်းဖုန်း မျက်နှာပြင်တွေထက် ကျော်လွန်ပြီး ပြင်ပလက်လီ အရောင်းဆိုင်တွေအထိပါ ဆောင်ရွက်ပေးနိုင်မယ့် ဝန်ဆောင်မှုတန်ဖိုးတွေကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပေးအပ်နေတဲ့ ဝန်ဆောင်မှုစနစ်အချင်းချင်း ပေါင်းစည်းလိုက်တာကြောင့် ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့ အကျိုးခံစားခွင့်တွေကိုပိုပြီး လွယ်လွယ်ကူကူ ပေးအပ်နိုင်စေမှာဖြစ်ပြီး MPT အနေနဲ့ သုံးစွဲသူတွေရဲ့ နေ့စဉ်လူနေမှုဘဝမှာ အရေးပါတဲ့ မိတ်ဖက်အဖြစ် အမြဲရှိနေဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။‌ မြန်မာနိုင်ငံ အမှန်တကယ် ရှေ့ကိုလှမ်းချီစေမယ့် ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေ ပေးအပ်ဖို့အတွက် CMHL လို လက်လီဈေးကွက်ရဲ့ ဦးဆောင်သူတစ်ဦးနဲ့ အတူ လက်တွဲဆောင်ရွက်ခွင့်ရတဲ့အတွက် အလွန်ပဲ ဂုဏ်ယူမိပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

City Mart Holding Co., Ltd ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဖြိုးမင်းကျော်ကလည်း “CMHL အနေနဲ့လည်း သုံးစွဲသူတွေရဲ့ နေ့စဉ်လူမှုဘဝနဲ့ ပိုပြီးနီးစပ်တဲ့ City Rewards အကျိုးခံစားခွင့်တွေ ပေးအပ်ဖို့ နည်းလမ်းတွေကို စဉ်ဆက်မပြတ် ရှာဖွေနေတာပဲ ဖြစ်ပါတယ်။ MPT နဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်မှုက လက်လီရောင်းချမှုနဲ့ ဒီဂျစ်တယ် လူနေမှုဘဝကို လွယ်ကူအဆင်ပြေလှတဲ့ ပွိုင့်လဲလှယ်မှု အတွေ့အကြုံကတစ်ဆင့် ချိတ်ဆက်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီဆောင်ရွက်မှုက ကျွန်‌တော်တို့ရဲ့ သုံးစွဲသူတွေကို ပိုပြီး အဆင်ပြေလွယ်ကူစေဖို့၊ ခံစားခွင့်တွေပေးအပ်ဖို့နဲ့ အမှတ်တံဆိပ် ၂ ခုလုံးနဲ့ သုံးစွဲသူတွေအကြား ပိုပြီး ချိတ်ဆက်နိုင်စေဖို့ ဆောင်ရွက် ပေးထားတာပဲ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။


ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သော MPT သည် သုံးစွဲသူများ၏ နေ့စဉ်ဘဝများကို မြှင့်တင်ရန် ခိုင်မာစွာ ကတိပြုထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝန်ဆောင်မှုများကို ပိုမိုမြှင့်တင်ရန် နည်းလမ်းသစ်များကို စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက် အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူး တင်ရှိပါသည်။ MPT အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့် လည်းကောင်း 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့် လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။ သုံးစွဲသူများအနေဖြင့် CMHL အကြောင်း ပိုမိုသိရှိလိုပါက CMHL Call Center +95 (01) 523967~75 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။


City Mart Holding Co., Ltd အကြောင်း

City Mart Holding Co., Ltd. (CMHL) သည် မြန်မာနိုင်ငံတွင် ဦးဆောင်လျှက်ရှိသော Multi-format လက်လီလုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံတွင်း လူသိများသော အမှတ်တံဆိပ် များဖြစ်သည့် City Mart, Ocean Supercenter, marketplace တို့မှတစ်ဆင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စျေးဝယ်သူများအား အကောင်းဆုံး ဝန်ဆောင်မှုပေးနေလျှက်ရှိပါသည်။

 မြို့ကြီးများနှင့် တိုင်းဒေသများအနှံ့ တည်ရှိကာ စျေးဝယ်သူများ၏ လိုအပ်ချက်များပေါ်မူတည်၍ ခေတ်မီ လက်လီဝယ်ယူမှုအတွေ့အကြုံမှတစ်ဆင့် အရည်အသွေး၊ တန်ဖိုးရှိမှု နှင့် အဆင်ပြေလွယ်ကူမှုများ ပေးဆောင်နိုင်ရန် CMHL မှ ကတိကဝတ်ပြုထားပါသည်။ CMHL သည် မြန်မာနိုင်ငံတွင် အခိုင်အမာတည်ဆောက်ထားသည့် loyalty program တစ်ခုဖြစ်သော City Rewards အား စီမံခန့်ခွဲလျှက်ရှိပြီး ထိုမှတစ်ဆင့် စျေးဝယ်သူများအတွက် ပိုမိုကောင်းမွန်သော စျေးဝယ်ခံစားခွင့်များ၊ ကိုယ်ပိုင် လိုအပ်ချက်နှင့် ကိုက်ညီသည့် အထူးအခွင့်အရေးများနှင့် နှင့် စိတ်ဝင်စားစရာ lifestyle ခံစားခွင့် များကို ပေးဆောင်လျှက်ရှိပါသည်။ တီထွင် ဆန်းသစ်မှုများနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် CMHL သည် စျေးဝယ်သူများနှင့် ဆက်သွယ်မှုကို ခိုင်မာစေရန်၊ ဒေသတွင်း ထုတ်ကုန်များကို အားပေးကူညီနိုင်ရန် နှင့် မြန်မာနိုင်ငံ လက်လီစီးပွားရေး အနာဂတ်ဖွံဖြိုးတိုးတက်မှုရရှိနိုင်ရန် ဦးတည် ပုံဖော်လျက်ရှိပါသည်။


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအကြောင်း   

MPT သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး နှစ်ပေါင်း (၁၄၀) ကျော် ကြာအောင် ဆက်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတွင် ရှေ့ဆောင်လာခဲ့သူဖြစ်ပါသည်။ ကြိုးဖုန်း၊ ဖိုင်ဘာနှင့် မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများထံသို့ ဆောင်ရွက်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထားသည့် အကြီးမားဆုံးသော 3G၊ 4G/ LTE+ နှင့် 5G ကွန်ရက်တို့ကို ပိုင်ဆိုင်ထားပါသည်။

MPT သည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်နိုင်ရန်အတွက် ၂၀၁၄ ခုနှစ်တွင် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ နည်းပညာနှင့် ကျွမ်းကျင်မှု အတွေ့အကြုံများကို ပေါင်းစည်းထားသည့် KDDI Summit Global Myanmar Limited (KSGM) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

လွန်ခဲ့သည့် (၁၀)နှစ်တာကာလအတွင်း MPT-KSGM ပူးပေါင်းဆောင်ရွက်မှု သည် သုံးစွဲသူများသို့ အဆင့်မြင့် နည်းပညာများနှင့် ဒီဂျစ်တယ် အတွေ့အကြုံများကို ပေးအပ်ခဲ့ခြင်းနှင့်အတူ ယခုအခါ လူဦးရေ၏ ၉၆% ကို ကွန်ရက်လွှမ်းခြုံ ထားကာ သုံးစွဲသူ သန်း (၂၀) ကျော်ကို ဝန်ဆောင်မှုပေးအပ်လျက်ရှိသည့် ခိုင်မာသော တယ်လီကွန်း အခြေခံ အဆောက်အဦ ကို တည်ထောင်ပေးခဲ့ပါသည်။ MPT သည် ယုံကြည်စိတ်ချရသော မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ MPT Club ကဲ့သို့သောအစီအစဉ်နှင့် များစွာသောထပ်ဆောင်းဝန်ဆောင်မှုတို့ကိုလည်း မိတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းတွင် ဒီဂျစ်တယ် အသုံးပြုနိုင်မှုကို မြှင့်တင်ပေးခြင်းနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်းတီးပေးနိုင်ခဲ့ပါသည်။

MPT အနေဖြင့် လူမှုအသိုက်အဝန်းဖွံ့ဖြိုးစေရေးအတွက် ထားရှိသည့်ကတိကဝတ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာပြည်သူ ပြည်သားများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းငယ်ကဏ္ဍများတွင် ကျပ် (၂၆) ဘီလီယံကျော် သုံးစွဲကာ ၎င်း၏ တာဝန်သိလူမှုအကျိုးပြုလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံဆက်သွယ်ရေး အခြေခံအဆောက်အဦ၏ အရည်အသွေးတိုးတက်စေရန် ဆောင်ရွက်ခြင်းနှင့်အတူ ၎င်းတို့၏ အထောက်အပံ့ပြုဆောင်ရွက်မှုများကို ပိုမိုကောင်းမွန်ရန်နှင့် ပြည်တွင်းမှ ကျွမ်းကျင်ဝန်ထမ်းများ၏ အရည်အချင်းကို အသုံးချ နိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၊ ဧပြီလမှစတင်ကာ MPT သည် KSGM နှင့် သဘောတူညီမှု စာချုပ်ကို ပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။ MPT အနေဖြင့် ဝန်ထမ်းပေါင်း ၆ ထောင်ကျော်နှင့်အတူ KSGM နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် အကောင်းဆုံးသော ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ပေးအပ်သွားမည်ဖြစ်ပြီး ဝန်ထမ်းများအပါအဝင် မြန်မာပြည်သူပြည်သားများအတွက် ရေရှည်တည်တံ့ခိုင်မြဲသော အကျိုးကျေးဇူးများကို ပေးအပ်သွားရန် ကတိပြုပါသည်။

MPT အကြောင်းပိုမိုသိရှိလိုပါ www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ (သို့မဟုတ်) ၁၀၆ သို့ ခေါ်ဆို၍ စုံစမ်းမေးမြန်းနိုင်ပါသည်။ MPT ၏ လူမှုအကျိုးပြုလှုပ်ရှားမှုများအား ပိုမိုသိရှိလိုပါက https://mpt.com.mm/mm/about-home-mm/csr-activities-mm/ သို့ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။ 



#ictindustryguide






Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး