ဧပြီလတွင် အာဆီယံ လုပ်ငန်းအခြေအနေများ အခိုင်အမာ တိုးတက်လာခဲ့‌သော်လည်း မသိမသာ အားပျော့နေခဲ့

 ၂၀၂၄ မေလ ၂ ရက်တွင် ထုတ်ပြန်သည့် S&P Global အာဆီယံ ထုတ်လုပ်မှု PMI သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။


ဧပြီလတွင် အာဆီယံ လုပ်ငန်းအခြေအနေများ အခိုင်အမာ တိုးတက်လာခဲ့‌သော်လည်း မသိမသာ အားပျော့နေခဲ့


အဓိကတွေ့ရှိချက်များ


• အာဆီယံ ကုန်ထုတ်လုပ်မှု အခြေအနေများ ရှေ့ဆက် တိုးတက်လာခြင်း

• အော်ဒါအသစ်များ တိုးရလာခြင်း မြန်ဆန်လာ

• ၆ လအတွင်းမှာ အလုပ်နေရာများ လျှော့ချဖြတ်တောက်မှု ပထမဆုံးအကြိမ် မှတ်တမ်းတင်ခဲ့


(ဒေတာကို ဧပြီလ ၁၄-၂၄ ရက်နေ့များအတွင်း စုစည်းခဲ့သည်)


S&P Global ၏ ဧပြီလ PMI ဒေတာက အာဆီယံ ထုတ်လုပ်မှုကဏ္ဍ တစ်ဝန်းတွင် အော်ဒါအသစ်များနှင့် ထုတ်လုပ်မှု ရှေ့ဆက်တိုးလာခဲ့ရာ၌ ထုတ်လုပ်မှု တိုးလာခြင်းသည် မသိမသာ အားပျော့လာခဲ့သည့်တိုင်အောင် လုပ်ကိုင်မှု အခြေအနေများ တိုးတက်လာသည်။

ဖြည့်ကုန် ဝယ်ယူရေး လုပ်‌ဆောင်မှုများသည်လည်း ဧပြီလတွင် ရှေ့ဆေက် တိုးလာခဲ့ခြင်းဖြင့် ကုမ္ပဏီများအနေနှင့် ထုတ်လုပ်မှုအကြို ထည့်ကုန်သိုလှောင်မှုများကို စုစည်းခွင့် ရခဲ့သော်လည်း ၎င်းတို့ နှစ်ရပ်စလုံး၏ တိုးတက်မှုနှုန်းသည် အားပျော့လာခဲ့သည်။ အခြားထောက်ပြကြသည်မှာ အလုပ်နေရာများ လျှော့ချဖြတ်တောက်ခံရပြီး ၆ လတာအတွင်း အလုပ်နေရာများ ပထမဆုံးအကြိမ် လျှော့ချဖြတ်တောက်ခြင်း ဖြစ်သည်။


အဓိကအကျဆုံး S&P Global အာဆီယံ ထုတ်လုပ်မှု Purchasing Managers' Index (PMI) အညွှန်းကိန်းကို ဧပြီလတွင် ၄ လဆက်တိုက်အဖြစ် ကြားနေအမှတ် ၅၀.၀ ၏ အထက်တွင် မှတ်တမ်းတင်ဖြစ်ခဲ့သည်။ ၅၁.၀ တွင် ရှိနေသော ဧပြီလအညွှန်းကိန်း၏ တန်ဖိုးသည် မတ်လ၏ ၅၁.၅ ထက် နိမ့်ကျသွားသော်လည်း အာဆီယံ ထုတ်လုပ်‌မှုကဏ္ဍ၏ အခြေအနေ ညင်သာစွာ တိုးတက်လာမှုကို ပြသပါသည်။


အော်ဒါအသစ်များကို ဧပြီလတွင် နှစ်လဆက်တိုက် တိုးရလာခဲ့ပြီး တိုးလာသည့်နှုန်းသည် ၂၀၂၃ နှစ်လယ်မှစပြီး အားအကောင်းဆုံးသို့ တက်လှမ်းလိုက်သည်။ သို့သော်လည်း ပြည်ပသို့ တင်ပို့ရောင်းချမှုများ ကျဆင်းလာခဲ့သည့် လက်ရှိအစဉ်သည် ၂၃ လဆက်တိုက် ရှိနေပြီ ဖြစ်သည်။ သို့ဖြစ်ရာ ‌ဧပြီလ ဦးမော့ခြင်းအတွက် မောင်းနှင်အားမှာ ပြည်ပတင်ပို့မှု မဟုတ်ဘဲ ပြည်တွင်း ဝယ်လိုအား ဖြစ်ပါသည်။

ထုတ်လုပ်မှုကို ကြည့်လျှင် အာဆီယံ ထုတ်လုပ်သူတို့ ထုတ်လုပ်မှု ခိုင်မာစွာ တိုးလာခြင်းကို တွေ့ရမည် ဖြစ်သော်လည်း မတ်လတွင် ၁၀ လတာအတွင်း အမြင့်ဆုံး ဖြစ်ခဲ့ရာမှ ဧပြီလတွင် အသင့်အတင့်သို့ ပြန်လျော့ကျခဲ့ပါသည်။


ထုတ်လုပ်မှု တိုးလာခြင်း အားပျော့လာသည့်အတွက် အကျိုးဆက်အဖြစ် ထည့်ကုန် ဝယ်ယူရေး အပိုင်းတွင် တိုးတက်မှုမှာ နှေးလာခဲ့သည်။ ထုတ်လုပ်မှုအကြို ထည့်ကုန် ဝယ်ယူသိုလှောင်ခြင်း အနည်းအကျဉ်းမျှသာ ရှိခဲ့ပါသည်။

ပိုမိုစိုးရိမ်စရာမှာ စက်ရုံအလုပ်နေရာများ အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအကြိမ် လျော့ကျလာခဲ့ခြင်း ဖြစ်ပါသည်။ လျော့ကျခြင်းသည် အသင့်အတင့်သာ ဖြစ်သော်လည်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း အပြင်းထန်ဆုံး ဖြစ်ပါသည်။

ကုန်ထုတ်စွမ်းအားအပေါ် ဖိအားကျရောက်မှုများ ဆက်ရှိနေခဲ့ပြီး မပြီးပြတ်သေးသည့် လက်ကျန်အလုပ်များ အရှိန်ဖြင့် ပိုများလာနေသည့် ကြားမှာပင် ဝန်ထမ်းပမာဏများ လျော့ကျလာခဲ့ခြင်း ဖြစ်ပါသည်။


စရိတ်စကများအတွက် ဝန်ထုပ်ဝန်ပိုးများ တဟုန်ထိုး မြင့်တက်လာခဲ့သော်လည်းငွေကြေးဖောင်းပွမှုနှုန်းမှာမူ ခြောက်လတာ၏ အနိမ့်ဆုံးသို့ အားပျော့သွားခဲ့ပါသည်။


ရောင်းဈေးများကို မြှင့်တင်ကြခြင်း အားပျော့ခဲ့ပြီး တိုးမြှင့်ခဲ့သည့် နှုန်းသည် မတ်လတွင် ဖြစ်ပေါ်ခဲ့သည့် ၈ လအတွင်း အနိမ့်ဆုံးနှင့် တပြေးညီ ဖြစ်ခဲ့ပါသည်။


နောက်ဆုံးအ‌နေဖြင့် တင်ပြလိုသည်မှာ အာဆီယံ ထုတ်လုပ်ကြသူတို့သည် လာမည့် ၁၂ လအတွင်းမှာ ထုတ်လုပ်မှု တိုးလာမည်ဟု မျှော်မှန်းကြသည်။ သို့သော်လည်း ယုံကြည်မှု အဆင့်မှာ ၂၀၂၀ ဇူလိုင်လမှစပြီးအားအနည်းဆုံး ဖြစ်လာပီး လွန်ခဲ့သည့်နှစ် ဇူလိုင်လနှင့် ရေချိန် အတူတူဖြစ်ပါသည်။


နိုင်ငံအလိုက်ကြည့်လျှင် စစ်တမ်းတွင် အကျုံးဝင်ကြသည့် အာဆီယံ ၇ နိုင်ငံအနက် ၄ နိုင်ငံတို့မှာ ထုတ်လုပ်မှု အခြေအနေများ တိုးတက်လာသည်ကို တွေ့ရသညမ။

ထိပ်ဆုံးနေရာတွင် အင်ဒိုနီးရှားက စင်ကာပူကို အစားထိုး နရောယူလိုက်သည်။ 

ထိုင်းနိုင်ငံသည် စစ်တမ်း၏ လွန်ခဲ့သည့် ၃ လအတွင်းမှာ လုပ်ကိုင်မှု အခြေအနေများ ဆုတ်ယုတ်လာခြင်း အားအကောင်းဆုံးဖြစ်လာသည်။


သုံးသပ်ချက် 

အာဆီယံ ကုန်ထုတ်လုပ်မှု PMI ဒေတာကို သုံးသပ်လျက် S&P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryem Baluch က ပြောကြားသည်မှာ 


အာဆီယံ ထုတ်လုပ်ရေးကဏ္ဍဟာ ဒီနှစ် ဒုတိယသုံးလပတ် အစပိုင်းတွင် တိုးမြှင့်ထုတ်လုပ်မှု နယ်ပယ်ထဲမှာ ကျန်ရှိနေပါသေးတယ်။ အော်ဒါအသစ်များကို

အရှိန်အဟုန် ကောင်းစွာ ရလာခဲ့ပြီး ဝယ်လိုအား အခြေအနေများ ရှေ့ဆက်ပိုကောင်းလာတာကို တွေ့ရပါတယ်။ 

ထုတ်လုပ်မှု တိုးလာတာ ခိုင်မာလျက် ရှိနေသေးပေမဲ့ ဦးမော့တာ မသိမသာ အားပျော့လာပါတယ်။

ကုမ္ပဏီများက အနာဂတ် ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး အကာင်းမျှော်လျက် ရှိကြပေမဲ့ အကောင်းမြင်စိတ်မှာမူ ၄ နှစ်နီးပါးအတွင်း အားအပျော့ဆုံး ဖြစ်လာပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လ ရေချိန်နှင့် အတူတူပါပဲ။ 

စိတ်ဓာတ်ကျစရာ နောက်တစ်ချက်က အလုပ်နေရာများ လျှော့ချတာ တွေ့ရပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ နောက်ပိုင်း ပထမဆုံးအကြိမ် တွေ့ရတာ ဖြစ်ပြီး ၂၉

 လအတွင်း အမြန်ဆုံးနှုန်း ဖြစ်ပါတယ်။





Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်