၂၀၂၃ ခုနှစ် ဧပြီလနောက်ပိုင်း အာဆီယံ ထုတ်လုပ်မှုအခြေအနေများ အားအကောင်းဆုံး တိုးတက်မှု ရရှိလာ

 ၂၀၂၄ ဇွန်လ ၄ ရက်တွင် ထုတ်ပြန်သည့် S&P Global အာဆီယံ ထုတ်လုပ်မှု PMI® သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။

S&P Global အာဆီယံ ထုတ်လုပ်မှု PMI®


၂၀၂၃ ခုနှစ် ဧပြီလနောက်ပိုင်းတွင် အာဆီယံ ထုတ်လုပ်မှုအခြေအနေများ အားအကောင်းဆုံး တိုးတက်မှု ရလာခြင်း


အဓိကတွေ့ ရှိချက်များ


•၂၀၂၃ ခုနှစ် ဧပြီလနောက်ပိုင်းတွင် ခေါင်းစီး PMI ၅၁.၇ ဖြင့် အမြင့်ဆုံးဖြစ်ခဲ့

• ထုတ်လုပ်ရေးနှင့် အမှာစာအသစ်များသည် ၁၃ လအတွင်း အားအကောင်းဆုံးနှုန်းဖြင့် မြင့်တက်လာ

• ဈေးနှုန်းဖိအားများ ပိုများလာ


ဒေတာကို မေလ ၁၀-၂၄ ရက်အတွင်း စုဆောင်းခဲ့သည်


S&P Global မေလ PMI® ဒေတာအရ အာဆီယံ ထုတ်လုပ်ရေးကဏ္ဍတဝန်းတွင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ခိုင်ခိုင်မာမာ တိုးတက်မှုရလာခဲ့သည်။

ထုတ်လုပ်ရေးနှင့် အမှာစာအသစ်များ ရရှိမှု နှစ်မျိုးစလုံးတွင် ပိုမိုလျင်မြန်သော တိုးတက်မှုများ မှတ်တမ်းတင်ခဲ့သည်။ 

ထုတ်လုပ်ရေး လိုအပ်ချက်များရှိ တိုးတက်မှုသည် ထည့်ကုန်ဝယ်ယူရေး လုပ်ဆောင်မှုတွင် ပိုမိုအားကောင်းသော တိုးတက်မှုအတွက် အထောက်အပံ့ဖြစ်စေခဲ့ပြီး ယင်းအတွက်ကြောင့် ထုတ်လုပ်မှုအကြို လက်ဝယ်ရှိပစ္စည်းများ ပိုမိုများပြားစွာ စုဆောင်းမှု ဖြစ်စေခဲ့သည်။

သို့ရာတွင် နောက်ခံဝယ်လိုအား အလားအလာများကို ပိုမိုကောင်းမွန်စေခြင်းကလည်း လွန်ခဲ့သောသုံးလအတွင်း အမြင့်ဆုံးဖြစ်သော ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားပြင်းထန်မှုကို ဖြစ်စေခဲ့သည်။


ခေါင်းစီး S&P Global အာဆီယံ ထုတ်လုပ်ရေး ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း Purchasing Managers' Index (PMI)သည် ၅၁.၀ ရှိခဲ့ရာမှ မေလတွင် ၂၃လအတွင်း အမြင့်ဆုံးဖြစ်သော ၅၁.၇ အထိ မြင့်တက်မှုကို ဖော်ပြခဲ့ပြီး အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေ ကောင်းမွန်မှုကို ထိန်းထားနိုင်ကာ ပိုမိုအားကောင်းသော တိုးတက်မှု ရရှိသည်ကို ပြသခဲ့သည်။


မေလတွင် စက်ရုံအမှာစာအသစ်များ ပိုမိုလျင်မြန်စွာ မြင့်တက်မှု မှတ်တမ်းတင်ခဲ့သည်။ တိုးပွားမှုနှုန်းသည် ၁၃ လအတွင်း အမြန်ဆုံး ဖြစ်ခဲ့သည်။ ပြည်တွင်းဝယ်လိုအားကြောင့် ဦးမော့မှုထပ်မံ ဖြစ်ပေါ်ခဲ့သည်။ 

သို့ရာတွင် နောက်ဆုံးစစ်တမ်းကာလရှိ ပို့ကုန်ရောင်းချမှု အသစ်အပိုင်း၌ မှတ်သားဖွယ်ရာ ပိုမိုအားနည်းသော လျော့ကျမှုတစ်ခုကိုလည်း မြင်တွေ့ခဲ့ရသည်။


အာဆီယံတဝန်းမှ ထုတ်လုပ်သူများသည် ၎င်းတို့၏ ထုတ်လုပ်မှုပမာဏများကို ထပ်မံ၍ တိုးမြှင့်ခဲ့ကြသည်။ တကယ်တမ်းတွင် ထုတ်လုပ်ရေးကို အားကောင်းသောနှုန်း တစ်ခုဖြင့် မြှင့်တင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီလနောက်ပိုင်းတွင် သိသာထင်ရှားမှု အရှိဆုံး ဖြစ်ခဲ့သည်။


ထည့်ကုန်ဝယ်ယူရေးသည် မေလအတွင်း သိသာသောနှုန်းဖြင့် မြင့်တက်ခဲ့သည်။

 ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် လက်ရှိဆက်လက်တိုးချဲ့မှု စတင်ခဲ့ပြီးနောက်ပိုင်း ဦးမော့မှုသည် ဒုတိယ အားအကောင်းဆုံး ဖြစ်ခဲ့ကာ ဧပြီလတွင် တိုးတက်မှု ကျယ်ပြန့်စွာ တန့်နေခဲ့ပြီးနောက်ပိုင်း ထုတ်လုပ်မှုအကြို လက်ဝယ်ရှိပစ္စည်းများတွင် အားကောင်းသော မြင့်တက်မှုတစ်ခုကို ပိုမိုခိုင်မာစေခဲ့သည်။


ထုတ်လုပ်ပြီး ကုန်ချောပစ္စည်းများ သိုမှီးထားမှုများသည် ထပ်မံ၍ လျော့ပါးခဲ့သည်။ ဦးစိုက်မှုသည် အရှိန်ရလာခဲ့ပြီး ယခုနှစ် စတင်ချိန်မှ လက်ရှိအချိန်အထိတွင် အားအကောင်းဆုံး ဖြစ်ခဲ့ကာ ထုတ်လုပ်သူအချို့သည် ထုတ်လုပ်ရေး လိုအပ်ချက်များ ပြည့်မီစေရန်အတွက် ၎င်းတို့၏ သိုမှီးထားမှုများမှ တိုက်ရိုက်ရောင်းချသည့် နည်းလမ်းကို ရွေးချယ်ခဲ့ကြသည်။


ဈေးနှုန်းပိုင်းကို ကြည့်လျှင် ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများနှင့် ထုတ်လုပ်မှု အဖိုးအခများသည် ဖေဖော်ဝါရီလ နောက်ပိုင်းတွင် အားအကောင်းဆုံး နှုန်းများဖြင့် မြင့်တက်ခဲ့သည်။


အလုပ်ခန့်အပ်မှုသည် မေလတွင် နှစ်လဆက်တိုက်အဖြစ် ကျဆင်းခဲ့သည်။ ဦးစိုက်မှုသည် ဧပြီလနောက်ပိုင်းတွင် အနည်းငယ် အသင့်အတင့်ဖြစ်ခဲ့ပြီး ခြုံကြည့်လျှင် မဆိုစလောက်မျှသာ ဖြစ်ခဲ့သည်။ တစ်ချိန်တည်းတွင် မပြီးပြတ်သေးသည့် လက်ကျန်အလုပ်များသည် သုံးလဆက်တိုက် မြင့်တက်ခဲ့ နောက်ဆုံးဖြစ်သော ဦးမော့မှုသည် တစ်နှစ်အတွင်း အသိသာထင်ရှားဆုံး ဖြစ်ခဲ့သည်။ 

သို့ဖြစ်ရာ လုပ်ဆောင်နိုင်စွမ်း တိုးဖို့အတွက် ဖိအားများ မြင့်တက်ခဲ့ပြီး အထူးသဖြင့် အလုပ်ခန့်အပ်မှုက အင်အားလျော့ကျဆဲ အနေအထားတွင် ဆက်ရှိနေသောကြောင့် အာဆီယံ ထုတ်လုပ်သူများသည် ၎င်းတို့၏ တိုးပွားလာနေသော အလုပ်ပမာဏများကို နိုင်နိုင်နင်းနင်း လုပ်ကိုင်နိုင်စွမ်း ရရှိဖို့အတွက် ကြိုးပမ်းရုန်းကန်နေရသည်။


ရှေ့သို့ မျှော်ကြည့်လျှင် အာဆီယံ ထုတ်လုပ်ရေး ကုမ္ပဏီများသည် လာမည့်နှစ်တွင် ထုတ်လုပ်ရေး ပိုမိုမြင့်မားစေရန်အတွက် ၎င်းတို့၏ ယေဘုယျ အလားအလာများနှင့် ပတ်သက်၍ အကောင်းမြင်နေကြဆဲပင် ဖြစ်သည်။ ဧပြီလတွင် ကိုးလအတွင်း အနိမ့်ဆုံးအဆင့်သို့ ပြုတ်ကျခဲ့ပြီးနောက် ယုံကြည်စိတ်ချမှု အဆင့်များသည် ပြန်လည် အားကောင်းခိုင်မာလာခဲ့သည်။


သုံးသပ်ချက်

အာဆီယံ ထုတ်လုပ်ရေး PMI ဒေတာနှင့်ပတ်သက် S&P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluch ပြောကြားသွားသည်မှာ -



“အာဆီယံ ထုတ်လုပ်ရေးကဏ္ဍဟာ ဒုတိယသုံးလပတ် အလယ်ပိုင်းလောက်မှာ အားကောင်းတဲ့ တိုးတက်မှုတွေရှိကြောင်း ပြသခဲ့ပါတယ်။ အမှာစာအသစ်များ ခိုင်ခိုင်မာမာနဲ့ ပိုမိုလျင်မြန်စွာ တိုးတက်လာခြင်းက ဝယ်လိုအား အခြေအနေတွေ ပိုမိုကောင်းမွန်လာတာကို ညွှန်ပြခဲ့ပြီး အဲဒါကြောင့် ထုတ်လုပ်ရေး၊ ထည့်ကုန်ဝယ်ယူရေး လုပ်ဆောင်မှုနဲ့ ထုတ်လုပ်မှုအကြို လက်ဝယ်ရှိပစ္စည်းများမှာ ပိုမိုအားကောင်းတဲ့ တိုးတက်မှုအနည်းငယ် ရှိစေဖို့ အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့လည်း လုပ်ငန်းတွေဟာ အလုပ်ခန့်အပ်မှုမှာ အနည်းငယ် ကျဆင်းခြင်းကို နှစ်လဆက်တိုက်အဖြစ် မှတ်တမ်းတင်ခဲ့ကြပါတယ်။ ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားတွေကလည်း မေလမှာ တိုးလာခဲ့ပေမဲ့ သမိုင်းကြောင်းအရဆိုရင် လျော့နည်းနေဆဲဖြစ်တာကြောင့် အရေးတကြီး စိုးရိမ်ရမယ့် အကြောင်းတစ်ခု တော့ မဟုတ်ပါဘူး။"


.

.

.


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်