ဗီယက်နမ်မှ Body Shop အမြတ်ကျဆင်းလာရာမှ အရှုံးပြ

ဗြိတိန်အခြေစိုက် အလှကုန်လုပ်ငန်း Body Shop သည် ကျင့်ဝတ်ဆိုင်ရာ လုပ်ငန်းအလေ့အထများကို လိုက်နာစောင်းထိန်းရန် ကတိကဝတ်ပြုထားသည်။

တိရစ္ဆာန်များအပေါ်  ရက်စက်မှုကင်းပြီး ပတ်ဝန်းကျင်နှင့် ရေရှည်တည်တံ့သော ထုတ်ကုန်များ ထုတ်လုပ်ခြင်းအပေါ် အာရုံစိုက်ခြင်းကြောင့် တစ်ကမ္ဘာလုံးတွင် လူသိများလာခဲ့သည်။  

သဘာဝ ပါဝင်ပစ္စည်းများကို ကျင့်ဝတ်များနှင့်အညီ ရယူသည်။ တိရစ္ဆာန်အခွင့်အရေး၊ တရားမျှတသော ကုန်သွယ်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို ရှေ့တန်းတင်ထားသည်။

ပြိုင်ဆိုင်မှုများအကြား အရေးနိမ့်လာခြင်းနှင့် ငွေကြေး အကျပ်အတည်းတို့သည် ကုမ္ပဏီအတွက် ကြီးမားသော အခက်အခဲများ ဖြစ်လာသည်။


UK တွင် တည်ထောင်ခဲ့သည့် နှစ်ပေါင်း ၅၀ သက်တမ်းရှိ အမှတ်တံဆိပ် The Body Shop သည် ယူကေနှင့် ကနေဒါတို့တွင် ၎င်း၏ လုပ်ငန်းကဏ္ဍကို လျှော့ချလျက် ရှိသည်။

အမေရိကန်တွင် လုပ်ငန်း ပိတ်သိမ်းခဲ့ရသည်။ ယူကေနှင့် ကနေဒါတို့တွင် ဆိုင်ခွဲအတော်များများ ပိတ်သိမ်းခဲ့သည်။ ယူကေတွင် ၁၉၈ ဆိုင် ရှိသည့်အနက် ထက်ဝက်ကျော်ကို ပိတ်သိမ်းခဲ့သည်။ 

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် The Body Shop ကို လက်ရှိပိုင်ရှင်က တတိယ‌မြောက်ပိုင်ရှင်ထံ တန်ဖိုးဒေါ်လာ သန်း ၂၆၀ ဖြင့် ရောင်းချခဲ့သည်။

အနောက်နိုင်ငံအချို့တွင် Body Shop ဆိုင်များ ပိတ်သိမ်းခြင်းကြောင့် Body Shop Vietnam ထိခိုက်မှု ရှိမည်မဟုတ်ကြောင်း  InNature Berhad က ပြောကြားသည်။ 

ဗီယက်နမ်မှ လုပ်ငန်းကဏ္ဍကို ဦးစီးသည့် The Body Shop Vietnam ကို မလေးရှား ကုမ္ပဏီ InNature Berhad က ပိုင်ဆိုင်သည်။ InNature Berhad သည် ဗီယက်နမ်၊ မလေးရှားနှင့် ကမ္ဘောဒီးယားတို့တွင်လည်း Body Shop ဆိုင်များ ဖွင့်လှစ်ထားသည်။ 

ဗီယက်နမ်တွင်လည်း Body Shop သည် တနှစ်ထက်တနှစ် အမြတ်လျော့ကျနေသည်မှာ ၃ နှစ်ဆက်တိုက် ရှိပြီဖြစ်သည်။

ဗီယက်နမ်နိုင်ငံတွင် ဟိုချီမင်းစီးတီးမှာ ပထမဆုံး The Body Shop ဆိုင်ကို ၂၀၀၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ၁၅ နှစ်ကြာပြီးနောက် ယခုအခါ တစ်နိုင်ငံလုံးတွင် ဆိုင်ခွဲပေါင်း ၄၁ ဆိုင်ရှိသည်။


Covid-19 မတိုင်မီ ၂၀၁၈ တွင်  ဝင်ငွေ ဒေါင် ၁၁၂ ဘီလီယံ ရရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ဒေါင် ၁၆၂ ဘီလီယံအထိ တိုးလာခဲ့သည်။ The Body Shop Vietnam ဝင်ငွေသည် InNature Berhad ဝင်ငွေ၏ ၂၀% ရှိခဲ့သည်။

ကိုဗစ်လွန်ကာလတွင် Body Shop Vietnam အမြတ် စတင်ကျဆင်းသည်။ ၂၀၂၁ တွင် ဝင်ငွေ ၁၈% ကျဆင်းခဲ့ပြီး အမြတ် သုံးပုံနှစ်ပုံ လျော့ကျခဲ့သည်။

၂၀၂၂ တွင် ဝင်ငွေ ၁၂% တိုးသော်လည်း အမြတ် ဆက်လက်ကျဆင်းခဲ့သည်။

၂၀၂၃ တွင် ဗီယက်နမ်မှာ အရှုံးပေါ်သည်။ မလေးရှားနှင့် ကမ္ဘောဒီးယားဈေးကွက်များသည် အမြတ်အစွန်းများကို ရရှိနေဆဲဖြစ်သည်။



Source vnexpress 


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်