အာမခံဝန်ဆောင်မှုများ လက်လှမ်းမီလွယ်ကူစွာရရှိနိုင်စေရန် ပရူဒန်ရှယ်အာမခံက မန္တလေးမြို့တွင် ရုံးခွဲသစ်ဖွင့်လှစ်ကာ‌ အထက်မြန်မာပြည်တွင် လုပ်ငန်းဆောင်ရွက်မှုများတိုးချဲ့

Prudential Myanmar Life Insurance Limited (ပရူဒန်ရှယ်အာမခံ) က ၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးစီးပွားရေးမြို့တော်ကြီးဖြစ်သော မန္တလေးမြို့ကြီး၌  ရုံးခွဲအသစ်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ ယခု ရုံးခွဲအသစ်ဖွင့်လှစ်ခြင်းသည် ပရူဒန်ရှယ်အာမခံ၏ ရည်မှန်းချက်များဖြစ်သော မြန်မာနိုင်ငံအထက်ပိုင်းတွင် ၎င်း၏လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန်နှင့် ပရူဒန်ရှယ်အာမခံ၏ ပြီးပြည့်စုံသော အသက်အာမခံ၊ ကျန်းမာရေးအာမခံအမျိုးမျိုးနှင့် ဝန်ဆောင်မှုများကို မန္တလေးမြို့တော်ကြီးနှင့် အနီးတစ်ဝိုက်ရှိ တိုင်းဒေသကြီးများထံသို့ ပိုမိုလွယ်ကူစွာ ပေးအပ်သွားနိုင်ရန်အတွက်ဖြစ်သည်။ 

ပရူဒန်ရှယ်အာမခံရုံးခွဲအသစ်သည် အမှတ် (၁၅၁)၊ ဆိုင်အမှတ် (၂)၊ ibis Styles Mandalay စင်တာ၊ (၃၅) လမ်းနှင့် (၅၄) လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိပြီး  ယခုရုံးခွဲအသစ်သည် ရန်ကုန်ရုံးချုပ်ပြီးလျှင် မြန်မာနိုင်ငံတွင်ဖွင့်လှစ်ထားသော ပရူဒန်ရှယ်အာမခံ၏ ဒုတိယမြောက် ရုံးခွဲဖြစ်ပါတယ်။ ပရူဒန်ရှယ်အာမခံ၀ယ်ယူထားသူ များအနေဖြင့် အာမခံအစီအစဉ်အမျိုးမျိုးကို အလွယ်တကူလက်လှမ်းမီလာနိုင်ပြီး အကျိုးခံစားခွင့်ပြန်လည်ရယူသည့်ဝန်ဆောင်မှုများအပြင် ပိုမိုတိုးတက်ကောင်းမွန်လာသော ပရူဒန်ရှယ်အာမခံ၏ ပံ့ပိုးဝန်ဆောင်မှုများနှင့် အရည်အချင်းပြည့်မီသော ပရူဒန်ရှယ်အာမခံ၏ ကျွမ်းကျင်အကြံပေးများမှ  အာမခံ၀ယ်ယူသူ တစ်ဦးချင်းစီအတွက် အဆင်ပြေကိုက်ညီမည့် အာမခံနှင့်ပတ်သက်သော ဆွေးနွေးတိုင်ပင်မှုများကိုလည်း ရရှိသွားနိုင်မည်ဖြစ်သည်။

