Posts

Showing posts with the label #IndustriesGuide

၂၀၂၃ ခုနှစ် ဧပြီလနောက်ပိုင်း အာဆီယံ ထုတ်လုပ်မှုအခြေအနေများ အားအကောင်းဆုံး တိုးတက်မှု ရရှိလာ

 ၂၀၂၄ ဇွန်လ ၄ ရက်တွင် ထုတ်ပြန်သည့် S&P Global အာဆီယံ ထုတ်လုပ်မှု PMI® သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။ S&P Global အာဆီယံ ထုတ်လုပ်မှု PMI® ၂၀၂၃ ခုနှစ် ဧပြီလနောက်ပိုင်းတွင် အာဆီယံ ထုတ်လုပ်မှုအခြေအနေများ အားအကောင်းဆုံး တိုးတက်မှု ရလာခြင်း အဓိကတွေ့ ရှိချက်များ •၂၀၂၃ ခုနှစ် ဧပြီလနောက်ပိုင်းတွင် ခေါင်းစီး PMI ၅၁.၇ ဖြင့် အမြင့်ဆုံးဖြစ်ခဲ့ • ထုတ်လုပ်ရေးနှင့် အမှာစာအသစ်များသည် ၁၃ လအတွင်း အားအကောင်းဆုံးနှုန်းဖြင့် မြင့်တက်လာ • ဈေးနှုန်းဖိအားများ ပိုများလာ ဒေတာကို မေလ ၁၀-၂၄ ရက်အတွင်း စုဆောင်းခဲ့သည် S&P Global မေလ PMI® ဒေတာအရ အာဆီယံ ထုတ်လုပ်ရေးကဏ္ဍတဝန်းတွင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ခိုင်ခိုင်မာမာ တိုးတက်မှုရလာခဲ့သည်။ ထုတ်လုပ်ရေးနှင့် အမှာစာအသစ်များ ရရှိမှု နှစ်မျိုးစလုံးတွင် ပိုမိုလျင်မြန်သော တိုးတက်မှုများ မှတ်တမ်းတင်ခဲ့သည်။  ထုတ်လုပ်ရေး လိုအပ်ချက်များရှိ တိုးတက်မှုသည် ထည့်ကုန်ဝယ်ယူရေး လုပ်ဆောင်မှုတွင် ပိုမိုအားကောင်းသော တိုးတက်မှုအတွက် အထောက်အပံ့ဖြစ်စေခဲ့ပြီး ယင်းအတွက်ကြောင့် ထုတ်လုပ်မှုအကြို လက်ဝယ်ရှိပစ္စည်းများ ပိုမိုများပြားစွာ စုဆောင်းမှု ဖြစ်စေခဲ့သည်။ သို့...

မြန်မာထုတ်လုပ်မှု PMI® ထုတ်လုပ်မှု အခြေအနေများ ၈ လအတွင်း မေလမှာ ပထမဆုံးအကြိမ်အဖြစ် တိုးတက်လာ

Image
 ၂၀၂၄ ခုနှစ် ဇွန်လ ၃ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI®  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။ S&P Global မြန်မာ ထုတ်လုပ်မှု PMI® ထုတ်လုပ်မှု အခြေအနေများသည် ရှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် တိုးတက်လာသည် အဓိက တွေ့ရှိချက်များ အမှာစာအသစ်များနှင့် ထုတ်လုပ်ရေးတွင် ပိုမိုအားကောင်းသော တိုးချဲ့မှုများ ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားများသည် ရှစ်လအတွင်း အမြင့်ဆုံးဖြစ်သည်အထိ တိုးလာ အလုပ်ခန့်အပ်မှုတွင် ကျဆင်းမှု သက်သာလာသော်လည်း သိသာနေဆဲဖြစ် ယခင်စစ်တမ်းကောက်ယူသည့် ကာလတွင် ကျယ်ကျယ်ပြန့်ပြန့် တည်ငြိမ်ခဲ့ပြီးနောက် မြန်မာနိုင်ငံအတွက် ရာသီအလိုက် ချိန်ညှိထားသော PMI® သည် မေလတွင် အလယ်မှတ်ဖြစ်သော ၅၀.၀ အထက်တွင် ရှိခဲ့ကာ ခုနစ်လဆက်တိုက် အဆက်မပြတ် ယိုယွင်းမှုများနောက်ပိုင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများတွင် တိုးတက်မှုရှိသောလဖြစ်ကြောင်း ပြသနေသည်။  ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေ ကောင်းမွန်မှုတွင် ယေဘုယျအားဖြင့် တိုးတက်မှုမှာ အကြီးမားဆုံး PMI အစိတ်အပိုင်း နှစ်ခုဖြစ်သော အမှာစာအသစ်များနှင့် ထုတ်လုပ်ရေးတို့တွင် ထိန်းထားနိုင်ခဲ့ခြင်းနှင့် ပိုမိုသိသာစွာ တိုးလာခြင်းများကြောင့် အဓိကဖြစ...

မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီ(၅၀၀) စာရင်း (အမိန့်ကြော်ငြာစာအမှတ် ၈၇/၂၀၂၄ )

 ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက  နောက်ဆုံးထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ်  ၈၇ /၂၀၂၄   ဖြင့် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီ(၅၀၀) စာရင်း အပြည့်အစုံကို ဖော်ပြပေးထားပါသည်။ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ ပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြရန် ပျက်ကွက်ခဲ့သော အောက်ဖော်ပြပါ ကုမ္ပဏီ ၅၀၀ ခု အား မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း (Struck Off) အဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့မှစ၍ ကုမ္ပဏီ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ခြင်း ဖြစ်ပါသည်။ 

ထိုင်းပီလောပီနံ အထွက်လျော့ကျ

 ထိုင်းနိုင်ငံသည် ယခုနှစ် ပထမသုံးလပတ်တွင် ပီလောပီနံနှင့် ပီလောပီနံထွက်ကုန်များ ဘတ် ၃၃.၂ ဘီလီယံဖိုး တင်ပို့ခဲ့သည်။ ပိုးကျခြင်းနှင့် မိုးခေါင်ခြင်းတို့ကြောင့် ပီလောပီနံ အထွက် လျော့နည်းခဲ့သည်။  ပီလောပီနံအပြားခြောက် အထွက်လည်း လျော့ကျခဲ့သည်။ ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ပီလောပီနံထွက်ကုန်များ အများဆုံး တင်ပို့ရောင်းချသော နိုင်ငံဖြစ်ပြီး စျေးကွက်ဝေစု ၁၈.၇% ရရှိသည်။ ဒုတိယနေရာမှ ဗီယက်နမ်သည် ၁၀.၂%၊ တတိယနေရာမှ လာအိုသည် ၉.၃၇%၊ စတုတ္ထနေရာမှ အမေရိကန်သည် ၅.၂၈%၊ ပဉ္စမနေရာမှ တရုတ်သည် ၄.၁% ဈေးကွက်ဝေစု အသီးသီးရရှိသည်။    တရုတ်နိုင်ငံသည် ပီလောပီနံထွက်ကုန်များအတွက် ထိုင်းနိုင်ငံ၏ ထိပ်တန်းပို့ကုန်ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး တင်ပို့မှူ စုစုပေါင်း၏ ၄၈ ရာခိုင်နှုန်းကို တရုတ်သို့ တင်ပို့သည်။ အခြားဈေးကွက်များမှာ အင်ဒိုနီးရှား(၁၂.၈%)၊ ဂျပန် (၉.၉၉%}၊ ထိုင်ဝမ် (၅.၄၄%)၊ မလေးရှား (၃.၇၃%) တို့ ဖြစ်ပါသည်။ ထိုင်းတွင်    ပီလောပီနံအမှုန့်ကို အစားအစာ ပြုပြင်မွမ်းမံခြင်း၊ စက္ကူထုတ်လုပ်ခြင်း၊ အဖျော်ယမကာ၊ အထည်အလိပ်နှင့် အီသနော ထုတ်လုပ်ခြင်းအတွက် အသုံးပြုသည်။ သဘာဝအလျောက် ကစေး ကင်းသည်။ သကြားဓ...

အင်ဒိုနီးရှား သွင်းကုန်မူဝါဒ တင်းကျပ်ခဲ့ပြီးနောက် ပြန်ဖြေလျှော့

  အင်ဒိုနီးရှား အစိုးရက ပြည်ပမှ ကုန်ပစ္စည်းများ အလုံးအရင်းဖြင့် တင်သွင်းခြင်းကြောင့် ပြည်တွင်းစက်မှုလုပ်ငန်းများ ထိခိုက်သဖြင့် ကာကွယ်ပေးရန် ရည်ရွယ်ချက်ဖြင့် မတ်လတွင် သွင်းကုန်တင်သွင်းသူများအား ပါမစ်နှင့် ထောက်ခံချက်ရယူရန် လိုအပ်ခြင်းအပါအဝင် ကုန်ပစ္စည်း အမျိုးအမည် ၃,၀၀၀ ကျော်အပေါ် သက်ရောက်သည့် သွင်းကုန်စည်းမျဉ်းများကို တင်းကျပ်လိုက်သည်။   ဧပြီလတွင် လေအေးပေးစက်များ၊ ရေခဲသေတ္တာများနှင့် လက်ပ်တော့များ အပါအဝင် အီလက်ထရွန်နစ် ကုန်ပစ္စည်းများ တင်သွင်းမှုကို ကန့်သတ်ရန် နောက်ထပ် စည်းမျဉ်းများကို ထုတ်ပြန်ကြေညာခဲ့သည်။ ထိုအချိန်မှစ၍ နိုင်ငံ၏အကြီးဆုံး ဆိပ်ကမ်းနှစ်ခုတွင် သွင်းကုန်စည်းမျဉ်းများကြောင့် ကွန်တိန်နာ ၂၆,၀၀၀ ကျော်ကို ထုတ်မရတော့ဘဲ ပိတ်မိနေခဲ့သည်။ ၎င်းတို့တွင် သံမဏိ၊ အဝတ်အထည်၊ အီလက်ထရွန်နစ်ပစ္စည်းများနှင့် ဓာတုဗေဒပစ္စည်းများ အပါအဝင် ကုန်ပစ္စည်းအမြောက်အများ ပါဝင်သည်။ ဆိပ်ကမ်းများတွင် စုပုံနေသည့် သွင်းကုန်ပစ္စည်းများကို အမြန်ထုတ်ယူနိုင်စေရန် အီလက်ထရွန်နစ်ပစ္စည်းများ၊ ဖိနပ်များနှင့် အထည်အလိပ်များအတွက် တင်သွင်းမှုဆိုင်ရာ စည်းမျဉ်းများကို ဖြေလျှော့လိုက်ကြောင်း အင်ဒိုနီးရှား စီးပွားရေ...

