တောင်ကိုရီးယားတွင် shrinkflation အသိမပေးလျှင် ဒဏ်ရိုက်မည်

 တောင်ကိုရီးယားတွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်သူများနှင့် ပေးသွင်းသူများသည် ၎င်းတို့၏ ထုတ်ကုန်အရွယ်အစားကို လျှော့ချပါက ဝယ်ယူသူများကို အသိပေးရမည်။ အသိပေးဖို့ ပျက်ကွက်ပါက ဒဏ်ငွေ ဝမ် ၁၀ သန်း (ဒေါ်လာ ၇၃၀၀) အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း တရားမျှတသောကုန်သွယ်မှုကော်မရှင် Fair Trade Commission (FTC)က သောကြာနေ့ (မေ ၃)တွင် ပြောကြားသည်။


အချို့ စီးပွားရေးလုပ်ငန်းများသည် ရောင်းဈေးကို မပြောင်းလဲသော်လည်း ပစ္စည်းကို အရွယ်အစား၊ အရည်အသွေး၊ အလေးချိန်၊ အရေအတွက် စသဖြင့် လျှော့ထားကြသည်။ ကျုံ့ခြင်းဖြင့် ကုန်ဈေးနှုန်းတက်ခြင်း shrinkflation နည်းလမ်းကို သုံးစွဲကြသည်။ ထိုနည်းလမ်းကို သုံးစွဲပါက ဝယ်ယူသူတိုင်းကို လျှော့ထားကြောင်း အသိပေးရမည် ဖြစ်သည်။ 

ပြင်ဆင်ချိန် ၃ လပေးထားပြီး ဩဂုတ်လတွင် စတင်သက်ရောက်မည်။

ပထမအကြိမ် မလိုက်နာပါက ဝမ် ၅ သန်း၊ ဒုတိယအကြိမ်တွင် ဝမ် ၁၀ သန်း ဒဏ်ရိုက်မည်။

Source Reuters 

#Industries

Guide 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်