“နိုင်ငံတစ်ဝန်းရှိ ပိုမိုကျယ်ပြန့်တဲ့လူထုအသိုင်းအဝိုင်းဆီကို အာမခံအကျိုးကျေးဇူးတွေ ပေးအပ်သွားချင်တဲ့ ပရူဒန်ရှယ်အာမခံရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်တဲ့အခါမှာ အရေးကြီးတဲ့ခြေလှမ်းတစ်လှမ်းလို့ပြောလို့ရတဲ့ မန္တလေးမြို့တော်ကြီးမှာ ရုံးခွဲသစ်ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ ပရူဒန်ရှယ်အာမခံက ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ မန္တလေးမြို့တော်ကြီးနဲ့ အထက်မြန်မာပြည်ပိုင်းတို့ကို ပရူဒန်ရှယ်အာမခံရဲ့ အသက်အာမခံ၊ ကျန်းမာရေးအာမခံအမျိုးမျိုးနဲ့ ဝန်ဆောင်မှုတွေ တိုက်ရိုက် ပေးအပ်သွားနိုင်ဖို့အတွက် အခုဖွင့်လှစ်ခဲ့တဲ့ ရုံးခွဲသစ်က အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားမှာဖြစ်ပါတယ်။ အခုလိုတိုးချဲ့ဖွင့်လှစ်လိုက်တာကနေတစ်ဆင့် လူပေါင်းများစွာနဲ့ အဖွဲ့လိုက် အာမခံ၀ယ်ယူသူများကို ပိုမိုတောက်ပတဲ့ အနာဂတ်တွေ ပိုင်ဆိုင်နိုင်ဖို့အတွက် ကြိုတင်အစီအစဉ်ရေးဆွဲဖို့ တိုက်တွန်းပေးသွားမှာဖြစ်ပြီး အာမခံအစီအစဉ်တွေကနေပေးအပ်တဲ့ ငွေကြေးပိုင်းဆိုင်ရာ လုံခြုံစိတ်ချမှုနဲ့အတူ ဘဝပေါင်းများစွာကို အကာအကွယ်ပေးအပ်သွားမှာဖြစ်ပါတယ်။ အခုလိုမျိုး မန္တလေးမြို့တော်ကြီးအပါအဝင် မြန်မာပြည်အထက်ပိုင်းတိုးတက်ဖို့အတွက် တစ်ထောင့်တစ်နေရာကနေ ထောက်ပံ့နိုင်ခဲ့တဲ့အတွက် ပရူဒန်ရှယ်အာမခံအနေနဲ့ ဝမ်းမြောက်ဂုဏ်ယူမိပြီး နောင်လာမယ့်နှစ်တွေမှာလည်း လူမှုရပ်ဝန်းတွေအတွက်  အခုလို ဝန်ဆောင်မှုတွေဆက်လက်ပေးအပ်သွားနိုင်ဖို့လည်း မျှော်လင့်မိပါတယ်” ဟု ပရူဒန်ရှယ်အာမခံ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးနိုင်အေးလင်း က ပြောကြားခဲ့ပါသည်။


ဘဝပေါင်းများစွာကို ကာကွယ်ပေးရင်း ပိုမိုလှပသောအနာဂတ်များကို ပုံဖော်ဖန်တီးပေးခြင်း

ပရူဒန်ရှယ်အာမခံအနေဖြင့် “For Every Life, For Every Future” ဆိုသည့် ကတိကဝတ်၏ လမ်းညွှန်မှုအတိုင်း မတူကွဲပြားပြီး ရိုးရှင်း၍ လက်လှမ်းမီနိုင်သော ငွေကြေးနှင့်ကျန်းမာရေးဆိုင်ရာဖြေရှင်းချက်များ ကူညီပံ့ပိုးပေးခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်းစီနှင့် မိသားစုများ၏ ဘဝများနှင့် အနာဂတ်များကို ကာကွယ်စောင့်ရှောက်ရန်အတွက်  အစဉ်အမြဲ ကြိုးပမ်းအားထုတ်နေလျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပရူဒန်ရှယ်အာမခံ၏လုပ်ငန်းဆောင်တာများ စတင်လည်ပတ်ခဲ့ပြီး မြန်မာနိုင်ငံ၏ အသက်အာမခံနယ်ပယ် တိုးတက်ကျယ်ပြန့်လာစေရန်နှင့် လူတိုင်းပါဝင်နိုင်သည့် ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလေးထား ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