ကမ္ဘောဒီးယားနိုင်ငံ ရော်ဘာတင်ပို့မှု

 ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမလေးလတွင် ရော်ဘာခြောက် ၈၅,၄၂၈ တန် တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၁၂၅ သန်း ရရှိခဲ့သည်။ “၂၀၂၄ ခုနှစ် ပထမလေးလအတွင်းမှာ ရော်ဘာခြောက်တစ်တန် ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၁၄၆၅ ပေါက်ဈေး ရှိခဲ့ပါတယ်။ ယမန်နှစ်ကထက် ၅၁ ဒေါ်လာခန့် ပိုများပါတယ်" ဟု ရော်ဘာ ခေတ္တညွှန်ကြားရေးမှူးချုပ် Khun Kakada က ပြောသည်။ ကမ္ဘောဒီးယားမှ ရော်ဘာကို မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူနှင့် တရုတ်သို့ အဓိကအားဖြင့် တင်ပို့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် စုစုပေါင်းဧရိယာ ၄၀၇၁၇၂ ဟက်တာတွင် ရော်ဘာပင်များကို စိုက်ပျိုးထားပြီး ၃၂၀,၁၈၄ ဟက်တာ (၇၈.၆ ရာခိုင်နှုန်း)သည် အစေးနိုင်လောက်အောင် သက်တမ်းရှိနေပြီဖြစ်သည်။ Source Xinhua  #IndustriesGuide 

တရုတ်ပို့ကုန်များအပေါ် ဘိုင်ဒန် အစိုးရ သွင်းကုန်ခွန် ဆတိုးစည်းကြပ်

  အမေရိကန်သမ္မတ ဘိုင်ဒန် အစိုးရက ကန်ဒေါ်လာ ၁၈ ဘီလီယံတန်ဖိုးရှိ တရုတ်သွင်းကုန်များအပေါ် အကောက်ခွန်နှုန်းထားသစ်ကို အင်္ဂါနေ့ (မေ ၁၄)က ကြေညာခဲ့သည်။ အမေရိကန်စက်မှုလုပ်ငန်းများ တရားမျှတမှု မရှိသော ပြိုင်ဆိုင်မှုမှ ကာကွယ်ရန်အတွက် အခွန်စည်းကြပ်မှု တိုးမြှင့်ရန် လိုအပ်သည်ဟု ဆိုသည်။  ယခုနှစ်မှစတင်ကာ တရုတ်နိုင်ငံမှ တင်သွင်းလာသော လျှပ်စစ်ကားများအပေါ် အခွန် ၂၅% အစား ၄ဆတိုးပြီး ၁၀၀% စည်းကြပ်မည်။ တရုတ်ဆိုလာဆဲလ်များ သွင်းကုန်ခွန်သည် ၂၅ %အစား ၂ ဆတိုးပြီး ၅၀ % စည်းကြပ်မည်။ အချို့သော တရုတ်သံမဏိနှင့် အလူမီနီယမ် သွင်းကုန်ခွန်သည် ၇.၅% အစား ၃ ဆကျော်တိုးပြီး ၂၅% စည်းကြပ်မည်။ ၂၀၂၅ မှစ၍ တရုတ်ဆီမီးကွန်ဒတ်တာများ သွင်းကုန်ခွန်သည် ၂၅ %အစား ၂ ဆတိုးပြီး ၅၀ % စည်းကြပ်မည်။ Source cnbc #Indust riesGuide 

မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီ(၅၀၀) စာရင်း (အမိန့်ကြော်ငြာစာအမှတ် ၈၄/၂၀၂၄ )

 မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီ(၅၀၀) စာရင်း (အမိန့်ကြော်ငြာစာအမှတ်  ၈၄/၂၀၂၄ ) ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက  နောက်ဆုံးထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ်  ၈၄ /၂၀၂၄   ဖြင့် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီ(၅၀၀) စာရင်း အပြည့်အစုံကို ဖော်ပြပေးထားပါသည်။ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ ပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြရန် ပျက်ကွက်ခဲ့သော အောက်ဖော်ပြပါ ကုမ္ပဏီ ၅၀၀ ခု အား မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း (Struck Off) အဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့မှစ၍ ကုမ္ပဏီ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ခြင်း ဖြစ်ပါသည်။ 

အာမခံဝန်ဆောင်မှုများ လက်လှမ်းမီလွယ်ကူစွာရရှိနိုင်စေရန် ပရူဒန်ရှယ်အာမခံက မန္တလေးမြို့တွင် ရုံးခွဲသစ်ဖွင့်လှစ်ကာ‌ အထက်မြန်မာပြည်တွင် လုပ်ငန်းဆောင်ရွက်မှုများတိုးချဲ့

Image
Prudential Myanmar Life Insurance Limited (ပရူဒန်ရှယ်အာမခံ) က ၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးစီးပွားရေးမြို့တော်ကြီးဖြစ်သော မန္တလေးမြို့ကြီး၌  ရုံးခွဲအသစ်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ ယခု ရုံးခွဲအသစ်ဖွင့်လှစ်ခြင်းသည် ပရူဒန်ရှယ်အာမခံ၏ ရည်မှန်းချက်များဖြစ်သော မြန်မာနိုင်ငံအထက်ပိုင်းတွင် ၎င်း၏လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန်နှင့် ပရူဒန်ရှယ်အာမခံ၏ ပြီးပြည့်စုံသော အသက်အာမခံ၊ ကျန်းမာရေးအာမခံအမျိုးမျိုးနှင့် ဝန်ဆောင်မှုများကို မန္တလေးမြို့တော်ကြီးနှင့် အနီးတစ်ဝိုက်ရှိ တိုင်းဒေသကြီးများထံသို့ ပိုမိုလွယ်ကူစွာ ပေးအပ်သွားနိုင်ရန်အတွက်ဖြစ်သည်။  ပရူဒန်ရှယ်အာမခံရုံးခွဲအသစ်သည် အမှတ် (၁၅၁)၊ ဆိုင်အမှတ် (၂)၊ ibis Styles Mandalay စင်တာ၊ (၃၅) လမ်းနှင့် (၅၄) လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိပြီး  ယခုရုံးခွဲအသစ်သည် ရန်ကုန်ရုံးချုပ်ပြီးလျှင် မြန်မာနိုင်ငံတွင်ဖွင့်လှစ်ထားသော ပရူဒန်ရှယ်အာမခံ၏ ဒုတိယမြောက် ရုံးခွဲဖြစ်ပါတယ်။ ပရူဒန်ရှယ်အာမခံ၀ယ်ယူထားသူ များအနေဖြင့် အာမခံအစီအစဉ်အမျိုးမျိုးကို အလွယ်တကူလက်လှမ်းမီလာန...

မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီ(၅၀၀) စာရင်း (အမိန့်ကြော်ငြာစာအမှတ် ၈၀/၂၀၂၄ )

 မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီ(၅၀၀) စာရင်း (အမိန့်ကြော်ငြာစာအမှတ်  ၈၀/၂၀၂၄ ) ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက  နောက်ဆုံးထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ်  ၈၀ /၂၀၂၄   ဖြင့် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီ(၅၀၀) စာရင်း အပြည့်အစုံကို ဖော်ပြပေးထားပါသည်။ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ ပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြရန် ပျက်ကွက်ခဲ့သော အောက်ဖော်ပြပါ ကုမ္ပဏီ ၅၀၀ ခု အား မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း (Struck Off) အဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့မှစ၍ ကုမ္ပဏီ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ခြင်း ဖြစ်ပါသည်။ 

ဆော်ဒီရေနံစိမ်း ဈေးနှုန်းတိုးမြှင့်သတ်မှတ်

Image
 ဆော်ဒီအာရေးဗီးယားသည် ဇွန်လတွင် သင်္ဘောတင်မည့် ရေနံစိမ်းများအတွက် တရားဝင်ရောင်းချသည့်စျေးနှုန်းများ official selling prices (OSPs)မြှင့်တင်ကြောင်း Aramco မှ တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည်။ ရေနံစိမ်း အမျိုးအစား အားလုံး အာရှအတွက် ဈေးတက်ထားသည်။ အထင်ကရရေနံစိမ်းအကြဲ Arab Light အာရှအတွက် ဈေးနှုန်းကို ဆင့် ၉၀ တိုးလိုက်ပြီး အိုမန်/ဒူဘိုင်း ပျမ်းမျှဈေးနှုန်းအထက် တစည် $2.90 ဟု သတ်မှတ်သည်။ ဇန်နဝါရီလနောက်ပိုင်း အမြင့်ဆုံး ဖြစ်ပြီး လစဉ် ဈေးတက်နေသည်မှာ ၃ လ ဆက်တိုက်ရှိပြီ ဖြစ်သည်။  Aramco သည်လစဉ် လဆန်း ၅ ရက်တွင် လာမည့်လအတွက် OSP ကို ကြေညာသည်။ ၎င်းဈေးနှုန်းများကို မူတည်ပြီး အီရန်၊ ကူဝိတ်နှင့် အီရတ်တို့က ဈေးနှုန်းပြင်ဆင်သတ်မှတ်ကြသည်။ Source Reuters  #IndustriesGu ide 

တောင်ကိုရီးယားတွင် shrinkflation အသိမပေးလျှင် ဒဏ်ရိုက်မည်

 တောင်ကိုရီးယားတွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်သူများနှင့် ပေးသွင်းသူများသည် ၎င်းတို့၏ ထုတ်ကုန်အရွယ်အစားကို လျှော့ချပါက ဝယ်ယူသူများကို အသိပေးရမည်။ အသိပေးဖို့ ပျက်ကွက်ပါက ဒဏ်ငွေ ဝမ် ၁၀ သန်း (ဒေါ်လာ ၇၃၀၀) အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း တရားမျှတသောကုန်သွယ်မှုကော်မရှင် Fair Trade Commission (FTC)က သောကြာနေ့ (မေ ၃)တွင် ပြောကြားသည်။ အချို့ စီးပွားရေးလုပ်ငန်းများသည် ရောင်းဈေးကို မပြောင်းလဲသော်လည်း ပစ္စည်းကို အရွယ်အစား၊ အရည်အသွေး၊ အလေးချိန်၊ အရေအတွက် စသဖြင့် လျှော့ထားကြသည်။ ကျုံ့ခြင်းဖြင့် ကုန်ဈေးနှုန်းတက်ခြင်း shrinkflation နည်းလမ်းကို သုံးစွဲကြသည်။ ထိုနည်းလမ်းကို သုံးစွဲပါက ဝယ်ယူသူတိုင်းကို လျှော့ထားကြောင်း အသိပေးရမည် ဖြစ်သည်။  ပြင်ဆင်ချိန် ၃ လပေးထားပြီး ဩဂုတ်လတွင် စတင်သက်ရောက်မည်။ ပထမအကြိမ် မလိုက်နာပါက ဝမ် ၅ သန်း၊ ဒုတိယအကြိမ်တွင် ဝမ် ၁၀ သန်း ဒဏ်ရိုက်မည်။ Source Reuters  #Industries Guide 

ဧပြီလတွင် အာဆီယံ လုပ်ငန်းအခြေအနေများ အခိုင်အမာ တိုးတက်လာခဲ့‌သော်လည်း မသိမသာ အားပျော့နေခဲ့

 ၂၀၂၄ မေလ ၂ ရက်တွင် ထုတ်ပြန်သည့် S&P Global အာဆီယံ ထုတ်လုပ်မှု PMI သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။ ဧပြီလတွင် အာဆီယံ လုပ်ငန်းအခြေအနေများ အခိုင်အမာ တိုးတက်လာခဲ့‌သော်လည်း မသိမသာ အားပျော့နေခဲ့ အဓိကတွေ့ရှိချက်များ • အာဆီယံ ကုန်ထုတ်လုပ်မှု အခြေအနေများ ရှေ့ဆက် တိုးတက်လာခြင်း • အော်ဒါအသစ်များ တိုးရလာခြင်း မြန်ဆန်လာ • ၆ လအတွင်းမှာ အလုပ်နေရာများ လျှော့ချဖြတ်တောက်မှု ပထမဆုံးအကြိမ် မှတ်တမ်းတင်ခဲ့ (ဒေတာကို ဧပြီလ ၁၄-၂၄ ရက်နေ့များအတွင်း စုစည်းခဲ့သည်) S&P Global ၏ ဧပြီလ PMI ဒေတာက အာဆီယံ ထုတ်လုပ်မှုကဏ္ဍ တစ်ဝန်းတွင် အော်ဒါအသစ်များနှင့် ထုတ်လုပ်မှု ရှေ့ဆက်တိုးလာခဲ့ရာ၌ ထုတ်လုပ်မှု တိုးလာခြင်းသည် မသိမသာ အားပျော့လာခဲ့သည့်တိုင်အောင် လုပ်ကိုင်မှု အခြေအနေများ တိုးတက်လာသည်။ ဖြည့်ကုန် ဝယ်ယူရေး လုပ်‌ဆောင်မှုများသည်လည်း ဧပြီလတွင် ရှေ့ဆေက် တိုးလာခဲ့ခြင်းဖြင့် ကုမ္ပဏီများအနေနှင့် ထုတ်လုပ်မှုအကြို ထည့်ကုန်သိုလှောင်မှုများကို စုစည်းခွင့် ရခဲ့သော်လည်း ၎င်းတို့ နှစ်ရပ်စလုံး၏ တိုးတက်မှုနှုန်းသည် အားပျော့လာခဲ့သည်။ အခြားထောက်ပြကြသည်မှာ အလုပ်နေရာများ လျှော့ချဖြတ်တောက်ခံရပြီး ၆ လတာအတွင်း အလုပ်နေရာများ ပထမဆ...

