ဖိလစ်ပိုင်ကာစီနိုကဏ္ဍ ဒေါ်လာ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ရည်မှန်းထား

 လာမည့်ငါးနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ ကာစီနိုကဏ္ဍတွင် ပြည်ပနှင့် ပြည်တွင်း ကုမ္ပဏီများက ကန်ဒေါ်လာ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ရည်မှန်းထားသည်။


ပြိုင်ဆိုင်မှုများ တိုးလာသည်နှင့်အမျှ အာရှ၏ ထိပ်တန်း ကာစီနိုနေရာများကြားတွင် ဖိလစ်ပိုင်ကာစီနိုကဏ္ဍ၏ အဆင့်အတန်းကို မြှင့်တင်ပေးမည် ဖြစ်သည်။ 


မနီလာမြို့တော်၏မြောက်ဘက်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းဟောင်း Clark နှင့် နိုင်ငံ၏အလယ်ပိုင်းဒေသရှိ Cebu ကဲ့သိုသော မနီလာမြို့အပြင်ဘက်ရှိ ဧရိယာများတွင် ကာစီနိုအပန်းဖြေစခန်းအသစ် နှစ်နှစ်လျှင် အနည်းဆုံးတစ်ခု ဖွင့်လှစ်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်အပန်းဖြေနှင့် ဂိမ်းကော်ပိုရေးရှင်းဥက္ကဋ္ဌ Alejandro Tengco က ပြောကြားခဲ့သည်။


"ကာစီနို လောင်းကစားရုံ အသစ်များ ဖွင့်လှစ်ခြင်းနှင့် အီလက်ထရွန်းနစ်ဂိမ်းကဏ္ဍ တိုးချဲ့ခြင်းတိုကြောင့် ကျွန်တော်တို အဆက်မပြတ် ကြီးထွားပါလိမ့်မယ်*ဟု Tengco က ပြောကြားသည်။


ဖိလစ်ပိုင်သည် မျှော်မှန်းထားသည်ထက် တစ်နှစ်စောပြီး ၂၀၂၇ ခုနှစ်တွင် ဂိမ်းကစားခြင်း အကြမ်းဝင်ငွေ gross gaming revenue  (GGR) တွင် ပီဆို ၄၅၀ ဘီလီယံမှ ၅၀၀ ဘီလီယံ (ကန်ဒေါ်လာ ၈-၉ ဘီလီယံ) အထိ ရောက်ရှိနိုင်သည်ဟု Tengco မှ ပြောကြားသည်။

GGR သည် ကစားသမားများ၏ လောင်းကြေးငွေပမာဏ စုစုပေါင်းမှ အနိုင်ရသည့် ကစားသမားများကို ‌ဒိုင်လျော်ရသည့် ပမာဏ နုတ်ပယ်ပြီးနောက် ကျန်ရှိသည့် ဝင်ငွေကို ဆိုလိုသည်။

၂၀၂၃ ခုနှစ်တွင် ဖိလစ်ပိုင်သည် GGR စုစုပေါင်း ပီဆို ၂၈၅ ဘီလီယံ ရရှိခဲ့သည်။


ဖိလစ်ပိုင်သို တရုတ်မှ လက်ကြီးလောင်းကစားသမားများ အလာနည်းနေစဉ် ဂျပန်၊ တောင်ကိုရီးယားနှင့် စင်ကာပူတိုမှ လောင်းကစားသမားများ၊ ပြည်တွင်းမှ လောင်ကစားသမားများ လာရောက်ကြသဖြင့် ဝင်ငွေလျော့ကျခြင်း မရှိပေ။ 

သိုဖြစ်ရာ ကာစီနို အော်ပရေတာများ ဖြစ်ကြသည့်

•  ကာစီနိုနှင့် အပန်းဖြေစခန်းလုပ်ငန်း Bloomberry Resorts 

•  ဂျပန်လုပ်ငန်း Universal Entertainment

•  ဖိလစ်ပိုင် လုပ်ငန်းစုကြီး SM Investments ၏ လက်အောက်ခံ လုပ်ငန်း

•  Alliance Global Group

တို ယမန်နှစ်က ဝင်ငွေ ကောင်းခဲ့ကြသည်ဟု Tengco က ပြောကြားသည်။


 အာရှ ကာစီနိုကဏ္ဍတွင် ဖိလစ်ပိုင်သည် စင်ကာပူနှင့် မလေးရှားတိုကိုယှဉ်ပြိုင်နေရသည်။ ဂျပန်သည် ကာစီနိုလုပ်ငန်းကဏ္ဍကို အစိုးရက ခွင့်ပြုလိုက်ပြီ ဖြစ်သဖြင့် ပြိုင်ဘက်အသစ် ဖြစ်လာမည်။

ထိုင်းနိုင်ငံသည် ကာစီနို တရားဝင် ခွင့်ပြုရန် စီစဉ်နေသည်။

Source Reuters

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်