ပရူဒန်ရှယ်အာမခံတွင် မတူကွဲပြားသော အာမခံအစီအစဉ်အမျိုးအစားပေါင်းများစွာ ရရှိနိုင်ပြီး သီးခြားအသက်အာမခံ၊ ငွေစုဆောင်းသည့်အစီအစဉ် တစ်စိတ်တစ်ပိုင်းပါ၀င်သော အသက်အာမခံနှင့် ကျန်းမာရေးအာမခံတို့လည်း ပါဝင်သည်။ မကြာသေးခင်ကလည်း အပြင်းအထန်နာမကျန်းဖြစ်ခြင်းများနှင့် သေဆုံးခြင်းတို့အတွက် အပြည့်အ၀ ငွေကြေးပိုင်းဆိုင်ရာ ကာကွယ်မှုပေးနိုင်ပြီး ထပ်ဆောင်းအကျိုးခံစားခွင့်များပါဝင်ကာ တစ်ဦးတစ်ယောက်ချင်းအတွက်သော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း မိမိလိုအပ်ချက်အလိုက် အဆင်ပြေစွာ ရွေးချယ်ဝယ်ယူနိုင်မည့် PRUFlexiprotect အာမခံအမျိုးအစားအသစ်ကို မိတ်ဆက်ပေးခဲ့ပါသည်။

“ဒီနှစ်အတွက် "ပရူဒန်ရှယ်အာမခံရဲ့ အကာအကွယ်နဲ့အတူ ပိုကျန်းမာတဲ့အနာဂတ်ကို ပိုင်ဆိုင်လိုက်ရအောင်" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း မြန်မာပြည်သူပြည်သားများအားလုံးကို ကိုယ်ကိုယ်တိုင်သာမက ကိုယ်ချစ်ရတဲ့သူတွေအတွက် ကျန်းမာပျော်ရွှင်ရေးနဲ့ လုံခြုံစိတ်ချမှုကို အဓိကပဓာနထားဖို့ ကျွန်တော်တို့ပရူဒန်ရှယ်အာမခံက တိုက်တွန်းခွန်အားပေးလျက်ရှိပါတယ်။ မိမိကိုယ်ကိုယ်နဲ့ ကိုယ်ချစ်ရတဲ့သူတွေကို ကာကွယ်ပေးတာက အလားအလာကောင်းတွေနဲ့ ပြည့်နှက်နေတဲ့ အနာဂတ်သစ်တစ်ခုဆီကို အရောက်လှမ်းနိုင်မယ့် လမ်းသစ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ အပြည့်အဝ ယုံကြည်ပါတယ်” ဟု ဦးနိုင်အေးလင်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

 

မြန်မာနိုင်ငံအတွင်း လက်လှမ်းမီလွယ်ကူစွာ အာမခံဝယ်ယူရရှိနိုင်ရန်အတွက် ပိုမိုတိုးချဲ့ဆောင်ရွက်လာခြင်း

ပရူဒန်ရှယ်အာမခံအနေဖြင့် မန္တလေး၌ ရုံးအသစ်ဖွင့်မည့်အပြင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အေးဂျင့်ကွန်ရက်ကိုလည်း ဖြန့်ကျက်သွားမည်ဖြစ်သည်။ ယခုအေးဂျင့်ကွန်ရက်သည် နေရာအနှံ့အပြားတွင်နေထိုင်ရင်း ပရူဒန်ရှယ်အာမခံကို ကိုယ်စားပြုလျက် အာမခံအစီအစဉ်ပေါင်းများစွာကို လူထုထံသို့ ဆောင်ကြဉ်းပေးမည့် အရည်အချင်းရှိသော အာမခံကျွမ်းကျင်ပညာရှင်များစုပေါင်းထားခြင်းဖြစ်သည်။ ထို့အပြင် ရိုးမဘဏ်နှင့် လက်တွဲပူးပေါင်းကာ ဘဏ်မှတစ်ဆင့် ရယူနိုင်သော အာမခံဝန်ဆောင်မှုအဖြစ် ပရူဒန်ရှယ်အာမခံ၏ အသက်နှင့် ကျန်းမာရေးအာမခံ ထုတ်ကုန်များအား မြန်မာနိုင်ငံတစ်ဝန်းရှိ ရိုးမဘဏ်ခွဲပေါင်း (၆၇) ခုတွင် ရရှိနိုင်မည်ဖြစ်ပါသည်။