မြန်မာ စက်မှု ကုန်ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ဧပြီလတွင် မြင့်တက်လာခဲ့

 ၂၀၂၄ မေလ ၂ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI® သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။ မြန်မာ စက်မှု ကုန်ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ဧပြီလတွင် မြင့်တက်လာခဲ့ S&P Global မြန်မာ ထုတ်လုပ်မှု PMI® ဒေတာကို ၂၀၂၄ ဧပြီလ ၀၄-၂၂ ရက်များတွင် စုစည်းခဲ့သည်။ အဓိက တွေ့ရှိချက်များ • ၂၀၂၃ ဩဂုတ်လမှစပြီး ပထမဦးဆုံး တိုးထုတ်လုပ်လာနိုင်ခြင်း • ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများ ခုနစ်လမြောက် အမြင့်ဆုံးသို့ ထိုးတက်သွားခြင်း • အလုပ်နေရာ ဖြတ်တောက်‌လျှော့ချခံရခြင်း အရှိန်ပြင်းလျက် ရှိနေသေးခြင်း S&P Global မှ နောက်ဆုံး PMI စစ်တမ်း ဒေတာအရ ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ် အစ ဧပြီလတွင် မြန်မာနိုင်ငံ တစ်ဝန်းရှိ ထုတ်လုပ်ရေး အခြေအနေများ တည်ငြိမ်လာနေခြင်းကို ပြသနေသည်။  ၇ လ ဆက်တိုက် ကျဆင်းလာခဲ့ပြီးနောက်ပိုင်း စက်ရုံ အော်ဒါများနှင့် ထုတ်လုပ်မှု အသစ်တဖန် တိုးလာခြင်းက ဝယ်လိုအား တိုးတက်ကောင်းမွန်လာမှုကို ညွှန်ပြနေပါသည်။ သို့သော်လည်း ထုတ်လုပ်သူတို့သည် ဝန်ထမ်းဦးရေနှင့် ၎င်းတို့၏ အလုပ်ပမာဏများကို ထိန်းသိမ်းထားနိုင်ရန် ထပ်မံပြီး ရုန်းကန်ခဲ့ကြရသည်။ ဈေးနှုန်းများကို ဆန်းစစ်ကြည့်လျှင် ကုန်ကြမ်းဈေးန...

IMF အာရှတိုးတက်မှုခန့်မှန်းချက် မြှင့်တင်

 နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund IMF သည် အာရှတိုးတက်မှုခန့်မှန်းချက်ကို အင်္ဂါနေ့တွင် မြှင့်တင်ခဲ့သည်။ အိန္ဒိယနိုင်ငံ၏ တိုးတက်မှုအပေါ် အကောင်းမြင်ထားသည်။  အာရှ စီးပွားရေး ယခုနှစ်တွင် ၄.၅% တိုးလာမည်ဟု IMF က ခန့်မှန်းထားပြီး ယခင်ခြောက်လက ခနိ့မှန်းချက်ကို ၀.၃% ပိုတိုးထားသည်။ ၂၀၂၅ အတွက် ခန့်မှန်းချက် ၄.၃% ကို မပြောင်းလဲပါ။ “၂၀၂၄ ခုနှစ်မှာ အာရှနဲ့ ပစိဖိတ်ဒေသအတွက် အလားအလာ တောက်ပလာပါပြီ၊ ငွေကြေးဖောင်းပွမှု ဖိအားတွေ ဆက်ပြီး လျော့ကျနေတာကြောင့် ဒေသတွင်းရဲ့ စီးပွားရေးဟာ အရင်က ခန့်မှန်းထားတာထက် နှေးကွေးတာလည်း လျော့သွားလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု IMF အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ Krishna Srinivasan က ရေးသားထားသည်။ အိန္ဒိယသည် “ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားလာသော အဓိကစီးပွားရေး”ဟု IMF က ဆိုသည်။ အများပြည်သူတို့၏  ရင်းနှီးမြှုပ်နှံမှုသည် အရေးကြီးသော တွန်းအားတစ်ခုအဖြစ် ဆက်ရှိနေသည်ဟု IMF က ဆိုသည်။ လက်ရှိတွင် အိန္ဒိယသည် GDP ကန်ဒေါ်လာ ၃.၇ ထရီလီယံဖြင့် ကမ္ဘာ့ပဉ္စမအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် ကမ္ဘာ့တတိယအကြီးဆုံးစီးပွ...

မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီ(၅၀၀) စာရင်း (အမိန့်ကြော်ငြာစာအမှတ် ၇၃/၂၀၂၄ )

 မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီ(၅၀၀) စာရင်း (အမိန့်ကြော်ငြာစာအမှတ်  ၇၃/၂၀၂၄ ) ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက  နောက်ဆုံးထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ်  ၇၃ /၂၀၂၄   ဖြင့် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီ(၅၀၀) စာရင်း အပြည့်အစုံကို ဖော်ပြပေးထားပါသည်။ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ ပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြရန် ပျက်ကွက်ခဲ့သော အောက်ဖော်ပြပါ ကုမ္ပဏီ ၅၀၀ ခု အား မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း (Struck Off) အဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့မှစ၍ ကုမ္ပဏီ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ခြင်း ဖြစ်ပါသည်။ 

Petronas Carigali Myanmar အခွန်အယူခံ ပလပ်ရန် ဆုံးဖြတ်

Image
 Petronas Carigali Myanmar Inc (Branch Office) "PCMI" သည် ၂၀၁၉-၂၀၂၀ ခု စည်းကြပ်နှစ် (၂၀၁၈-၂၀၁၉ ဝင်ငွေနှစ်) အတွက်  ဝင်ငွေခွန်တွင် ပါရှိသော အမေရိကန်ဒေါ်လာ ၂၇၉ သိန်းနီးပါး ပမာဏရှိ ရေနံရှာဖွေရေးကုန်ကျစရိတ်များ (Exploration Cost) ကို ဝင်ငွေခွန်တွက်ချက်ရာတွင် နုတ်ပယ်ခွင့်မပြုဘဲ ဝင်ငွေခွန်အဖြစ် ၃,၇၄၉,၈၀၅,၁၈၉ ကျပ် ပေးသွင်းရန် ဆုံးဖြတ်ချက်အပေါ်  ပြန်လည်သုံးသပ်ပေးပါရန် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထားခဲ့ရာ ၎င်းဝင်ငွေန် ပမာဏကို နုတ်ပယ်ခွင့်မပြုဘဲ အတည်ပြုကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့သဖြင့် ၎င်းဆုံးဖြတ်ချက်အပေါ် အခွန်အယူခံခုံအဖွဲ့ထံသို့ အယူခံလျှောက်ထားခဲ့ရာ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်ကို အတည်ပြုလျက် အယူခံမှုကို ပလပ်လိုက်ပါသည်။

အာရှစီးပွားရေး ကြီးထွားနှုန်း IMF ပြင်ဆင်ခန့်မှန်း

အာရှသည် ယခုနှစ်တွင် ကမ္ဘာ့စီးပွားရေး ကြီးထွားမှု၏ ၆၀ ရာခိုင်နှုန်းကို ကျေးဇူးပြုပေးလိမ့်မည် ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund  IMF မှ ကြာသပတေးနေ့ (ဧပြီ ၁၈) တွင် ပြောကြားသည်။  အာရှသည် အရှိန်အဟုန် အားကောင်းနေသဖြင့်  IMF က အာရှအပေါ် ရှုမြင်သုံးသပ်ချက်ကို မြှင့်တင်လိုက်သည်။   အာရှ‌ဒေသ တခုလုံးအနေဖြင့် ယခုနှစ်တွင်  ၄.၅% ကြီးထွားမည်ဟု ခန့်မှန်းသည်။  ၂၀၂၅ တွင် ကြီးထွားနှုန်း ပြန်နှေးသွားမည်ဖြစ်ပြီး ၄.၃% သို့ လျော့ကျသွားမည်ဟု IMF ၏ Asia and Pacific Department မှ ပြောကြားသည်။  အိန္ဒိယနှင့် တရုတ်တို့သည် အာရှ‌ စီးပွားရေး ကြီးထွားမှုအတွက် အကြီးမားဆုံးသော တွန်းအားဖြစ်လာမည်ဟု ခန့်မှန်းထားသည်။ ယခုနှစ် ဂျီဒီပီ ကြီးထွားနှုန်းတွင် အိန္ဒိယသည် ၆.၈%၊ တရုတ်သည် ၄.၆% ရရှိမည်ဟု ခန့်မှန်းထားသည်။  ASEAN-5 ဟု ခေါ်တွင်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်း အာဆီယံ ၅ နိုင်ငံတို့သည် ၄.၅%၊ ဗီယက်နမ်သည် ၆% နီးပါး ဂျီဒီပီ ကြီးထွားနှုန်း ရရှိကြမည်။ အမေရိကန်၏ ငွေကြေးမူဝါဒသည် ဒေသတွင်း စီးပွားရေးလုပ်ဆောင်မှုအတွက် ပြင်ပစိန်ခေါ်မှုတ...

