IMF အာရှတိုးတက်မှုခန့်မှန်းချက် မြှင့်တင်
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund IMF သည် အာရှတိုးတက်မှုခန့်မှန်းချက်ကို အင်္ဂါနေ့တွင် မြှင့်တင်ခဲ့သည်။ အိန္ဒိယနိုင်ငံ၏ တိုးတက်မှုအပေါ် အကောင်းမြင်ထားသည်။
အာရှ စီးပွားရေး ယခုနှစ်တွင် ၄.၅% တိုးလာမည်ဟု IMF က ခန့်မှန်းထားပြီး ယခင်ခြောက်လက ခနိ့မှန်းချက်ကို ၀.၃% ပိုတိုးထားသည်။ ၂၀၂၅ အတွက် ခန့်မှန်းချက် ၄.၃% ကို မပြောင်းလဲပါ။
“၂၀၂၄ ခုနှစ်မှာ အာရှနဲ့ ပစိဖိတ်ဒေသအတွက် အလားအလာ တောက်ပလာပါပြီ၊ ငွေကြေးဖောင်းပွမှု ဖိအားတွေ ဆက်ပြီး လျော့ကျနေတာကြောင့် ဒေသတွင်းရဲ့ စီးပွားရေးဟာ အရင်က ခန့်မှန်းထားတာထက် နှေးကွေးတာလည်း လျော့သွားလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု IMF အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ Krishna Srinivasan က ရေးသားထားသည်။
အိန္ဒိယသည် “ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားလာသော အဓိကစီးပွားရေး”ဟု IMF က ဆိုသည်။ အများပြည်သူတို့၏ ရင်းနှီးမြှုပ်နှံမှုသည် အရေးကြီးသော တွန်းအားတစ်ခုအဖြစ် ဆက်ရှိနေသည်ဟု IMF က ဆိုသည်။
လက်ရှိတွင် အိန္ဒိယသည် GDP ကန်ဒေါ်လာ ၃.၇ ထရီလီယံဖြင့် ကမ္ဘာ့ပဉ္စမအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် ကမ္ဘာ့တတိယအကြီးဆုံးစီးပွားရေးဖြစ်လာရန် ရည်မှန်းထားသည်။
Comments
Post a Comment