အင်ဒိုနီးရှား သွင်းကုန်မူဝါဒ တင်းကျပ်ခဲ့ပြီးနောက် ပြန်ဖြေလျှော့
အင်ဒိုနီးရှား အစိုးရက ပြည်ပမှ ကုန်ပစ္စည်းများ အလုံးအရင်းဖြင့် တင်သွင်းခြင်းကြောင့် ပြည်တွင်းစက်မှုလုပ်ငန်းများ ထိခိုက်သဖြင့် ကာကွယ်ပေးရန် ရည်ရွယ်ချက်ဖြင့် မတ်လတွင် သွင်းကုန်တင်သွင်းသူများအား ပါမစ်နှင့် ထောက်ခံချက်ရယူရန် လိုအပ်ခြင်းအပါအဝင် ကုန်ပစ္စည်း အမျိုးအမည် ၃,၀၀၀ ကျော်အပေါ် သက်ရောက်သည့် သွင်းကုန်စည်းမျဉ်းများကို တင်းကျပ်လိုက်သည်။
ဧပြီလတွင် လေအေးပေးစက်များ၊ ရေခဲသေတ္တာများနှင့် လက်ပ်တော့များ အပါအဝင် အီလက်ထရွန်နစ် ကုန်ပစ္စည်းများ တင်သွင်းမှုကို ကန့်သတ်ရန် နောက်ထပ် စည်းမျဉ်းများကို ထုတ်ပြန်ကြေညာခဲ့သည်။
ထိုအချိန်မှစ၍ နိုင်ငံ၏အကြီးဆုံး ဆိပ်ကမ်းနှစ်ခုတွင် သွင်းကုန်စည်းမျဉ်းများကြောင့် ကွန်တိန်နာ ၂၆,၀၀၀ ကျော်ကို ထုတ်မရတော့ဘဲ ပိတ်မိနေခဲ့သည်။
၎င်းတို့တွင် သံမဏိ၊ အဝတ်အထည်၊ အီလက်ထရွန်နစ်ပစ္စည်းများနှင့် ဓာတုဗေဒပစ္စည်းများ အပါအဝင် ကုန်ပစ္စည်းအမြောက်အများ ပါဝင်သည်။
ဆိပ်ကမ်းများတွင် စုပုံနေသည့် သွင်းကုန်ပစ္စည်းများကို အမြန်ထုတ်ယူနိုင်စေရန် အီလက်ထရွန်နစ်ပစ္စည်းများ၊ ဖိနပ်များနှင့် အထည်အလိပ်များအတွက် တင်သွင်းမှုဆိုင်ရာ စည်းမျဉ်းများကို ဖြေလျှော့လိုက်ကြောင်း အင်ဒိုနီးရှား စီးပွားရေးဝန်ကြီး Airlangga Hartarto က မေ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
စတီးတင်သွင်းမှုအတွက် ပါမစ်နှင့် ထောက်ခံချက် လိုအပ်နေသေးသော်လည်း လုပ်ငန်းစဉ်ကို အရှိန်မြှင့်ပေးမည်ဟု Mr Airlangga က ပြောကြားသည်။
Source straitstimes
#Indus
triesGuide
Comments
Post a Comment