ဇင်ဘာဘွေ ကမ္ဘာ့နောက်ဆုံးပေါ်ငွေကြေးအသစ် ZiG စတင်သုံးစွဲ

 ဇင်ဘာဘွေနိုင်ငံတွင် ရွှေကျောထောက်နောက်ခံပြုပေးထားသည့် ကမ္ဘာ့နောက်ဆုံးပေါ်ငွေကြေးအသစ် ZiG ကို ၂၀၂၄ ဧပြီလ ၅ ရက်တွင် စတင်သုံးစွဲပါသည်။


ZiG သည် Zimbabwe Gold ကို ဆိုလိုပါသည်။


ဇင်ဘာဘွေရှိ ဘဏ်များတွင် ယခင်သုံးစွဲခဲ့သည့် နိုင်ငံသုံးငွေ ဇင်ဘာဘွေဒေါ်လာ ZW$ များကို ZiG ဖြင့် လဲလှယ်ပေးသည်။

ZW$ နှင့် ZiGတို့အကြား ငွေလဲနှုန်းကို ၂၀၂၄ ဧပြီလ ၅ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် ရွှေဈေးအရ ဗဟိုဘဏ်က ငွေလဲနှုန်း သတ်မှတ်ပေးထားသည်။


ဘဏ်လုပ်ငန်းကဏ္ဍရှိ ZW$ အပ်ငွေများ အားလုံး၊ ZW$ ချေးငွေများအားလုံး၊ ကြိုတင်ပေးငွေ၊ စရန်ငွေများ အားလုံး ZiG သို့ ပြောင်းလဲလိုက်သည်။

ဈေးရောင်းဈေးဝယ်၊ ကုန်ပစ္စည်းဈေးနှုန်း၊ ဝန်ဆောင်ခ အစရှိသည်တို့ အကုန်လုံးကိုလည်း ZiG ကို ပြောင်းလဲသုံးစွဲကြရသည်။


လက်ထဲ ရှိနေသော ZW$ ငွေစက္ကူများ၊ အကြွေများကို ZiG ဘဏ်ငွေစာရင်းတွင် ZiG သို့ ပြောင်းပေးပြီး ပေါင်းထည့်ပေးသည်။ ဘဏ်များထံ ၂၀၂၄ ဧပြီလ ၅ ရက်မှစ၍ ၂၁ ရက်အတွင်း ZW$ ငွေစက္ကူများ၊ အကြွေများ အပ်နှံရသည်။


ZiG ငွေစက္ကူများ၊ အကြွေများကို 1ZiG, 2ZiG, 5ZiG, 10ZiG, 20Zig, 50ZiG, 100ZiG နှင့် 200ZiG တို့ ထုတ်ဝေထားပြီး ဘဏ်များမှတဆင့် ဖြန့်ဝေသည်။


(၂)

ရွှေကျောထောက်နောက်ခံပြု ZiG ကို ပြောင်းလဲ သုံးစွဲခြင်းသည် ဇင်ဘာဘွေမှာ ဆယ်စုနှစ်များစွာ ငွေတန်ဖိုးကျဆင်းခြင်းနှင့် ငွေကြေးဖောင်းပွမှုကို လျှော့ချရန် ကြိုးပမ်းမှုတရပ် ဖြစ်ပါသည်။

ဇင်ဘာဘွေတွင် ငွေဖောင်းပွနှုန်း ၅၀၀% ကျော်သည်။ ပြီးခဲ့သည့် မတ်လတွင် ကုန်ဈေးနှုန်း ၅၅.၃% တက်ခဲ့ရာ ပြီးခဲ့သည့် ၇ လတာအတွင်း အမြင့်မားဆုံး စံချိန်သစ် တင်သည်။


ဇင်ဘာဘွေတွင် အမေရိကန်ဒေါ်လာကိုသာ အဓိကထား သုံးစွဲကြသည်။ ငွေပေးငွေယူများတွင် ၈၅% ကျော်သည် ကန်ဒေါ်လာ သုံးကြသည်။ သို့ဖြစ်ရာ ဗဟိုဘဏ်က လက်တွေ့ကျကျ ဆုံးဖြတ်ချက် ချပေးခဲ့ရာ၌ ZiG နှင့် နိုင်ငံခြားငွေများ ပေါင်းစပ်ထားသော ငွေကြေးစနစ် multi-currency system ကို ကျင့်သုံးသည်။ နိုင်ငံအတွင်း ZiG အပြင် နိုင်ငံခြားသုံးငွေများ သုံးစွဲပြီး ငွေပေးချေခြင်း၊ ငွေပေးငွေယူပြုခြင်းတို့ကိုလည်း တရားဝင် ခွင့်ပြုထားသည်။

Source finicial express

#ConstructionIndustryGuide 

Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး