ဗီယက်နမ် အစိုးရဘဏ်များ ရွှေချောင်းများ အကန့်အသတ်မရှိ လက်လီရောင်းချ

 

ဗီယက်နမ်တွင် ရွှေဈေးမြင့်တက်နေခြင်းကို ထိန်းရန် နိုင်ငံပိုင်ဘဏ် ၄ ခု Agribank, BIDV, VietinBank, Vietcombank တို့သည် တနင်္လာနေ့ (ဇွန် ၃)မွန်းလွဲပိုင်းတွင် ဈေးကွက်ပေါက်နှုန်းထက် ၁.၂ ရာခိုင်နှုန်းနိမ့်သော ဈေးနှုန်းများဖြင့် လက်လီဝယ်ယူသူများထံ ရွှေချောင်းများကို စတင်ရောင်းချခဲ့သည်။



ယခင်တင်ပြချက်

https://t.me/Guid4U/19080



၎င်းဘဏ်များသည် ဗဟိုဘဏ် State Bank of Vietnam (SBV) ထံမှ ရွှေချောင်းကို ၁ တေးလ်လျှင် ဒေါင် ၇၈.၉၈ သန်း (US$3,106.39) ဖြင့် ဝယ်ယူပြီး ဒေါင် သန်း၈၀ အောက် ဈေးနှုန်းဖြင့် လက်လီရောင်းချပေးသည်။

ပြင်ပပေါက်ဈေးမှာ ဒေါင် ၈၁ သန်း ဖြစ်ပါသည်။

၎င်းဘဏ်များကို ဒေါင် ၁ သန်းထက် ကျော်လွန်ပြီး ဈေးတင်မရောင်းရဟု ညွှန်ကြားထားသည်။

လက်လီဝယ်ယူသူ တဦးချင်းကို အကန့်အသတ်မရှိ ရောင်းချခွင့် ရှိသော်လည်း အဖွဲ့အစည်းများ၊ လုပ်ငန်းများကို ရောင်းချခွင့် မပြုပါ။

ဗီယက်နမ်ရွှေဈေးသည် ပြီးခဲ့သည့်အပတ်က ကမ္ဘာ့ရွှေဈေးထက် ၂၃% ပိုများနေခဲ့ရာမှ ယခုအခါ ၁၃% သာ ပိုများ‌တော့သည်အထိ လျော့ကျလာသည်။


ဗီယက်နမ်တွင် စံထားသည့် ရွှေချောင်း ဖြစ်သော SJC ရွှေချောင်းဈေးသည် မေလ ၁၀ ရက်တွင် ဒေါင် ၉၂ သန်း (US$3,619.91)အထိ မြင့်တက်ခဲ့ပြီး ဇွန် ၃ တွင် ဒေါင် ၈၁ သန်းသို့ ကျဆင်းသည်။ 

(၁ တေးလ်=၃၇.၅ဂရမ်=၁.၂အောင်စ)


SJC ရွှေချောင်းအကြောင်း အကျဉ်းချုပ် တင်ပြချက်

https://t.me/Guid4U/19038




Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်