ကုန်သွယ်မှု ငွေပေးငွေယူ ယွမ် လူကြိုက်နည်း

 တရုတ်အစိုးရက ပြည်ပကုန်သွယ်မှုများတွင် ယွမ် သုံးစွဲမှုကို မြှင့်တင်ပြီး ဒေါ်လာကို အစားထိုး နေရာဝင်ယူရန် ကြိုးပမ်းဆောင်ရွက်နေသော်လည်း တရုတ်နိုင်ငံ၏ ပဉ္စမအကြီးဆုံးဘဏ် Bank of Communications နှင့် Renmin University မှ International Monetary Institute တို့ ပူးတွဲထုတ်ပြန်သည့် ပထမသုံးလပတ်အတွက် Cross-Border Yuan Insight စစ်တမ်းအသစ်၏ တွေ့ရှိချက်များအရ “ကုန်သွယ်ဖက်များကြားတွင် ယွမ်ငွေကို သုံးစွဲရန် ဆန္ဒမရှိခြင်း” သည် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု ငွေပေးချေခြင်းများအတွက် အကြီးမားဆုံး အတားအဆီးအဖြစ် ရှိနေသေးသည်။


စစ်တမ်းတွင် ပါဝင်ဖြေဆိုသော လုပ်ငန်းများ၏ ၄၇.၇% ခန့်က ယွမ်ငွေကို အသုံးပြုရန် ကုန်သွယ်ဖက်များအကြား စိတ်ဝင်စားမှု နည်းပါးခြင်းသည် ယွမ် သုံးစွဲမှု တွင်ကျယ်လာစေရေးအတွက် အဓိက အဟန့်အတား ဖြစ်နေသည်ဟု ဖြေဆိုကြသည်။


ဖြေဆိုသူများအနက် သုံးပုံတစ်ပုံခန့်ကမူ အခက်အခဲအဆင့်သည် ယခင်နှစ်ကအတိုင်းပင်ဖြစ်ပြီး မပြောင်းလဲသေးကြောင်း ပြောဆိုကြပြီး ၁၁ ရာခိုင်နှုန်းခန့်က ပိုဆိုးလာသည်ဟု ယူဆကြသည်။


မတ်လတွင် ကုမ္ပဏီပေါင်း ၁၆၅၇ ခုကို စစ်တမ်းကောက်ယူခဲ့ရာ၌ အကြမ်းအားဖြင့် ၇၁% မှာ ပုဂ္ဂလိကလုပ်ငန်းများဖြစ်ပြီး ၁၃% မှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများဖြစ်ကြသည်။ ၁၅ % မှာ နိုင်ငံခြားမှ ရန်ပုံငွေဖြင့် လုပ်ကိုင်သည့် လုပ်ငန်းများဖြစ်သည်။


အမေရိကန် ဒေါ်လာသည် ကမ္ဘာ့ကုန်သွယ်မှုအပေါ် စိုးမိုးလွှမ်းခြုံထားနိုင်ခြင်းကြောင့် အမေရိကန်က နစ်နာအောင် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းနှင့် အခြားဘဏ္ဍာရေးစစ်ပွဲပုံစံများကို ဆင်နွှဲရာတွင် အတိုင်းအတာတစ်ခုအထိ အစွမ်းထက်နေစေသည်။

သို့ဖြစ်ရာ ယွမ်ကို ကမ္ဘာသုံးငွေကြေး ဖြစ်လာအောင် လုပ်ခြင်းဖြင့် ဒေါ်လာကို အံတုနိုင်မည့် ရည်မှန်းချက်သည် အလှမ်းဝေးနေကြောင်း စစ်တမ်းရလဒ်များက ဖော်ပြနေသည်။

Source cna

#BankingIndust

ryGuide 


Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