ဆိုးလ်တွင် နိုင်ငံခြားသား ၁,၀၀၀ ပါရဂူဘွဲ့ ပညာသင်ကြားပေးမည်

 ဆိုးလ်မြို့ပြအစိုးရ Seoul Metropolitan Government (SMG)သည် နည်းပညာ၊ သိပ္ပံ၊ အင်ဂျင်နီယာ ပါရဂူဘွဲ့များအတွက် နိုင်ငံခြားသားကျောင်းသား ၁,၀၀၀ ကို တက္ကသိုလ်များတွင် ပညာသင်ကြားပေးရန် ရည်မှန်းထားသည့် ၅ နှစ်အစီအစဉ်ကို မြို့တော်ဝန် Oh Se-hoon က မေလ ၂၀ ရက်တွင် ကြေညာခဲ့ပါသည်။

၎င်းအစီအစဉ် အကောင်အထည်ဖော်ရန် ၅နှစ်တာတွင် ဝမ် ၂၅၀.၆ ဘီလီယံ (ကန်ဒေါ်လာ ၁၈၄.၆ သန်း)ရင်းနှီးမြှုပ်နှံမည်။


အဆင့်မြင့်ဘွဲ့များရယူလိုသော နိုင်ငံခြားကျောင်းသား ၁,၀၀၀ ကို ပညာသင်ကြားပေးရန် နောက်ဆုံးပေါ် ခေတ်မီနည်းပညာများကို အထူးပြုသင်ကြားသည့် ဆိုးလ်အခြေစိုက် တက္ကသိုလ် ၁၀ ခုကို ရွေးချယ်မည်ဖြစ်သည်။ ၎င်းတက္ကသိုလ် တခုစီကို ၃ နှစ်တာကာလတွင် ဝမ် ၂.၅ ဘီလီယံ ဘဏ္ဍာရေး ထောက်ပံ့ပေးမည်။


ဆိုးလ်မြို့ အစိုးရသည် ဆိုးလ်မြို့၌ ပညာသင်ကြားခြင်းဆိုင်ရာ သတင်းအချက်အလက်များကို ပေးစွမ်းနိုင်ရန် ရည်ရွယ်၍ နိုင်ငံခြားမြို့အသီးသီးတွင် တစ်နှစ်လျှင် နှစ်ကြိမ် ပညာရေးပြပွဲကို ကျင်းပမည်ဖြစ်ပြီး လာမည့် ဇူလိုင်လတွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ၌ စတင်မည်။


ဖွံ့ဖြိုးဆဲနိုင်ငံများမှ ထူးချွန်ကျောင်းသားများကို နှစ်စဉ် ဆုငွေ ဝမ်သန်း ၂၀ ပေးအပ်ရန် မြို့တော်အစိုးရက ရေးဆွဲထားသည့် ပညာသင်ဆု အစီအစဉ်ကိုလည်း အကောင်အထည် ဖော်မည်။

Source Yonhap

#EducationIndustryGuide 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်