PUBG MOBILE ၏ ၈ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို နှစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့

 မြန်မာနိုင်ငံရှိ Gaming Community အတွက် ကစားသမားများနှင့် PUBG MOBILE ပရိသတ်များ အတူတကွ ဆုံစည်းနိုင်ရန် ရည်ရွယ်၍ ပြီးခဲ့သည့် မတ်လ ၂၁ ရက်နှင့် ၂၂ ရက်နေ့တို့တွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ Central Boulevard ၌ PUBG MOBILE 8th Anniversary Carnival ကို စိတ်လှုပ်ရှားဖွယ် အစီအစဉ်ပေါင်းများစွာဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ 





ယင်းအခမ်းအနားတွင် မြန်မာနိုင်ငံ၏ နာမည်ကြီး Creator များဖြစ်သော Flash နှင့် DGR Levi အပါအဝင် Streamer များ၊ Creator များနှင့် ပရိသတ်များ အတူတကွ တွေ့ဆုံခွင့်ရရှိခဲ့ပြီး အမှတ်တရ ပျော်ရွှင်ဖွယ် အတွေ့အကြုံများကို ဖန်တီးနိုင်ခဲ့ပါသည်။ ထို့ပြင် Streamer များ၊ Creator များနှင့် အတူ အခမဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်သော King of the Hill အစီအစဉ်၊ အထူး Showmatch များ၊ ပျော်ရွှင်ဖွယ် Mini Game များနှင့် စိတ်ဝင်စားဖွယ် Cosplay Show များအပြင် ဂိမ်းအတွင်း အသုံးပြုနိုင်သော In-game Reward များ ပေးအပ်ခဲ့ပြီး နှစ်ရက်တာကာလအတွင်း စိတ်လှုပ်ရှားဖွယ်ကောင်းစွာ စီစဉ်ကျင်းပပြုလုပ်ခဲ့သည်။


ထို့ပြင် PUBG MOBILE က ၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် Airdrop Installations နှင့် ချိတ်ဆက်ထားသော Lucky Draw အစီအစဉ်များ၊ Voice Pack အသစ်များ၊ မြန်မာရိုးရာသံစဉ်ဖြင့် ဖန်တီးထားသော Lobby Music အသစ်နှင့် Version 4.3 Update ကိုလည်း မိတ်ဆက်ပေးခဲ့ပါသည်။


PUBG MOBILE Myanmar ၏ Country Manager ဖြစ်သူ Aman Kumar က “PUBG MOBILE 8th Anniversary Carnival ကို ယခုလို အင်နဲ့ အားနဲ့ ပါဝင်ဆင်နွှဲခဲ့ကြသူ အားလုံးနဲ့ မိတ်ဖက်လုပ်ငန်းအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။ ယခုလို အခမ်းအနားတွေကနေ တစ်ဆင့် Gaming Community အတွင်း ချိတ်ဆက်မှုတွေကို ပိုမိုခိုင်မာစေပြီး အမှတ်တရ အတွေ့အကြုံတွေကို ဖန်တီးပေးနိုင်ခဲ့တာအတွက်လဲ အလွန်ဝမ်းသာရပါတယ်။ မြန်မာနိုင်ငံရဲ့ Gaming Industry ဟာ အရိုန်အဟုန်နဲ့ ဆက်လက်ဖွံ့ဖြိုးတိုးတက်လာနေတဲ့အတွက် PUBG MOBILE အနေနဲ့လဲ ကစားသမားတွေအတွက် ပိုမိုကောင်းမွန်တဲ့ Experience တွေနဲ့ Community တစ်ခုလုံးကို ထောက်ပံ့ပေးနိုင်မဲ့ အစီအစဉ်ကောင်းတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။







Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