IMF အာရှတိုးတက်မှုခန့်မှန်းချက် မြှင့်တင်

 နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund IMF သည် အာရှတိုးတက်မှုခန့်မှန်းချက်ကို အင်္ဂါနေ့တွင် မြှင့်တင်ခဲ့သည်။ အိန္ဒိယနိုင်ငံ၏ တိုးတက်မှုအပေါ် အကောင်းမြင်ထားသည်။ 


အာရှ စီးပွားရေး ယခုနှစ်တွင် ၄.၅% တိုးလာမည်ဟု IMF က ခန့်မှန်းထားပြီး ယခင်ခြောက်လက ခနိ့မှန်းချက်ကို ၀.၃% ပိုတိုးထားသည်။ ၂၀၂၅ အတွက် ခန့်မှန်းချက် ၄.၃% ကို မပြောင်းလဲပါ။


“၂၀၂၄ ခုနှစ်မှာ အာရှနဲ့ ပစိဖိတ်ဒေသအတွက် အလားအလာ တောက်ပလာပါပြီ၊ ငွေကြေးဖောင်းပွမှု ဖိအားတွေ ဆက်ပြီး လျော့ကျနေတာကြောင့် ဒေသတွင်းရဲ့ စီးပွားရေးဟာ အရင်က ခန့်မှန်းထားတာထက် နှေးကွေးတာလည်း လျော့သွားလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု IMF အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ Krishna Srinivasan က ရေးသားထားသည်။

အိန္ဒိယသည် “ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားလာသော အဓိကစီးပွားရေး”ဟု IMF က ဆိုသည်။ အများပြည်သူတို့၏  ရင်းနှီးမြှုပ်နှံမှုသည် အရေးကြီးသော တွန်းအားတစ်ခုအဖြစ် ဆက်ရှိနေသည်ဟု IMF က ဆိုသည်။


လက်ရှိတွင် အိန္ဒိယသည် GDP ကန်ဒေါ်လာ ၃.၇ ထရီလီယံဖြင့် ကမ္ဘာ့ပဉ္စမအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် ကမ္ဘာ့တတိယအကြီးဆုံးစီးပွားရေးဖြစ်လာရန် ရည်မှန်းထားသည်။


Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး