ကမ္ဘောဒီးယားနိုင်ငံ ရော်ဘာတင်ပို့မှု
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမလေးလတွင် ရော်ဘာခြောက် ၈၅,၄၂၈ တန် တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၁၂၅ သန်း ရရှိခဲ့သည်။
“၂၀၂၄ ခုနှစ် ပထမလေးလအတွင်းမှာ ရော်ဘာခြောက်တစ်တန် ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၁၄၆၅ ပေါက်ဈေး ရှိခဲ့ပါတယ်။ ယမန်နှစ်ကထက် ၅၁ ဒေါ်လာခန့် ပိုများပါတယ်" ဟု ရော်ဘာ ခေတ္တညွှန်ကြားရေးမှူးချုပ် Khun Kakada က ပြောသည်။
ကမ္ဘောဒီးယားမှ ရော်ဘာကို မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူနှင့် တရုတ်သို့ အဓိကအားဖြင့် တင်ပို့သည်။
ကမ္ဘောဒီးယားနိုင်ငံသည် စုစုပေါင်းဧရိယာ ၄၀၇၁၇၂ ဟက်တာတွင် ရော်ဘာပင်များကို စိုက်ပျိုးထားပြီး ၃၂၀,၁၈၄ ဟက်တာ (၇၈.၆ ရာခိုင်နှုန်း)သည် အစေးနိုင်လောက်အောင် သက်တမ်းရှိနေပြီဖြစ်သည်။
Source Xinhua
#IndustriesGuide
Comments
Post a Comment