အိန္ဒိယဗဟိုဘဏ် ယူကေမှ ရွှေ ကီလို ၁ သိန်း ပြောင်းရွှေ့

 

အိန္ဒိယဗဟိုဘဏ် Reserve Bank of India (RBI) သည် ဗြိတိန်နိုင်ငံမှ ရွှေတန်ချိန် ၁၀၀ ခန့် (ကီလိုဂရမ် ၁ သိန်း) ခန့်ကို အိန္ဒိယနိုင်ငံရှိ ၎င်း၏ ရွှေတိုက်များသို့ ပြောင်းရွှေ့ခဲ့သည်ဟု Business Today က ဖော်ပြသည်။

အိန္ဒိယနိုင်ငံသည် ၁၉၉၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရွှေ လွှဲပြောင်းမှု အများအပြားကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။


RBI ၏ ရွှေများတွင် ထက်ဝက်ကျော်ကို Bank of England နှင့် Bank of International Settlements တို့ထံ သိမ်းဆည်းထားပေးရန် အပ်နှံထားပြီး သုံးပုံတပုံဝန်းကျင်ကို ပြည်တွင်းမှာ သိမ်းဆည်းထားသည်။


အဆိုပါအပြောင်းအရွှေ့သည် RBI မှ Bank of England သို့ ပေးနေရသည့် သိုလှောင်မှုကုန်ကျစရိတ်များကို သက်သာစေရန်အတွက်ဖြစ်မည်ဟု ယူဆရသည်။


ဗဟိုဘဏ်သည် ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့စာရင်းအရ နိုင်ငံခြားငွေ အရန်ရန်ပုံငွေ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရွှေ ၈၂၂ ဒသမ ၁၀ တန်ကို သိမ်းဆည်းထားသည်။


ကမ္ဘာ့ရွှေကောင်စီ၏ အစီရင်ခံစာအရ ဗဟိုဘဏ်များသည် တူးဖော်ရရှိသမျှရွှေအားလုံး၏ ၁၇% ခန့်ကို ပိုင်ဆိုင်ထားပြီး ၂၀၂၃ နှစ်ကုန်တွင် စုစုပေါင်း ၃၆,၆၉၉ မက်ထရစ်တန် ရှိသည်။

Source Business Today

#GoldIndustryGuide 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်