ဖိလစ်ပိုင်ကာစီနိုကဏ္ဍ ဒေါ်လာ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ရည်မှန်းထား

 လာမည့်ငါးနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ ကာစီနိုကဏ္ဍတွင် ပြည်ပနှင့် ပြည်တွင်း ကုမ္ပဏီများက ကန်ဒေါ်လာ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ရည်မှန်းထားသည်။ ပြိုင်ဆိုင်မှုများ တိုးလာသည်နှင့်အမျှ အာရှ၏ ထိပ်တန်း ကာစီနိုနေရာများကြားတွင် ဖိလစ်ပိုင်ကာစီနိုကဏ္ဍ၏ အဆင့်အတန်းကို မြှင့်တင်ပေးမည် ဖြစ်သည်။  မနီလာမြို့တော်၏မြောက်ဘက်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းဟောင်း Clark နှင့် နိုင်ငံ၏အလယ်ပိုင်းဒေသရှိ Cebu ကဲ့သိုသော မနီလာမြို့အပြင်ဘက်ရှိ ဧရိယာများတွင် ကာစီနိုအပန်းဖြေစခန်းအသစ် နှစ်နှစ်လျှင် အနည်းဆုံးတစ်ခု ဖွင့်လှစ်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်အပန်းဖြေနှင့် ဂိမ်းကော်ပိုရေးရှင်းဥက္ကဋ္ဌ Alejandro Tengco က ပြောကြားခဲ့သည်။ "ကာစီနို လောင်းကစားရုံ အသစ်များ ဖွင့်လှစ်ခြင်းနှင့် အီလက်ထရွန်းနစ်ဂိမ်းကဏ္ဍ တိုးချဲ့ခြင်းတိုကြောင့် ကျွန်တော်တို အဆက်မပြတ် ကြီးထွားပါလိမ့်မယ်*ဟု Tengco က ပြောကြားသည်။ ဖိလစ်ပိုင်သည် မျှော်မှန်းထားသည်ထက် တစ်နှစ်စောပြီး ၂၀၂၇ ခုနှစ်တွင် ဂိမ်းကစားခြင်း အကြမ်းဝင်ငွေ gross gaming revenue  (GGR) တွင် ပီဆို ၄၅၀ ဘီလီယံမှ ၅၀၀ ဘီလီယံ (ကန်ဒေါ်လာ ၈-၉ ဘီလီယံ) အထိ ရောက်ရှိနိုင်သည်ဟု Tengco မှ ပြောကြား...

ဗီယက်နမ်မှ Body Shop အမြတ်ကျဆင်းလာရာမှ အရှုံးပြ

Image
ဗြိတိန်အခြေစိုက် အလှကုန်လုပ်ငန်း Body Shop သည် ကျင့်ဝတ်ဆိုင်ရာ လုပ်ငန်းအလေ့အထများကို လိုက်နာစောင်းထိန်းရန် ကတိကဝတ်ပြုထားသည်။ တိရစ္ဆာန်များအပေါ်  ရက်စက်မှုကင်းပြီး ပတ်ဝန်းကျင်နှင့် ရေရှည်တည်တံ့သော ထုတ်ကုန်များ ထုတ်လုပ်ခြင်းအပေါ် အာရုံစိုက်ခြင်းကြောင့် တစ်ကမ္ဘာလုံးတွင် လူသိများလာခဲ့သည်။   သဘာဝ ပါဝင်ပစ္စည်းများကို ကျင့်ဝတ်များနှင့်အညီ ရယူသည်။ တိရစ္ဆာန်အခွင့်အရေး၊ တရားမျှတသော ကုန်သွယ်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို ရှေ့တန်းတင်ထားသည်။ ပြိုင်ဆိုင်မှုများအကြား အရေးနိမ့်လာခြင်းနှင့် ငွေကြေး အကျပ်အတည်းတို့သည် ကုမ္ပဏီအတွက် ကြီးမားသော အခက်အခဲများ ဖြစ်လာသည်။ UK တွင် တည်ထောင်ခဲ့သည့် နှစ်ပေါင်း ၅၀ သက်တမ်းရှိ အမှတ်တံဆိပ် The Body Shop သည် ယူကေနှင့် ကနေဒါတို့တွင် ၎င်း၏ လုပ်ငန်းကဏ္ဍကို လျှော့ချလျက် ရှိသည်။ အမေရိကန်တွင် လုပ်ငန်း ပိတ်သိမ်းခဲ့ရသည်။ ယူကေနှင့် ကနေဒါတို့တွင် ဆိုင်ခွဲအတော်များများ ပိတ်သိမ်းခဲ့သည်။ ယူကေတွင် ၁၉၈ ဆိုင် ရှိသည့်အနက် ထက်ဝက်ကျော်ကို ပိတ်သိမ်းခဲ့သည်။  ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် The Body Shop ကို လက်ရှိပိုင်ရှင်က တတိယ‌မြောက်ပိုင်ရှင်ထံ တန်ဖိုးဒေါ်လာ...