နောင်အနာဂတ်တွင်လည်း ပရူဒန်ရှယ်အာမခံသည် မြန်မာနိုင်ငံတစ်ဝန်းရှိ အဓိကအခရာကျသည့် မြို့ကြီးများ၌ လုပ်ငန်းလည်ပတ်မှုများကို ဆက်လက် ချဲ့ထွင်သွားရန်အစီအစဉ်ရှိပြီး ခေတ်မီဆန်းသစ်သော အာမခံအစီအစဉ်များကို နိုင်ငံတွင်းမှ ပြည်သူပြည်သားများ၏ လိုအပ်ချက်များအလိုက် မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။


၂၀၂၃ ခုနှစ်အတွင်း ပရူဒန်ရှယ်အာမခံ၏ သိသာထင်ရှားသော စွမ်းဆောင်ရည်များ

မြန်မာနိုင်ငံအာမခံအဖွဲ့အစည်းက ထုတ်ပြန်ခဲ့သည့် ၂၀၂၃ ခုနှစ်အစီရင်ခံတင်ပြချက်အရ ပြီးခဲ့သော ၂၀၂၃ ခုနှစ်တွင် ပရူဒန်ရှယ်အာမခံ၏ အံမခန်းစွမ်းဆောင်ရည်များအားဖော်ပြခံရပြီးနောက် ယခုကဲ့သို့  မန္တလေးမြို့တော်ကြီးတွင် ရုံးခွဲအသစ်ဖွင့်လှစ်လိုက်ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းနယ်ပယ်တွင် ပရူဒန်ရှယ်အာမခံသည် ဦးဆောင်အာမခံလုပ်ငန်းတစ်ခုအနေဖြင့် ခိုင်မာစွာရပ်တည်နိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဘဏ်များမှတစ်ဆင့် ရယူနိုင်သည့် အာမခံ၀န်ဆောင်မှုများနှင့် စီးပွားရေးလုပ်ငန်း နယ်ပယ်အခန်းကဏ္ဍတွင် အဆင့် (၁) အဖြစ် အသာစီးရပ်တည်နိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင်းရှိ အာမခံလုပ်ငန်းများအားလုံးအနက် အဆင့် (၆)၊ မြန်မာနိုင်ငံတွင်းရှိ နိုင်ငံခြားအာမခံလုပ်ငန်းအားလုံးအနက် အဆင့် (၂) အဖြစ် ရပ်တည်နိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် အောင်မြင်မှုများ ရရှိပိုင်ဆိုင်ခဲ့သည်။ 

ပရူဒန်ရှယ်အာမခံ၏ ကျွမ်းကျင်အကြံပေးများက အာမခံ၀ယ်ယူထားသူများ၏ အာမခံလိုအပ်ချက်များနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချနိုင်ရန်နှင့် အာမခံ၀ယ်ယူထားသူများ၏ ငွေကြေးပိုင်းဆိုင်ရာအနာဂတ် ပိုမိုစိတ်ချလုံခြုံစေရန်အတွက် ရည်ရွယ်၍ သီးသန့်အကူအညီများနှင့် ဆွေးနွေးတိုင်ပင်မှုများကို ပေးအပ်ရန်အတွက် အဆင်သင့်ဖြစ်နေပါပြီ။ ပရူဒန်ရှယ်အာမခံ၏ အသက်အာမခံနှင့် ကျန်းမာရေးအာမခံထုတ်ကုန်အမျိုးအစားများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ယခုလင့်ခ်  www.prudential.com.mm/mm/all-products  တွင်ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

ရရှိနိုင်သော အာမခံထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအကြောင်းကို အသေးစိတ်လေ့လာနိုင်ရန်အတွက် ibis Styles Mandalay စင်တာတွင်တည်ရှိသော ပရူဒန်ရှယ်အာမခံ၏ မန္တလေးရုံးခွဲသို့ အလည်အပတ်လာရောက်ကြပါရန် မန္တလေးမြို့တော်ကြီးတွင်နေထိုင်ကြသော မန္တလေးသူ၊ မန္တလေးသားများနှင့် စီးပွားရေးလုပ်ငန်းရှင်များကို နွေးထွေးစွာဖိတ်ခေါ်လိုက်ရပါသည်။ အသေးစိတ်အချက်အလက်များနှင့် အာမခံ၀ယ်ယူထားသူ ဝန်ဆောင်မှုများအတွက် ပရူဒန်ရှယ်အာမခံ၏ hotline ဖုန်းနံပါတ် ၀၉ ၇၇၀ ၁၁၀ ၀၁၀ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပြီး info@prudential.com.mmသို့လည်း အီးမေးလ် ပေးပို့မေးမြန်းနိုင်ပါသည်။









Prudential Myanmar Life Insurance အကြောင်း

Prudential Myanmar Life Insurance (ပရူဒန်ရှယ်အာမခံ) သည် အာရှနှင့် အာဖရိက ဒေသတစ်လွှားကို အဓိကထား၍ အသက်အာမခံ၊ ကျန်းမာရေးအာမခံနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲသည့် ဝန်ဆောင်မှုများ ပေးအပ်နေသော Prudential plc မှပိုင်ဆိုင်သော အသက်အာမခံလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ရေရှည် ယုံကြည်စိတ်ချရသည့် ကာကွယ်စောင့်ရှောက်မှုနှင့် လိုအပ်ချိန်တွင် အထောက်အပံ့ဖြစ်စေမည့် စုဆောင်းငွေများ ပိုမို တိုးပွားလာစေမည့် အသက်အာမခံ ပေါ်လစီ ထုတ်ကုန်များနှင့် နည်းပညာဖြေရှင်းမှုစနစ်များကို ပေးအပ်ရန် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင်  မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MoPF) မှ ပေးအပ်သည့် အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်  လိုင်စင်ကို လက်ခံရရှိခဲ့ပါသည်။

ပရူဒန်ရှယ်အာမခံသည် မြန်မာနိုင်ငံ၏ အသက်အာမခံနယ်ပယ် တိုးတက်ပျံ့နှံ့လာစေရန်နှင့် ပြည်သူ အားလုံးပါဝင် အသုံးပြုနိုင်သည့် ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလေးထား ကြိုးစားဆောင်ရွက်နေပါသည်။ ပရူဒန်ရှယ်အာမခံ၏ နည်းပညာ ဦးစားပေးချဉ်းကပ်မှုဖြင့် အာမခံဝန်ဆောင်မှုများကို ရိုးရှင်းလွယ်ကူပြီး အဆင်ပြေချောမွေ့စွာ ရယူနိုင်မည့်အပြင် မြန်မာနိုင်ငံအနှံ့အပြားရှိ ပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ရောက်ရှိအောင် လုပ်ဆောင်ပေးရန် ကတိကဝတ်ပြုထားသည်။

အသေးစိတ်သိရှိလိုပါက Prudential Myanmar Life Insurance ဝက်ဘ်ဆိုက် www.prudential.com.mm နှင့် Facebook စာမျက်နှာ www.facebook.com/PrudentialMyanmarLifeInsurance တို့တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။ 


