မြန်မာထုတ်လုပ်မှု PMI® ထုတ်လုပ်မှု အခြေအနေများ ၈ လအတွင်း မေလမှာ ပထမဆုံးအကြိမ်အဖြစ် တိုးတက်လာ

 ၂၀၂၄ ခုနှစ် ဇွန်လ ၃ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI®  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။


S&P Global မြန်မာ ထုတ်လုပ်မှု PMI®

ထုတ်လုပ်မှု အခြေအနေများသည် ရှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် တိုးတက်လာသည်


အဓိက တွေ့ရှိချက်များ


  • အမှာစာအသစ်များနှင့် ထုတ်လုပ်ရေးတွင် ပိုမိုအားကောင်းသော တိုးချဲ့မှုများ
  • ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားများသည် ရှစ်လအတွင်း အမြင့်ဆုံးဖြစ်သည်အထိ တိုးလာ
  • အလုပ်ခန့်အပ်မှုတွင် ကျဆင်းမှု သက်သာလာသော်လည်း သိသာနေဆဲဖြစ်



ယခင်စစ်တမ်းကောက်ယူသည့် ကာလတွင် ကျယ်ကျယ်ပြန့်ပြန့် တည်ငြိမ်ခဲ့ပြီးနောက် မြန်မာနိုင်ငံအတွက် ရာသီအလိုက် ချိန်ညှိထားသော PMI® သည် မေလတွင် အလယ်မှတ်ဖြစ်သော ၅၀.၀ အထက်တွင် ရှိခဲ့ကာ ခုနစ်လဆက်တိုက် အဆက်မပြတ် ယိုယွင်းမှုများနောက်ပိုင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများတွင် တိုးတက်မှုရှိသောလဖြစ်ကြောင်း ပြသနေသည်။ 

ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေ ကောင်းမွန်မှုတွင် ယေဘုယျအားဖြင့် တိုးတက်မှုမှာ အကြီးမားဆုံး PMI အစိတ်အပိုင်း နှစ်ခုဖြစ်သော အမှာစာအသစ်များနှင့် ထုတ်လုပ်ရေးတို့တွင် ထိန်းထားနိုင်ခဲ့ခြင်းနှင့် ပိုမိုသိသာစွာ တိုးလာခြင်းများကြောင့် အဓိကဖြစ်သည်။


ဝယ်လိုအား တိုးတက်မှုနှင့်အတူ ရှိနေခဲ့သည်မှာ ဝယ်ယူမှု ကုန်ကျစရိတ်နှင့် ထုတ်လုပ်မှု အဖိုးအခ နှစ်ရပ်စလုံး ရှစ်လအတွင်း အားအကောင်းဆုံး နှုန်းများဖြင့် မြင့်တက်ခြင်းနှင့်အတူ ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားများ ပိုမိုပြင်းထန်ခဲ့ခြင်းဖြစ်သည်။


ထုတ်လုပ်မှုစွမ်းဆောင်ရည်၏ ပေါင်းစပ်ထားသော တစ်ခုတည်းသော အညွှန်းကိန်း - ခေါင်းစီး S&P Global မြန်မာ ထုတ်လုပ်မှု PMI - သည် အလယ်မှတ် ၅၀.ဝ စံနှုန်း အထက်သို့ ပြန်လည် ရောက်ရှိခဲ့ပြီး မေလတွင် လျော့ကျခြင်းမှ တိုးတက်ခြင်း ဖြစ်လာသဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းတွင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၌ တိုးတက်မှု ရရှိသော ပထမဆုံးလ ဖြစ်စေခဲ့သည်။ ဧပြီလတွင် ၄၉.၉ ရှိရာမှ မြင့်တက်လာသော ၅၂.၁ တွင် မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေ ကောင်းမွန်မူသည် ကိုးလအတွင်း အား အကောင်းဆုံးနှုန်းဖြင့် တိုးတက်မှုရရှိခဲ့သည်။


အမှာစာအသစ် ပမာဏသည် မေလတွင် နှစ်လဆက်တိုက်အဖြစ် တိုးတက်ခဲ့ပြီး ကုန်ထုတ်လုပ်သူများသည် ၂၀၂၃ ခုနှစ် ဩဂုတ်လနောက်ပိုင်းတွင် အားအကောင်းဆုံးဖြစ်သော သိသာထင်ရှားသည့် တိုးတက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဝယ်လိုအား တိုးလာခြင်းက နဂို ရှိထားသော အလုပ်အပ်နှံသူများနှင့် လုပ်ဆောင်မှု ပိုများလာခြင်းကို ပြသခဲ့သည်။ ထုတ်လုပ်မှုသည် အလားတူဖြစ်ခဲ့ပြီး မေလတွင်တွေ့ခဲ့ရသော တိုးတက်မှုနှုန်းသည် ဒုတိယသုံးလပတ် စတင် ချိန်တွင် မှတ်တမ်းဝင်ခဲ့သောနှုန်းထက် အရှိန်မြင့်လာခဲ့သည်။


