တောင်ကိုရီးယား ဆေးကျောင်းဝင်ခွင့်ဦးရေ တိုးမြှင့်မည့် အစီအစဉ် ဆက်လက်အကောင်အထည်ဖော်
တောင်ကိုရီးယားသည် တက္ကသိုလ်များ၏ ဝင်ခွင့် တိုးမြှင့်မည့် အစီအစဉ်များကို အတည်ပြုခြင်းဖြင့် ၂၀၂၅ ခုနှစ် ဆေးကျောင်း ဝင်ခွင့်ရသူအရေအတွက် တိုးမြှင့်မည့် အစီအစဉ်ကို အကောင်အထည်ဖော်ရန် ခြေလှမ်းတလှမ်း လှမ်းလိုက်သည်။ ၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်တစ်ခုစီ၏ ဆေးကျောင်းဝင်ခွင့်ခွဲတမ်း မည်မျှတိုးမြှင့်မည်ကို ပြန်လည်သုံးသပ်ရန် တက္ကသိုလ်ဝင်ခွင့်ကော်မတီ အစည်းအဝေးကို ကိုရီးယား တက္ကသိုလ်ပညာရေး ကောင်စီက သောကြာနေ့ (မေ ၂၄)တွင် ကျင်းပခဲ့သည်။ ပညာရေးဝန်ကြီးဌာနအဆိုအရ တစ်နိုင်ငံလုံးရှိ ဆေးကျောင်း ၄၀ အတွက် ဝင်ခွင့်ဦးရေသည် ၄၅၆၇ ဦးသို့ တိုးမည်ဖြစ်သည်။ Jeju University တွင် ဆေးကျောင်း တည်ထောင်ပြီး နောက်ပိုင်း ၂၇ နှစ်အတွင်း ပထမဆုံး ဆေးကျောင်းဝင်ခွင့် ခွဲတမ်းတိုးခြင်း ဖြစ်သည်။ ၂၀၀၆ မှစ၍ တနှစ်လျှင် ၃,၀၅၈ ဦး လက်ခံခဲ့သည်။ အစိုးရက ဝင်ခွင့်တိုးမြှင့်မှု အစီအစဉ်ကို ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ကြေညာပြီးကတည်းက စ၍ ဆန့်ကျင်ကန့်ကွက်ခဲ့ကြရာ အငယ်တန်းဆရာဝန်များ အလုပ်မဆင်းကြတော့သဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပြတ်လပ်သည့်ဒဏ်ကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။ သင်တန်းသားဆရာဝန် ၉၀ ရာခိုင်နှုန်းကျော်သည် ဆေးရုံများမှ နုတ်ထ...