တရုတ်ပို့ကုန်များအပေါ် ဘိုင်ဒန် အစိုးရ သွင်းကုန်ခွန် ဆတိုးစည်းကြပ်

 

အမေရိကန်သမ္မတ ဘိုင်ဒန် အစိုးရက ကန်ဒေါ်လာ ၁၈ ဘီလီယံတန်ဖိုးရှိ တရုတ်သွင်းကုန်များအပေါ် အကောက်ခွန်နှုန်းထားသစ်ကို အင်္ဂါနေ့ (မေ ၁၄)က ကြေညာခဲ့သည်။


အမေရိကန်စက်မှုလုပ်ငန်းများ တရားမျှတမှု မရှိသော ပြိုင်ဆိုင်မှုမှ ကာကွယ်ရန်အတွက် အခွန်စည်းကြပ်မှု တိုးမြှင့်ရန် လိုအပ်သည်ဟု ဆိုသည်။



 ယခုနှစ်မှစတင်ကာ တရုတ်နိုင်ငံမှ တင်သွင်းလာသော လျှပ်စစ်ကားများအပေါ် အခွန် ၂၅% အစား ၄ဆတိုးပြီး ၁၀၀% စည်းကြပ်မည်။


တရုတ်ဆိုလာဆဲလ်များ သွင်းကုန်ခွန်သည် ၂၅ %အစား ၂ ဆတိုးပြီး ၅၀ % စည်းကြပ်မည်။


အချို့သော တရုတ်သံမဏိနှင့် အလူမီနီယမ် သွင်းကုန်ခွန်သည် ၇.၅% အစား ၃ ဆကျော်တိုးပြီး ၂၅% စည်းကြပ်မည်။


၂၀၂၅ မှစ၍ တရုတ်ဆီမီးကွန်ဒတ်တာများ သွင်းကုန်ခွန်သည် ၂၅ %အစား ၂ ဆတိုးပြီး ၅၀ % စည်းကြပ်မည်။

Source cnbc

#Indust

riesGuide 


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်