ဗီယက်နမ် ဗဟိုဘဏ် ရွှေလေလံ ရပ်
ဗီယက်နမ်နိုင်ငံ ဗဟိုဘဏ် State Bank of Vietnam သည် ပြည်တွင်း ရွှေဈေးနှုန်းများ ကမ္ဘာ့ရွှေဈေးနှုန်းထက် ၂၃% ဝန်းကျင် မြင့်တက်နေသည်ကို ထိန်းကျောင်းရန် ရွှေချောင်းများ ထုတ်ရောင်းပေးနေခြင်းကို အစောဆုံးအနေဖြင့် ဇွန်လ ၃ ရက်မှစ၍ ရပ်တော့မည်ဖြစ်ကြောင်း VnExpress International မီဒီယာက သတင်းဖော်ပြသည်။
ရွှေဈေးနှုန်း မြင့်တက်နေသည်ကို ထိန်းကျောင်းရန် မဟာဗျူဟာ အသစ်တမျိုး ကျင့်သုံးမည် ဖြစ်သည်။
ဗဟိုဘဏ် SVB က သတ်မှတ်ထားသော လုပ်ငန်းများကို ဖိတ်ခေါ်ပြီး လေလံတင်ခဲ့သည်။ ဧပြီလ ၁၉ ရက်မှစပြီး SBV သည် ရွှေချောင်းများကို ဈေးကွက်သို့ ရောင်းချရန် လေလံကိုးကြိမ် ပြုလုပ်ခဲ့ရာ ၆ ကြိမ် အောင်မြင်ခဲ့သည်။ ကျန် ၃ ကြိမ်တွင် လေလံဆွဲသူ ဦးရေ မပြည့်သဖြင့် လေလံပွဲ ရုပ်သိမ်းခဲ့ရသည်။
ယခင်တင်ပြချက်
SJC အမှတ်တံဆိပ် ရွှေချောင်းများ စုစုပေါင်း ၄၈,၀၀၀ တေးလ် ရောင်းချခဲ့သည်။
(၁ တေးလ် = ၁.၃၃၃၃၃ အောင်စ)
ထိုသို့ ရောင်းချပေးခဲ့သော်လည်း ရွှေဈေးနှုန်းကို ထိန်းပေးနိုင်ခြင်း မရှိခဲ့ပါ။
TPBank နှင့် Eximbank ကဲ့သို့သော ကူးသန်းရောင်းဝယ်ရေးဘဏ်များနှင့် SJC၊ Doji၊ Phu Nhuan နှင့် Bao Tin Minh Chau ကဲ့သို့သော ရွှေရောင်းဝယ်ရေး လုပ်ငန်းများ၏ ရွှေအရောင်းအဝယ် လုပ်ကိုင်မှုများကို ဗဟိုဘဏ်မှ စစ်ဆေးမည်ဟု ဗဟိုဘဏ်က ကြေညာခဲ့သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် မေလ ၁၅ ရက်နေ့အတွင်း ပြုလုပ်သော အရောင်းအဝယ်များကို စစ်ဆေးမည်။ လိုအပ်ပါက ၎င်းသတ်မှတ်ကာလကို ရက်များ တိုးချဲ့ပြီး စစ်ဆေးမည်။
Source vnexpress
#GoldIndustryGuide
SJC အမှတ်တံဆိပ် ရွှေချောင်းသည် ဗီယက်နမ်တွင် စံထားသည့် ရွှေချောင်းဖြစ်သည်။ Saigon Jewelry Company Limited SJC မှ ၉၉.၉၉% ရွှေအစစ်ပါသည့် ရွှေချောင်းဖြစ်သည်။ ထောင်မှန်စတုဂံပုံ ဖြစ်ပြီး နဂါးတကောင်ပုံ ပါသည်။ 99.99% ရွှေအစစ်ဖြစ်ကြောင်း ရည်ညွှန်းသည့် ၉ လေးလုံး 9999 ပါသည်။
Comments
Post a Comment