Petronas Carigali Myanmar အခွန်အယူခံ ပလပ်ရန် ဆုံးဖြတ်
Petronas Carigali Myanmar Inc (Branch Office) "PCMI" သည် ၂၀၁၉-၂၀၂၀ ခု စည်းကြပ်နှစ် (၂၀၁၈-၂၀၁၉ ဝင်ငွေနှစ်) အတွက် ဝင်ငွေခွန်တွင် ပါရှိသော အမေရိကန်ဒေါ်လာ ၂၇၉ သိန်းနီးပါး ပမာဏရှိ ရေနံရှာဖွေရေးကုန်ကျစရိတ်များ (Exploration Cost) ကို ဝင်ငွေခွန်တွက်ချက်ရာတွင် နုတ်ပယ်ခွင့်မပြုဘဲ ဝင်ငွေခွန်အဖြစ် ၃,၇၄၉,၈၀၅,၁၈၉ ကျပ် ပေးသွင်းရန် ဆုံးဖြတ်ချက်အပေါ် ပြန်လည်သုံးသပ်ပေးပါရန် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထားခဲ့ရာ ၎င်းဝင်ငွေန် ပမာဏကို နုတ်ပယ်ခွင့်မပြုဘဲ အတည်ပြုကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့သဖြင့် ၎င်းဆုံးဖြတ်ချက်အပေါ် အခွန်အယူခံခုံအဖွဲ့ထံသို့ အယူခံလျှောက်ထားခဲ့ရာ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်ကို အတည်ပြုလျက် အယူခံမှုကို ပလပ်လိုက်ပါသည်။
Comments
Post a Comment