Prudential plc အကြောင်း

Prudential plc သည် အာရှနှင့် အာဖရိက ဒေသတစ်လွှားရှိ ဈေးကွက် (၂၄) ခုတွင် အသက်အာမခံ၊ ကျန်းမာရေး အာမခံနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲသည့် ဝန်ဆောင်မှုများ ပေးအပ်နေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ပရူဒန်ရှယ်အာမခံသည် ယနေ့ခေတ်မျိုးဆက်များနှင့် နောက်လာမည့်မျိုးဆက်သစ်များအတွက်  ရိုးရှင်း၍ လက်လှမ်းမီနိုင်သော ငွေကြေးနှင့်ကျန်းမာရေးဆိုင်ရာဖြေရှင်းချက်များ ကူညီပံ့ပိုးပေးခြင်းဖြင့် ယုံကြည်စိတ်ချရဆုံး လက်တွဲဖော်နှင့် အကာအကွယ်ပေးနိုင်သူဖြစ်လာရန် ရည်မှန်းထားပါသည်။ Prudential plc သည် ဟောင်ကောင် စတော့အိတ်ချိန်း (2378) နှင့် လန်ဒန် စတော့အိတ်ချိန်း (PRU) ဈေးကွက်များတွင် primary listings စာရင်းဝင်ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် စင်ကာပူ စတော့အိတ်ချိန်း (K6S) တွင် secondary listing စာရင်းဝင်ခဲ့ပြီး အမေရိကန်နိုင်ငံ အသိအမှတ်ပြု American Depositary Receipts အရ နယူးယောက် စတော့အိတ်ချိန်း (PUK) တွင်လည်း စာရင်းဝင်ခဲ့ပြီး ဖြစ်ပါသည်။ Prudential plc သည် Hang Seng Composite Index ၏ အခွဲတစ်ခုဖြစ်ပြီး Shenzhen-Hong Kong Stock Connect ပရိုဂရမ်နှင့် Shanghai-Hong Kong Stock Connect ပရိုဂရမ်တို့တွင် ကုန်သွယ်မှုအတွက်လည်း ပါဝင်ခဲ့သည်။

Prudential သည် အမေရိကန်ပြည်ထောင်စုတွင် အဓိက လုပ်ငန်းအခြေစိုက်သည့် Prudential Financial, Inc. နှင့် United Kingdom ရှိ M&G plc ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် Prudential Assurance Company Limited တို့နှင့် လုပ်ငန်းဆက်စပ်မှု မရှိပါ။ https://www.prudentialplc.com/


Prudential Myanmar Opens New Office in Mandalay, Underscoring Growth Ambitions and Strengthening its Presence in Upper Myanmar

 

Prudential Myanmar Life Insurance Limited (Prudential Myanmar) officially opened its new office in Mandalay, Myanmar’s second-largest city, on 6 May 2024. This expansion underscores Prudential Myanmar's ambition to strengthen its presence in Upper Myanmar and widen access to its comprehensive life and health insurance solutions and services for communities in Mandalay and surrounding regions.

 

The new office, located at No.151, Shop No.2, ibis Styles Mandalay Centre Hotel, corner of 35th and 54th streets, Chan Aye Thazan Township, Mandalay Region, is Prudential Myanmar's second office in the country, adding to its headquarters in Yangon. Prudential Myanmar customers will benefit from easier access to insurance plans, enhanced support including insurance claim services, and personalised guidance from qualified insurance professionals.

 

“We are thrilled to open our new office in Mandalay, which marks a significant step in Prudential Myanmar's aim to extend insurance benefits to a wider population across the country. The new office will play a crucial role in bringing our life and health insurance solutions directly to the Mandalay community and wider Upper Myanmar region. This expansion will empower many more individual and group customers to plan for a brighter future and secure their lives through the financial protection that insurance provides. We are proud to contribute to the growth of Upper Myanmar and Mandalay, and we look forward to serving the community for years to come,” shared U Naing Aye Lynn, CEO of Prudential Myanmar.

 

Protecting Lives, Shaping Futures

Prudential Myanmar, guided by its mission of “For Every Life, For Every Future,” strives to protect the lives and futures of individuals and families in Myanmar by offering a diverse range of simple and accessible financial and health solutions. Since commencing operations in the country in 2019, Prudential Myanmar has been supporting national efforts to raise life insurance penetration and promote financial inclusion in the country.