အမှာစာအသစ်များ ပိုမိုအားကောင်းစွာ ဦးမော့လာမှုက ထည့်ကုန်ဝယ်ယူရေး လုပ်ဆောင်မှုတွင် ၇ လအတွင်း အားအနည်းဆုံးနှုန်းဖြင့် လျော့ကျခဲ့သည့် ဆက်လက်ကျဆင်းနေမှုကို သက်သာစေရန် တစ်စိတ်တစ်ပိုင်း အထောက်အကူ ဖြစ်စေခဲ့သော်လည်း လျော့ကျမှုမှာ အလုံးစုံအားဖြင့် ခိုင်မာ နေဆဲဖြစ်ခဲ့သည်။ ကုန်ကြမ်းပစ္စည်း ရှားပါးမှုများနှင့် လက်ကျန်ပစ္စည်းများအပေါ် မှီခိုမှု မြင့်တက်လာခြင်းတို့က လုပ်ငန်းများ အများအပြားတို့အား ဝယ်ယူရေးလုပ်ဆောင်မှု တိုးမြှင့်ခြင်းကို အားလျော့စေခဲ့သည်။


သို့ဖြစ်၍ ထုတ်လုပ်သူများသည် လက်ကျန်ပစ္စည်းများမှ တိုက်ရိုက်ရောင်းချခြင်းကို အားပြုလာခဲ့ကြပြီး ထုတ်လုပ်ပြီးစီးသော လက်ကျန်ကုန်ပစ္စည်းများသည် ဆယ်လအတွင်း အားအကောင်း ဆုံးနှုန်းဖြင့် လျော့နည်းသွားခဲ့သည်။ 

ထုတ်လုပ်မှုအကြို လက်ကျန်ပစ္စည်းများသည်လည်း ၆ လအတွင်း အားအနည်းဆုံးနှုန်းဖြင့် သိသာစွာ လျော့နည်းခဲ့သည့်တိုင် ဝယ်ယူရေးလုပ်ဆောင်မှု ပိုမို အေးစက်စွာ ဦးစိုက်ခြင်းကို တစ်စိတ်တစ်ပိုင်း ထင်ဟပ်ခဲ့သည်။


အလုပ်ခန့်အပ်မှုပိုင်းတွင် နောက်ဆုံးစစ်တမ်းကောက်ယူခဲ့သည့် အချိန်အတွင်း လုပ်သား အင်အားစု အရေအတွက် သိသိသာသာ ကျဆင်းမှု မှတ်တမ်းဝင်ခဲ့သည်။ ဦးစိုက်မှုသည် မြန်မာနိုင်ငံတဝှမ်းမှ ကုန်ထုတ်လုပ်သူများ ရင်ဆိုင်ခဲ့ရသော စိန်ခေါ်မှုများကို မြင်သာစေခဲ့ကာ အလုပ်ထွက်သူများ များစွာရှိခြင်းကြောင့် အလုပ်ခန့်အပ်ထားသည့်  အရေအတွက်ကို ထိန်းသိမ်းထားရန် ရုန်းကန်ရသူများ များပြားခဲ့သည်။


အလုပ်ခန့်အပ်မှု လျော့ကျခြင်းနှင့်အတူ ထုတ်လုပ်မှုပိုင်းတွင် အားကောင်းပြီး ပိုမိုလျင်မြန်သော တိုးတက်မှုရှိခြင်းက လုပ်ဆောင်နိုင်စွမ်းအပေါ်  ဖိအားများ ဆက်လက်ပြင်းထန်နေစေသည်။ ထို့အပြင် ဆက်လက်ဖြစ်ပွားနေဆဲ ကုန်ပစ္စည်း ပြတ်လပ်မှုများ နှင့် ဓာတ်အားပြတ်တောက်မှုများက ကုမ္ပဏီများကို လက်ဝယ်ရှိသော လုပ်ဆောင်ဖွယ်ရာများကို ပြီးစီးအောင်လုပ်ရန် နှောင့်နှေးစေခဲ့သည်။ ရလဒ်အနေဖြင့် မပြီးပြတ်သည့် လက်ကျန်အလုပ်များ များပြားစွာ ရှိနေခဲ့ပြီး ၆လအတွင်း အားအကောင်းဆုံးနှုန်းဖြင့် ဖြစ်ခဲ့သည်။


ဈေးနှုန်းဖိအားများသည်လည်း မေလတွင် ပိုမိုပြင်းထန်ခဲ့ပြီး ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများ နှင့် ထုတ်လုပ်ရေး စရိတ် နှစ်မျိုးစလုံးသည် ၈လအတွင်း အလျင်မြန်ဆုံးနှုန်းဖြင့် မြင့်တက်ခဲ့ သည်။ အဖွဲ့ဝင်များသည် ကုန်ပစ္စည်းနှင့် သယ်ယူပို့ဆောင်ရေးအတွက် စရိတ်ပိုမိုမြင့်မားလာခြင်းကြောင့် ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများ မြင့်တက်မှုကိုသာမက ကျပ်ငွေနှင့် ကန်ဒေါ်လာ လဲလှယ်မှုနှုန်း မကောင်းမွန်ခြင်းကို အပြစ်တင်ခဲ့ကြသည်။ ရလဒ်အနေဖြင့် လုပ်ငန်းများသည် ၎င်းတို့၏ အဖိုးအခများကို သိသာစွာ တိုးမြှင့်ခဲ့ကြသည်။


မျှော်ကြည့်မည်ဆိုလျှင် ထုတ်လုပ်သူများအကြား အကောင်းမြင်စိတ် အဆင့်သည် ဧပြီလတွင် တွေ့ခဲ့ရသည့်အတိုင်း မပြောင်းလဲဘဲဖြစ်ကာ ဈေးကွက်မရေရာမှု အဆင့်များ မြင့်မားခြင်းက အလုံးစုံ အကောင်းမြင်စိတ်အပေါ် ဖိအားဖြစ်စေခဲ့သောကြောင့် သမိုင်းကြောင်းအရကြည့်လျှင် အကောင်းမြင်စိတ် အဆင့်သည်ဆက်လက်နိမ့်ကျနေဆဲ ဖြစ်ခဲ့သည်။


သုံးသပ်ချက်


နောက်ဆုံးရ စစ်တမ်းရလဒ်များအပေါ်  S&P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluch ပြောကြားသွားသည်မှာ -


"နောက်ဆုံးစစ်တမ်း ကောက်ယူခဲ့တဲ့ ကာလအတွင်းမှာ စက်ရုံအမှာစာ အသစ်တွေနဲ့ ထုတ်လုပ်ရေး ပိုမိုလျင်မြန်စွာ တိုးတက်မှုတွေ မှတ်တမ်းဝင်ခဲ့ပြီး ရှစ်လ အတွင်း ပထမဆုံး အကြိမ်အဖြစ် ခေါင်းစီး PMI အညွှန်းကို တိုးတက်တဲ့အပိုင်းမှာ မြင်ခဲ့ရပါတယ်။  ဒါပေမဲ့လည်း ဝယ်ဈေးမြင့်တက်မှုနဲ့ ဝယ်ယူမှုတွေအတွက် ပို့ဆောင်ချိန် ကြာရှည်မှုတို့က ထုတ်လုပ်မှုအပေါ် ဖိအားတွေရှိနေပြီး ပစ္စည်းပေးသွင်းရေးပိုင်း က စိန်ခေါ်မှုတွေက ကဏ္ဍတဝှမ်းမှာ တိုးတက်မှုကို ဆက်လက်ပြီး အကန့်အသတ် ဖြစ်စေပါတယ်။ မျှော်ကြည့်မယ်ဆိုရင် နိုင်ငံတဝှမ်းမှာ မရေရာမှုက ကြီးစိုးနေပြီး လက်နက်ကိုင် ပဋိပက္ခနဲ့ နိုင်ငံရေး မရေရာမှုအပေါ် ကြောက်ရွံ့မှုတွေက ယုံကြည် စိတ်ချမှုအပေါ် ဖိအားပေးနေပါတယ်။ သို့သော်လည်း လုပ်ငန်းအချို့ကတော့ လာမယ့် ၁၂ လအတွင်းမှာ ထုတ်လုပ်ရေး တိုးတက်လာဖို့ မျှော်မှန်းကြပါတယ်။"


.

.

.

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်