 

The company offers a range of insurance products, including standalone life insurance, life insurance with savings components, and health insurance. Recently, Prudential Myanmar introduced a new life insurance product series named PRUFlexiprotect, which can be customised according to the needs of individual and group customers and provides comprehensive coverage for critical illness and loss of life. 


“This year, we are promoting the message of: Let's be protected by Prudential Myanmar Life Insurance for a healthier future. We encourage people in Myanmar to prioritise wellness and security for themselves and their loved ones. We believe that by safeguarding ourselves and our loved ones, we pave the way for a brighter future filled with possibilities,” added U Naing Aye Lynn.

 

Widening Access to Insurance in Myanmar

In addition to the new office in Mandalay, Prudential Myanmar is expanding its agent network across the country. This agent network is a team of qualified insurance professionals who represent Prudential Myanmar in various locations to bring insurance solutions even closer to communities. Through its bancassurance partnership with Yoma Bank, Prudential Myanmar’s life and health insurance products are also available at 67 Yoma Bank branches throughout Myanmar.

 

Looking forward, Prudential Myanmar plans to expand its presence across Myanmar with new offices in major cities, and to introduce new innovative insurance solutions tailored to the needs of people in the country.

 

Prudential Myanmar’s Strong Performance in 2023

The opening of the Mandalay office follows Prudential Myanmar's outstanding performance in 2023, according to the 2023 Myanmar Insurance Association Report. The company solidified its position as a leading insurer in the country, and was ranked #1 in Myanmar in the Bancassurance & Enterprise Business segment. Prudential Myanmar was also ranked #6 among all insurers and #2 among foreign insurers, and achieved significant year-on-year growth.

 

Prudential Myanmar's team of dedicated professionals is ready to provide personalised assistance and guidance to help customers make informed decisions about their insurance needs and secure their financial future. For more information about Prudential Myanmar’s life and health insurance products, please visit www.prudential.com.mm/mm/all-products.

 

Individuals and businesses in Mandalay are welcome to visit the Prudential Myanmar office in Mandalay, located at ibis Styles Mandalay Centre, to learn more about the insurance solutions and services available. For enquiries and customer support, please call Prudential Myanmar’s hotline: +95 977 011 0010 or email to info@prudential.com.mm.


About Prudential Myanmar Life Insurance

Prudential Myanmar Life Insurance (Prudential Myanmar) is a wholly owned life insurance operation of Prudential plc, which provides life and health insurance and asset management, with a focus on Asia and Africa. In November 2019, Prudential was granted a life insurance licence from the Ministry of Planning and Finance (MoPF) of Myanmar to offer life insurance products and solutions to the people of Myanmar to meet their growing long-term protection and savings needs.

 

Prudential Myanmar is focused on supporting national efforts to raise life insurance penetration and financial inclusion in the country. With its technology-enabled approach, Prudential Myanmar is committed to reach as many people as possible, and to ensure they enjoy an easy, simple and convenient experience.

 

For more information, visit Prudential Myanmar’s website: www.prudential.com.mm or Facebook page: www.facebook.com/PrudentialMyanmarLifeInsurance 

 

About Prudential plc

Prudential plc provides life and health insurance and asset management in 24 markets across Asia and Africa. Prudential’s mission is to be the most trusted partner and protector for this generation and generations to come, by providing simple and accessible financial and health solutions. The business has dual primary listings on the Stock Exchange of Hong Kong (2378) and the London Stock Exchange (PRU). It also has a secondary listing on the Singapore Stock Exchange (K6S) and a listing on the New York Stock Exchange (PUK) in the form of American Depositary Receipts. It is a constituent of the Hang Seng Composite Index and is also included for trading in the Shenzhen-Hong Kong Stock Connect programme and the Shanghai-Hong Kong Stock Connect programme.

 

Prudential is not affiliated in any manner with Prudential Financial, Inc. a company whose principal place of business is in the United States of America, nor with The Prudential Assurance Company Limited, a subsidiary of M&G plc, a company incorporated in the United Kingdom. https://www.prudentialplc.com/

.

.

.


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်